ဒီပြဿနာတွေကင်းဝေးပြီးအောက်မှာပြောပြတဲ့အကျိုးကျေးဇူးလေးတွေရရှိချင်တယ်ဆိုရင်တော့ ကလေးကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) လေးတွေကျွေးပေးသင့်တယ်၊လို့ပြောပါရစေ။
ခန္ဓါကိုယ်အတွက်အရေးကြီးတဲ့ အာဟာရကိုထောက်ပံ့ပေးတဲ့အစားအသောက်တွေကို စားသုံးတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့အော်ဂဲနစ်စားစရာတွေကို စားသုံးပေးတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုအလေ့အထကိုပျိုးထောင်ပေးရာမှာအထောက်အကူဖြစ်စေမှာဖြစ်သလို ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။
နုနယ်လွန်းတဲ့ ခန္ဓါကိုယ်အတွက် အာဟာရပြည့်ဝပြီး ကျန်းမာစေဖို့ အထောက်အကူ ပြုပေးနိုင်မယ့် အစားအသောက် တစ်မျိုး ဖြစ်တာကြောင့် သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေက ကလေးတွေနဲ့ သင့်တော်တယ်လို့ပြောပါရစေ။ အာဟာရပိုပြည့်ဝမသွားစေပေမယ့်ဘေးကင်းတဲ့အစာအာဟာရကိုရမှာကတော့ အသေအချာပဲလေ။ ဒီတော့ ကိုယ့်ရဲ့ ရတနာ သားသားမီးမီးတို့ကို သဘာဝမြေသြဇာသုံးအစားအစာ (Organic Food) တွေကျွေးမလား၊ မကျွေးဘူးလား ဆိုတာကတော့ ကိုယ်တိုင်ဆုံးဖြတ်လိုက်ပေါ့နော် မေမေဖေဖေတို့ရေ……
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။