backup og meta

Probiotics ရဲ့ အစာခြေစနစ်အတွက်ကောင်းကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Probiotics ရဲ့ အစာခြေစနစ်အတွက်ကောင်းကျိုးများ

    ခန္ဓါကိုယ်ကျန်းမာဖို့အတွက်ဆိုရင် အာဟာရြပည့်ဝမှုရှိဖို့လိုပါမယ်။ လိုအပ်တဲ့ အာဟာရတွေပြည့်ဝဖို့အတွက်အရေးအကြီးဆုံးက ခန္ဓါကိုယ်ရဲ့ အစာခြေစနစ်ကျန်းမာဖို့လိုပါမယ်။ အစာခြေစနစ်ကျန်းမာအောင် အစားအသောက်တွေကို ဂရုတစိုက်စားသုံးဖို့လိုအပ်ပါတယ်။

    Probiotics ဆိုတာ

    Probiotics ဆိုတာ သက်ရှိဘက်တီးရီးယားတစ်မျိုးပါ။ အဓိကကတော့အစာခြေစနစ်ကို ကျန်းမာအောင်လုပ်ဆောင်ပေးတာပါ။ လူတော်တော်များများက ဘက်တီးရီးယားဆိုရင်ရောဂြါဖစ်စေမယ်လို့ပဲ ယူဆထားကြတာပါ။ ဒါပေမယ့် သက်ရှိဘက်တီးရီးယားဖြစ်တဲ့Probiotics ကတော့ ခန္ဓါကိုယ်ကို ထိခိုက်စေတာမဟုတ်ဘဲ အစာခြေစနစ်ကို ကျန်းမာစေတာပါ။ လူ့ခန္ဓါကိုယ်ဟာ အကျိုးပြုတဲ့ ဘက်တီးရီးယားတွေရော ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေရောပြည့်နှက်နေတာပါ။Probiotics ကတော့ အကျိုးပြု ဘက်တီးရီးယားဖြစ်ပြီး အစာအိမ်အူလမ်းကြောင်းကို ကျန်းမာအောင် အထောက်အပံ့ပေးပါတယ်။

    Probiotics အမျိုးအစားတွေ

    Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။Probiotics အမျိုးအစားတွေက –

    Lactobacillus –ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို အစာကြေခဲတဲ့သူတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။

    Bifidobacterium – ဒီProbiotic အမျိုးအစားကိုတော့ နို့ထွက်ပစ္စည်းတွေမှာတွေ့ရတာများပါတယ်။irritable bowel syndrome (IBS) (နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု) လက္ခဏာတွေနဲ့ အခြားအစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

    Saccharomyces boulardii– ဒါကတော့probiotics ထဲမှာတွေ့ရတဲ့ တစေးတစ်မျိုးပါ။ ဝမ်းလျှောတာနဲ့ အခြားအစာခြေစနစ်ဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

    ဘယ်လိုအလုပ်လုပ်လဲ

    အစာအိမ်အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေက –

    • ဗီတာမင် B12၊butyrate နဲ့ ဗီတာမင် K2 တို့ကိုထုတ်လုပ်ပေးပါတယ်။
    • ခန္ဓါကိုယ်အတွက် အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးတယ်။
    • ခန္ဓါကိုယ်အတွက် အန္တရာယ်ြဖစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုတိုက်ဖျက်ဖို့ အင်ဇိုင်းတွေ ထုတ်ပေးတယ်။
    • ကိုယ်ခံအားစနစ် ကောင်းမွန်အောင်လှုံ့ဆော်အားဖြည့်ပေးတယ်။

    Probioticsတွေက အစာခြေစနစ်အတွက် ဘယ်လို အထောက်အကူပြုသလဲ

    Probiotics ရဲ့ အကြီးမားဆုံးသောခန္ဓါကိုယ်ကို အကျိုးပြုတဲ့နည်းလမ်းက အစာခြေစနစ်ကျန်းမာနေအောင် လုပ်ဆောင်ပေးတာပါ။Probioticsတွေက အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ကုသရာမှာ အထောက်အကူပြုပေးနိုင်သလိုရောဂါမဖြစ်အောင် ကာကွယ်ပေးတဲ့ တာဝန်ကိုလည်း ထမ်းဆောင်ပေးပါတယ်။

    အကျိုးပြုဘက်တီးရီးယားတွေပါဝင်တဲ့ အစားအသောက်တွေ စားသုံးတာနဲ့ Probioticsဖြည့်စွက်စာတွေ သုံးစွဲတာက ကုသရခက်တဲ့ အစာခြေလမ်းကြောင်းရောဂါတွေဖြစ်တဲ့ulcerative colitis( အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း) နဲ့Crohn’s disease(အစာအိမ်၊အူနံရံရောင်သောရောဂါ) အပါအဝင် အစာအိမ်အူလမ်းကြောင်းမှာဖြစ်တတ်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒါတင်မကပါဘူး။ Probioticsတွေက ဝမ်းပျက်ဝမ်းလျှောရောဂါတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် Probiotics က နာတာရှည်အူလမ်းကြောင်းဆိုင်ရာပြဿနာစု (IBS) လက္ခဏာတွေကြောင့်ဖြစ်တဲ့ နာကျင်မှု နဲ့ဝေဒနာခံစားရမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ Probioticsတွေက လူကြီးတွေကနေပြီး မွေးကင်းစ ကလေးငယ်တွေထိအောင် အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေကို လျော့ပါးသက်သာနိုင်တဲ့အစွမ်းသတ္တိတွေရှိကြပါတယ်။

    Probiotic ကြွယ်ဝတဲ့ အစားအစာများ

    ကင်မ်ချီ –ကင်မ်ချီက ကိုရီးယားအရံဟင်းတစ်မျိုးပါ။ ကင်မ်ချီကို ပန်းမုန်ညှင်း၊ ငရုတ်သီးမုန်လာဥဖြူမုန်လာဥနီကြက်သွန်ဖြူချင်းကြက်သွန်နီ၊ ပင်လယ်ဆား၊ ဆားမြိန်ရည်တို့နဲ့ရောစပ်လုပ်ထားတာပါ။ ကင်မ်ချီနပ်ဖို့ဆိုရင် ၃ ရက်ကနေ ၁၄ ရက်နေ့အထိအချဉ်တည်ထားရတာဖြစ်ပြီး ကင်မ်ချီက Probiotics ကြွယ်ဝတဲ့အစားအစာတစ်မျိုးပါ။

    ဒိန်ချဉ် – ဒိန်ချဉ်က Probiotics ရရှိစေတဲ့ အစားအသောက်တစ်ခုဆိုတာကိုတော်တော်များများကသိထားပြီးဖြစ်မှာပါ။ နွားနို့၊ဆိတ်နို့ နဲ့ သိုးနို့တွေကနေ လုပ်ဆောင်ထားတဲ့ ဒိန်ချဉ်နဲ့နို့ထွက်ပစ္စည်းတွေမှာ Probioticတွေကြွယ်ဝစွာပါဝင်ပါတယ်။

    မီဆို –မီဆိုက ဂျပန်လူမျိုးတွေရဲ့ ရိုးရာဆေးတစ်မျိုးပါ။ အစာခြေစနစ်ကျန်းမာစေဖို့အတွက် အကျိုးပြုဘက်တီးရီးယားတွေဖြစ်ပေါ်စေဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀လောက်ကတည်းက တရုတ်လူမျိုးတွေနဲ့ဂျပန်လူမျိုးတွေက မီဆိုကို စားသုံးခဲ့ကြတာပါ။ရေနွေးဆူဆူထဲမှာ မီဆိုအနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ထည့်ပြီး အခြားအသီးအရွက်တွေနဲ့ စားသုံးပေးမယ်ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ အကျိုးပြုဘက်တီးရီးယားတွေဖြစ်ပေါ်စေမှာ အသေအချာပါ။

    နို့ထွက်ပစ္စည်းတွေ – နွားနို့၊ ဆိတ်နို့၊ ဒိန်ခဲ၊ချိစ်တို့မှာလည်း Probiotics ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် အစာအိမ်အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေပေါက်ဖွားစေချင်တယ်ဆိုရင်တော့ နို့ထွက်ပစ္စည်းတွေကို စားသုံးပေးပါ။

    Probiotics ကို အစားအစာတွေကနေတဆင့် မဟုတ်ဘဲဖြည့်စွက်စာ ကနေရယူချင်တယ်ဆိုရင်တော့BioGaia Protectis ကိုစားသုံးပေးလို့ရပါတယ်။ ဆေးကဆေးပြားပုံစံဖြစ်ပြီး အလွယ်တကူ ဝါးစားလို့ရပါတယ်။Lactobacillus အမျိုးအစား Probiotics ကိုထည့်သွင်းလုပ်ဆောင်ထားတာဖြစ်တဲ့အတွက် အစာအိမ်အူလမ်းကြောင်းအတွင်းက အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို ထိန်းညှိပေးပြီး အစာအိမ်အူလမ်းကြောင်းဝေဒနာတွေကို ကင်းဝေးစေမှာပါ။ BioGaia ရဲ့ အဓိကအားသာချက်ကတော့ လူကြီးတွေကနေမွေးကင်းစ ကလေးငယ်တွေအထိသောက်သုံးလို့ရပြီး ကလေးတွေအတွက်ဆိုရင် အနံ့အရသာမရှိတဲ့ဆေးရည်အစက်ချပုံစံနဲ့ရရှိနိုင်တာကြောင့် နို့ဗူးထဲ၊ဖျော်ရည်ထဲ အလွယ်တကူထည့်တိုက်လို့ရတာပါပဲ။ ကလေးတွေအတွက်ကောင်းကျိုးတွေထဲမှာဖော်ပြထားတဲ့အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေအပြင် အဖြစ်များတဲ့လေနာဝေဒနာကိုလည်း အသိသာဆုံးသက်သာစေနိုင်စွမ်းရှိပါတယ်။

    How probiotics or live bacteria are good for your digestive system

    What Are Probiotics?

    Probiotics are live bacteria and yeasts that are good for your health, especially your digestive system. We usually think of these as germs that cause diseases. But your body is full of bacteria, both good and bad. Probiotics are often called “good” or “helpful” bacteria because they help keep your gut healthy.

    You can find probiotics in supplements and some foods, like yogurt. Doctors often suggest them to help with digestive problems.

    Types of Probiotics

    Many types of bacteria are classified as probiotics. They all have different benefits, but most come from two groups. Ask your doctor about which might best help you.

    Lactobacillus. This may be the most common probiotic. It’s the one you’ll find in yogurt and other fermented foods. Different strains can help with diarrhea and may help with people who can’t digest lactose, the sugar in milk.

    Bifidobacterium. You can also find it in some dairy products. It may help ease the symptoms of irritable bowel syndrome (IBS) and some other conditions.

    Saccharomyces boulardii is a yeast found in probiotics. It appears to help fight diarrhea and other digestive problems.

    How they do?

    Your good gut bacteria is also responsible for:

    • Producing vitamin B12, butyrate and vitamin K2
    • Crowding out bad microbes
    • Creating enzymes that destroy harmful bacteria
    • Stimulating secretion of IgA and regulatory T-cells, which support immune function

    Digestive Health

    The first major benefit of probiotics is as a promoter of good digestive health. “Probiotics are generally beneficial in treatment and prevention of gastrointestinal diseases.Eating foods rich in good bacteria and using probiotic supplements may help to provide protection from inflammatory bowel diseases, including ulcerative colitis and Crohn’s disease. The evidence is stronger, however, for an improvement in ulcerative colitis, while Crohn’s disease may not benefit as greatly.

    Certain types of probiotics from the Bifidobacterium and Lactobacillus strains have improved symptoms in people with mild ulcerative colitis. However, probiotics appear to have little effect on symptoms of Crohn’s disease .

    Nevertheless, probiotics may have benefits for other bowel disorders. Early research suggests they may help with symptoms of irritable bowel syndrome (IBS).

    Probiotic-Rich Foods

    Kimchi

    Kimchi is a cousin to sauerkraut and is the Korean take on cultured veggies.

    It’s created by mixing a main ingredient, such as Chinese cabbage, with a number of other foods and spices, like red pepper flakes, radishes, carrots, garlic, ginger, onion, sea salt and fish sauce. The mixture is then left aside to ferment for three to 14 days.

    Yogurt

    Possibly the most popular probiotic food is live cultured yogurt or greek yogurt made from the milk of cows, goats or sheep.

    Yogurt, in most cases, can rank at the top of probiotic foods if it comes from raw, grass-fed animals. The problem is there is a large variation on the quality of yogurts on the market today. When buying yogurt, look for three things: First, that it comes from goat’s, sheep milk or A2 cows milk, second, that it’s grass-fed and third, that it’s organic.

    Miso

    Miso is one of the mainstays of traditional Japanese medicine and is commonly used in macrobiotic cooking as a digestive regulator. Miso has been a staple in Chinese and Japanese diets dating back approximately 2,500 years.

    Today, most of the Japanese population begins the day with a warm bowl of miso soup, believed to stimulate the digestive system and energize the body. Made from fermented soybeans, rice or barley, adding a tablespoon of miso to some hot water makes an excellent, quick, probiotic-rich soup. The fermentation process can take anywhere from a few days to a couple of years to complete, and the end result is a red, white or dark brown paste with a buttery texture.

    Miso soup is famous throughout the world, and it’s very easy to prepare. Simply dissolve a tablespoonful of miso in a pot of water filled with seaweed and other ingredients of your choice.

    Raw Dairy

    Raw cow’s milk, goat’s milk, sheep’s milk and A2 aged cheeses are particularly high in probiotics. Just remember, all pasteurized dairy is devoid of healthy bacteria, so to get the probiotics, you’ll need to stick to only high-quality, raw dairy.

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement