အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမယ့် အစားအသောက်တွေ

လူတစ်ယောက်ကျန်းမာဖို့အတွက် ကိုယ်ခံအားစနစ်ကတော်တော်လေးအရေးပါပါတယ်။ ကိုယ်ခံအားစနစ်ကောင်းဖို့ဆိုတာက အနေအထိုင် အစားအသောက်ပုံစံကို ဆင်ဆင်ခြင်ခြင်နေထိုင်ပေးပြီးမွေးမြူလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့ ကိုယ်ခံအားကောင်းစေဖို့အတွက် ဘာတွေစားသောက်ရမလဲဆိုတာကိုပြောပြပေးပါရစေ။ ကဲ .... ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမယ့် အစားအသောက်တွေ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမယ့် အစားအသောက်တွေ ကိုယ်ခံအားကောင်းဖို့ ဘာတွေစားမလဲ။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမယ့် အစားအသောက်တွေ က ဘာတွေလဲဆိုတော့ (၁) ဗီတာမင် C ပါတဲ့ အသီးတွေ အချဉ်အရသာရှိတဲ့ သံပုရာသီး၊ လိမ္မော်သီး၊ရှောက်ချိုသီးလိုမျိုး အသီးတွေက ဗီတာမင် C ကြွယ်ဝစွာပါဝင်ကြပါတယ်။ ဗီတာမင် C ကခန္ဓာကိုယ်ရဲ့သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုကို တိုးတက်စေသလို ကူးစက်ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့အတွက် ဗီတာမင် C ပါဝင်တဲ့ အသီးအနှံတွေစားပေးပါ။ (၂) ချင်း ချင်းကလည်း ဗီတာမင် C လိုမျိုး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသံဝင်တာတွေ သက်သာစေဖို့ ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ

အသံဝင်တာတွေ သက်သာစေဖို့ ဘာတွေစားပြီး ဘာတွေရှောင်ရမလဲ အသံကုန်အောင် အာခေါင်ခြစ်အော်ခြင်း၊ အပူ အအေးမမျှတခြင်းနဲ့ အအေးမိတာတွေကြောင့် အသံဝင်တာတွေ ဖြစ်နိုင်ပါတယ်။ အသံဝင်မယ်ဆိုရင် စကားသေချာ မပြောနိုင်ဘဲ စိတ်ညစ်ရမှာပါ။ ဒီလိုမျိုး စိတ်ညစ်ရတာတွေ မဖြစ်စေဖို့အတွက် အသံဝင်တဲ့အခါ စားရမယ့် အစားအစာနဲ့ ရှောင်ရမယ့် အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။ စားသုံးရမယ့် အစားအစာများ အသံဝင်နေပြီဆိုရင်တော့ ပြန်လည်ကောင်းလာဖို့အတွက် ရေဓာတ်များများ လိုအပ်ပါတယ်။ တစ်နေ့ကို ရေဖန်ခွက်နဲ့ ရှစ်ခွက်လောက် သောက်နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်များတဲ့ အသီးတွေ၊ အရွက်တွေလည်း စားပေးဖို့ လိုပါတယ်နော်။ ခရမ်းချဉ်သီး၊ သခွားသီးတွေ အပြင် ပန်းသီး၊ စပျစ်သီးတွေကလည်း ရေဓာတ်ပါတာမို့ အသံဝင်တာကို သက်သာစေပါတယ်။ ဗီတာမင် အေ ကြွယ်ဝတဲ့ အစားအစာတွေ စားမယ်ဆိုရင်လည်း အသံဝင်တာ သက်သာနိုင်ပါတယ်။ ဗီတာမင် အေ ဟာ တစ်ရှူးတွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ် (၂၆) မျိုး

ဗီတာမင်နဲ့သက်စောင့်ဓါတ်များ ဆိုတာ ကြော်ငြာတွေမှာဖြစ်ဖြစ်၊ ကျန်းမာရေးပညာပေးတွေမှာဖြစ်ဖြစ်၊ ဆရာဝန်တွေဆီကဖြစ်ဖြစ် ကြားဖူးနေကျစကားလုံးတွေပါ။ ဒါပေမယ့် ပြောကောင်းအောင် သုံးတဲ့အပိုစကားတော့မဟုတ်ပါဘူး။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တွေဖြစ်လို့ ဗီတာမင် သို့မဟုတ် သတ္တုဓါတ်တစ်မျိုးမျိုး ချို့တဲ့တာနဲ့ ကျန်းမာရေးမှာပြဿနာရှိလာနိုင်ပါတယ်။ခန္ဓါကိုယ်မှာက အရေပြား၊ ကြွက်သား၊ တစ်ရှူး၊ ဆဲလ် စတဲ့ အစိတ်အပိုင်းတွေအားလုံးပြောင်းလဲမှု၊ အသစ်ဖြစ်ပေါ်မှုတွေရှိနေပါတယ်။ မှန်ကန်တဲ့သွေးလည်ပတ်မှုနဲ့ လုပ်ဆောင်ချက်တွေနဲ့မှ ခန္ဓါကိုယ်ရဲ့ဖွံ့ဖြိုးမှုနဲ့ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်မှာပါ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေက အရိုးအဆစ်တွေကြံ့ခိုင်စေဖို့၊ အနာတွေကျက်စေဖို့၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ထောက်ကူပေးသလို အစာကနေ ခွန်အားဖြစ်အောင်ပြောင်းလဲပေး၊ ဆဲလ်တွေထိခိုက်ပျက်စီးမှုကိုပြန်လည်ပြုပြင်ပေးတာတွေအထိ အကျိုးပြုနေတာဖြစ်ပါတယ်။ဗီတာမင်နဲ့သတ္တုဓါတ်များစွာရှိတဲ့အထဲကမှ ခန္ဓါကိုယ်အတွက် အရေးပါဆုံး ၂၆ မျိုးက ဘာတွေဖြစ်မလဲ၊ သူတို့တစ်ခုချင်းစီရဲ့ ဝိသေသတွေ၊ အကျိုးပြုပုံတွေကဘာတွေဖြစ်မလဲဆိုတာ ဆက်ပြီးဖတ်ကြည့်လိုက်ပါ။Vitamin A -ဗီတာမင် A က အမြင်အာရုံနဲ့ ကိုယ်ခံအားစနစ်ရဲ့ပုံမှန်လုပ်ဆောင်ချက်ကိုကောင်းမွန်စေဖို့ အကျိုးပြုပါတယ်။Vitamin B1 (Thiamine) -ဗီတာမင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိုင်ယာတီကာ အကြောနာ ကြောင့် ဖြစ်သော နာကျင်မှုကို သက်သာဖို့ ဘာတွေစားသင့်သလဲ

စိုင်ယာတီကာ အကြောနာ(Sciatica) ဆိုသည်မှာ စိုင်ယာတစ် အာရုံကြောတွင် ကို ဖိမိခြင်း (သို့) ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ (၎င်းကို အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်း ဟု လည်း ခေါ်ကြသည်)။ သင်သည် စိုင်ယာတစ်အာရုံကြောတစ်လျှောက် နာကျင်ခြင်း နှင့် အခြား ခံစားချက်များကို ခံစားရမည်။ ဥပမာ။ ။ ခြေထောက်နာကျင်ခြင်း၊ ထုံကျဉ်ခြင်း နှင့် အားနည်းခြင်း။ နာကျင်မှုသည် ညဖက် (သို့) အထိုင်၊ အထ၊ ရယ်မောခြင်း နှင့် ချောင်းဆိုးခြင်းတို့တွင် ပိုဆိုးသည်။ ရောဂါဖြစ်စေသော အကြောင်းရင်းကို ဖော်ထုတ်ကုသရမည့်အပြင် ကျန်းမာသောအစားအသောက်များစားခြင်းသည်လည်း စိုင်ယာတီကာ အကြောနာ ကြောင့် ဖြစ်သည့် နာကျင်မှုကို သက်သာစေသည်။ အစားအသောက် အစွမ်းထက်သော အစားအသောက်များတွင် မဂ္ဂနီဆီယမ် ကြွယ်ဝသော အစားအသောက်များ ပါဝင်သည်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိုင်ယာတီကာ အကြောနာ အတွက် မသင့်တော်သော အစားအသောက်များ

စိုင်ယာတီကာ အကြောနာ(Sciatica) ဆိုသည်မှာ ရောဂါအမည်တစ်ခု မဟုတ်ပါ။ ရောဂါအခြေအနေတစ်ခု၏ ရောဂါလက္ခဏာသာဖြစ်ပါသည်။ (၎င်းကို အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်းဟု လည်း ခေါ်ဝေါ်ကြသည်။) အချို့အခြေအနေများတွင် ပြင်းထန်သော ရောဂါတစ်စုံတစ်ခု ဥပမာ။ ကင်ဆာကျိတ်သည် စိုင်ယာတီကာ အကြောနာ ၊ အကြောညပ်ဖြစ်ရခြင်း၏ အကြောင်းရင်းဖြစ်နိုင်သည်။ ရောဂါအတွက် ကုသမှုနည်းလမ်းများ ရှာဖွေခြင်း အပြင် ကျန်းမာသော အစားအသောက်သည်လည်း စိုင်ယာတီကာ အကြောနာခြင်းကြောင့် ဖြစ်သော နာကျင်မှုကို သက်သာစေရန် ကူညီပေးပါသည်။ စိုင်ယာတီကာ အကြောနာ၊ အကြောညပ်ခြင်းကို ဆိုးရွားစေသည့် အစားအစာများကို အောက်တွင် ဖော်ပြထားပါသည်။ ထပ်တိုးသကြားများ သကြား ထပ်ထည့်ခြင်းသည် အချိုအရသာ နှင့် ကယ်လိုရီဓါတ် တိုးမြှင့်ပေးပါသည်။ သို့သော် အာဟာရ များစွာ မဖြစ်သည့်အပြင် သွေးတွင်းသကြားဓါတ်အပေါ် သက်ရောက်မှု များသည်။ သကြားဓါတ်များသော အစားအသောက်များသည် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မအီမသာဖြစ်ခြင်းကို သက်သာစေမည့် အစားအသောက်များ

သင်သည် မအီမသာခံစားနေရပါလျှင် အရင်ဦးဆုံး သင်စားသောက်ခဲ့သော အစားအသောက်များကြောင့်ဖြစ်သည်ဟု စဉ်းစားမိပါလိမ့်မည်။ သို့သော် သင့်ကျန်းမာရေးအတွက် အာဟာရဓါတ်လုံလောက်စွာ စားသုံးရန်လိုအပ်ပါသည်။ အချို့သော အစားအစာများသည် မအီမသာဖြစ်စေသော်လည်း အချို့သောအစားအစာများစားခြင်းဖြင့်လည်း ထိုမအီမသာဖြစ်မှုများကို ပျောက်ကင်းစေပါသည်။ ပန်းသီး ပန်းသီးသည် မအီမသာဖြစ်ခြင်းကို သက်သာစေသော်လည်း ပမာဏများစွာ တပြိုင်နက်စားလိုက်လျှင် သင့်ကိုပိုနေရဆိုးစေပါသည်။ တနေ့ပတ်လုံး ပန်းသီး၊ အသီးအရွက် စသည့် အမျှင်ဓါတ်များသော အစားအစာများကို ဖြေးဖြေးစားပေးပါ။ သင်သည် မာသော အစာများကို အစာခြေနိုင်စွမ်းမရှိပါက ပန်းသီးအနှစ်၊ ပန်းသီးဖျော်ရည်တို့သောက်နိုင်ပါသည်။ ဌက်ပျောသီး သင်သည် မအီမသာဖြစ်ပြီး ရေဓါတ်ခမ်းခြောက်မှုဖြစ်ပါက သို့မဟုတ် အန်ပါက အချို့သော အသီးများကသင့်အတွက် သက်သာစေပါလိမ့်မည်။ ဌက်ပျောသီးသည် အန်ပြီး ဝမ်းလျှောပြီးတွင် ခန္ဓါကိုယ်မှ ဆုံးရှုံးသွားသော ပိုတက်ဆီယံဓါတ်ကို ပြန်ဖြည့်ပေးနိုင်သည်။ သင် ဝေဒနာသက်သာလာပြီး အစာပြန်စားနိုင်စအချိန်တွင် ဆရာဝန်က ဌက်ပျောသီးကဲ့သို့သော အစာပျော့မျိုးကို စကျွေးပါလိမ့်မည်။ ဘီစကစ်မုန့် ပေါင်မုန့်၊ ပေါင်မုန့်ကြွပ်နှင့် ပေါင်မုန့်ကင်တို့ကဲ့သို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစာစားချင်စိတ်ကို ဖြစ်ပေါ်စေမယ့် နည်းလမ်း ၁၀ ချက်

သင်ဟာ သင့်အစားအစာတွေကို ကုန်အောင်စားဖို့ အခက်အခဲ ဖြစ်နေပါသလား ? သင် အစာ စားချင်စိတ်ပျောက်နေပြီး အစာ စားချင်စိတ် မြင့်အောင် ဘယ်လို လုပ်ရမလဲ မသိဘဲဖြစ်နေလား ? ဒါကို မကုသဘဲ ထားတဲ့အခါ ကြာလာရင် သင်ဟာ အာဟာရ ချို့တဲ့လာပြီး အလွယ်တကူ မောပန်းတာတွေ ဖြစ်လာပါလိမ့်မယ်။ အခုပြောပြမယ့် အချက် ၁၀ ချက်က သင့် အစာ စားချင်စိတ်ကို မြှင့်တင်ဖို့ ကူညီပါလိမ့်မယ်။ ဂျင်းကနေ ထုတ်လုပ်တဲ့ ဆေးဝါးတွေကို သုံးကြည့်ပါ။ ဂျင်းက အစာချေစနစ်ကို ကောင်းမွန်စေပြီး သူ့မှာ volatile oil ဆိုတဲ့ အရေးပါတဲ့ အဆီတစ်မျိုး ပါဝင်ပါတယ်။ နောက်တစ်ခုက ဂျင်းက သင့်ကို လေလည်စေပါတယ်။ ဂျင်းတွေဟာ အစားအစာတွေကို အရသာ တိုးအောင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဖရက်တို့ သကြားဆိုတာ ဘာလဲ

Fructooligosaccharide ဆိုသည်မှာ ဖရက်တို့ သကြားမော်လီကျူး အတိုလေးများ စုပေါင်းထားသော ကာဗိုဟိုက်ဒြိတ်အမျိုးအစား ဖြစ်ပါသည်။ oligo ဆိုသည်မှာ အနည်းငယ်ဟု အဓိပ္ပာယ်ရပြီး saccharide ဆိုသည်မှာ သကြားဟု အဓိပ္ပာယ်ရပါသည်။ Fructooligosaccharide ကို တခါတရံတွင် oligofructose ဟုခေါ်ပါသည်။ ဖရက်တို့ သကြားဓါတ်ကို ဘယ်ကရသလဲ။ ဖရက်တို့ သကြားဓါတ်သည် သဘာ၀ အစားအစာများဖြစ်သော ဌက်ပျောသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ချီကိုရီပင်၊ ဂေါ်ဖီထုပ်၊ ယာကွန်ပင်၊ ဘာလီနှင့် ဂျုံပင် တို့မှ ရရှိပါသည်။ ဂေါ်ဖီထုပ် အနွယ်ဝင်ဖြစ်သော ယာကွန်ပင်တွင် ဖရက်တို့ သကြားဓါတ်အများအပြား ပါဝင်ပါသည်။ သို့သော် အစာအိမ် အကျိုးပြု အစားအစာများ၊ သကြားတုများတွင် ပါဝင်သော ဖရက်တို့ သကြားဓါတ်များမှာ မူ လူတို့ပြုလုပ်ထားသော သဘာဝမဟုတ်သော ဖရက်တို့ သကြားဓါတ်များ ဖြစ်ပါသည်။ အချို့သော ဖရက်တို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား

အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား ......  သင့်ကလေးဟာ တဖြည်းဖြည်း ကြီးထွားလာတာနဲ့အတူ အာဟာရဓါတ်လည်း လိုလာပါတယ်။ ဒါကြောင့် အစားအသောက်ကို မှန်ကန်စွာ ရွေးချယ်ခြင်းဟာ သင့်ကလေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးလှပါတယ်။ အစားအစာတွေ အများအပြားထဲမှာမှ မိမိကျန်းမာရေးနဲ့ ကိုက်ညီမယ့်အစာတွေကို ရွေးချယ်စားသုံးဖို့အတါက် သင့်ကလေးကို ပညာပေးဖို့ရာ ဘယ်တော့မှ နောက်မကျပါဘူး။ အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား အစားအသောက်များ အမျိုးအစားခွဲခြင်း အလုပ်ဖြစ်သလား ဆိုတော့ ပရိသတ်ကြီးရော ဘယ်လို ထင်သလဲ! ပရမ်းပတာစားခြင်းရဲ့ ဆိုးကျိုးများ အစားကို ပရမ်းပတာစားတဲ့ ကလေးများဟာ ခံတွင်းပျက်ခြင်း၊ အစားကို အလွန်အမင်းစားပြီး ကြောက်ရွံ့အားငယ်တတ်တဲ့ စိတ်အခြေအနေ၊ ကျောင်းနဲ့ အိမ်မှာပါ ဖိအားဝင်ခြင်း စတဲ့အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီအခြေအနေတွေကနေ ကြွက်သားများ ဆုတ်ယုတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးပြသနာ စတာတွေ ဖြစ်လာတတ်ပါတယ်။ သင့်ကလေးကို ကျန်းမာရေးကောင်းပြီး မိမိကိုယ်ကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ချွေးထွက်ခြင်းတွေလျှော့ကျစေဖို့ စားရမယ့်အစားအစာများ

ချွေးထွက်ခြင်းတွေ လျှော့ကျစေဖို့ စားရမယ့် အစားအစာများ ချွေးနံ့ကို ဘယ်သူမှ မကြိုက်နှစ်သက်ကြပါဘူး။ တခြားလူတွေ ကိုယ့်ချွေးနံ့ကို ရရင် အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေတာက ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျစေပါတယ်။ ချွေးထွက်တာက ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာက ကောင်းတာတွေ ရှိသလို ချွေးနံ့တွေကြောင့် စိတ်ညစ်ရတာလည်း ရှိမှာပါ။ ချိုင်းချွေးနံ့ပျောက်ဆေးတွေနဲ့ ရေမွှေးတွေ ဘယ်လောက်ပဲ သုံးသုံး ချွေးနံ့ရနေသေးတယ်ဆိုရင်တော့ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှု ပုံစံကို ပြန်လည်စစ်ဖို့ လိုပါတယ်။ နေထိုင်မှု ပုံစံထဲမှာ တစ်နေ့တာ စားသောက်တဲ့ အစားအစာ၊ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အလွန်အမင်း ချွေးထွက်တာတွေနဲ့ ချွေးထွက်တဲ့အခါ အနံ့ဆိုး ဖြစ်ခြင်းတွေကို လျှော့ကျစေဖို့ အစားအစာ အချို့ကို ပြောပြချင်ပါတယ်။   ချိစ်နဲ့ နို့ထွက်ပစ္စည်း ကယ်လ်စီယမ်ဓါတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓါကိုယ်ရဲ့ အပူချိန်ကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း