အင်္ဂလန်တွင်ရှိသော တက္ကသိုယ်တခုက အမျိုးသား ၈ ယောက်ကို အုပ်စု ၂စုခွဲပြီး ပထမအုပ်စုကို အကျိုးပြု ဘက်တီးရီးယားများပါသော အစာကို ကျွေးပြီး ဒုတိယအုပ်စုကို အကျိုးပြုကာဗွန်ဟိုက်ဒြိတ်များပါသော အစာကို ကျွေးပြီး စမ်းသပ်မှုပြုလုပ်ခဲ့ပြီး ထိုသူများ၏ ဝမ်းကိုယူကာ ဝမ်းထဲတွင် အကျိုးပြု ဘက်တီးရီးယားများပါဝင်မှုကို နေ့စဉ် စစ်ဆေးခဲ့သည်။ သုတေသနပြုစုချက်များအရ အကျိုးပြုဘက်တီးရီးယားများကို ကြီးထွားစေသော အကျိုးပြုကာဗွန်ဟိုက်ဒြိတ်စားသုံးသူများ၏ ဝမ်းထဲတွင် အကျိုးုပြုပိုးကောင်များကို အမြောက်အမြားတွေ့ရပြီး အကျိုးပြု ဘက်တီးရီးယားကို စားသုံးသူများတွင်မူ အကျိုးပြုပိုးကောင် အနည်းငယ်မျှသာတွေ့ရပြီး လုံးဝမတွေ့ရသည်များလည်းရှိပါသည်။
သို့သော် ဆရာဝန် အများစု၏သုံးသပ်ချက်အရ အဆိုပါ နှစ်မျိုးလုံးသည် အူလမ်းကြောင်းကျန်းမာရေးအတွက် အရေးပါသည်ဖြစ်ရာ နှစ်မျိုးလုံးကို မှီဝဲသင့်ကြောင်းဖော်ပြထားပါသည်။
အကျိုးပြု ကာဗွန်ဟိုက်ဒြိတ်များကို ဘယ်ကရသလဲ။
အကျိုးပြု ကာဗွန်ဟိုက်ဒြိတ်များ သည် အမျိုးအစားများစွာရှိပါသည်။ အဓိကအားဖြင့် အောက်ပါအမျိုးအစား၃ မျိုးကို အတွေ့များပါသည်။
- Inulin
- Fructooligosaccharides (Oligofructose or FOS)
- Galactooligosaccharides (Oligogalactos or GOS)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။