ကျွန်တော်တို့တွေ နေ့တိုင်းစားနေကြတဲ့ အစားအသောက်၊ အသီးအနှံတွေက ကျန်းမာရေးနဲ့ ဘယ်လို ပတ်သက်ဆက်နွယ်နေသလဲ ဆိုတာကို အချက်တိုတိုလေးတွေနဲ့ လေ့လာကြည့်ကြရအောင်။
၁။ မနက်ခင်းမှာ လန်းဆန်းနေဖို့ ကော်ဖီတစ်ခွက်ထက် ပန်းသီးတစ်လုံးကိုသာ စားလိုက်ပါ။
၂။ ပန်းဂေါ်ဖီစိမ်း – ပန်းဂေါ်ဖီစိမ်းမှာ လိမ္မော်သီးထက် ဗီတာမင် စီ နှစ်ဆပိုပြီး ပါဝင်သလို နို့ထက် ကယ်လ်ဆီယမ်ပမာဏ များများ ပိုပြီး ပါဝင်ပါတယ်။ ပြီးတော့ ဘရိုကိုလီမှာ ပါတဲ့ ကယ်လ်စီယမ်ကို ခန္ဓာကိုယ်က စုပ်ယူရ ပိုလွယ်ကူပါတယ်။
၃။ အစာအိမ် ပြဿနာ၊ ကြွက်သားနာကျင်တာတွေအတွက် ချင်း (ဂျင်း)ကို ဦးစားပေး ရွေးချယ်ပါ။ ချင်းက သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရောကို လျော့နည်းစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေလည်း နည်းပါးစေပါတယ်။
၄။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ သံပုရာရည်တွေ ဖျော်တဲ့အခါ သကြားထက် ပျားရည်ကို ပိုသုံးပါ။ တကယ်တော့ ပျားရည်ကို သကြားအစားထိုး အသုံးပြုလို့ ရပါတယ်။
၅။ ဗိုက်ဆာနေတဲ့အချိန်၊ ဘာမှမစားရသေးတဲ့ အချိန်တွေမှာ ငှက်ပျောသီးကို မစားပါနဲ့။ ငှက်ပျောသီးကို ပရိုတင်း နည်းနည်းနဲ့ ရောပြီး စားတာက ငှက်ပျောသီးထဲ ပါဝင်တဲ့ သကြားဓာတ်ကြောင့် ဖြစ်တဲ့ အင်ဆူလင်ပမာဏကို ပုံမှန်ပြန်ဖြစ်စေပါတယ်။
၆။ ဘရိုကိုလီမှာ ကင်ဆာ နဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဆယ်လီနီယမ် ဆိုတဲ့ သတ္တုဓာတ်တစ်မျိုး ပါဝင်ပါတယ်။
၇။ ဆလပ်ရွက်ဟာ အအေးမိဖျားနာခြင်း၊ စိတ်ကျဝေဒနာနဲ့ ကင်ဆာရောဂါတွေအတွက် တကယ်ကို အသုံးဝင်တဲ့ အရွက်ပါ။
၈။ ရွှေဖရုံသီးတွေဟာ ကယ်လ်လိုရီနည်းပြီး အမျှင်ဓာတ်နဲ့ ရေဓာတ် မြောက်များစွာ ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၉။ အသားအရေ ကျန်းမာစိုပြည်နေစေဖို့ ဘီတာကယ်ရိုတင်းကို မုန်လာဥနီနဲ့ အခြား အရောင်စုံ အသီးအရွက်တွေကတဆင့် ရနိုင်ပါတယ်။
၁၀။ အိပ်မပျော်ရင် ကြက်ဥ၊ ဒိန်ချဉ်၊ အစေ့အဆံတွေကို စားပါ။ သူတို့မှာ ဗီတာမင် B4 ပါတာကြောင့် စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
ရေးသားသူ – Wathun Myet Chal
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။