အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေခဲမုန့်ကအဆီဓါတ်များခြင်းကိုဖြစ်စေသလား

ရေခဲမုန့်ဆိုတာက လူတော်တော်များများ ကြိုက်ကြတဲ့ အစား အသောက်တစ်ခုဖြစ်ပါတယ်။ အရသာအရမ်းကောင်းတယ် ဆိုပေမယ့်လည်း ရေခဲမုန့်ထဲမှာ ပြည့်ဝပျော်ဝင်နေသောအ ဆီများနှင့် သကြားဓါတ်များ မြင့်မားစွာပါဝင်တာကြောင့် ၎င်း တို့ကနေမှ မကောင်းတဲ့အဆီဓါတ်အဖြစ်ပြောင်းသွားနိုင်ပါ တယ်။ ဒါ့အပြင် ရေခဲမုန့်က ဝိတ်တက်ခြင်းနဲ့ အဆီဓါတ်မြင့် မားခြင်းတို့ကို ပိုဖြစ်စေပါတယ်။   အစားအသောက်ပုံစံနှင့်နှလုံးကျန်းမာရေး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့စားသောက်မှုပုံစံမှာ ပြည့်ဝပျော်ဝင်သောအဆီနှင့် အခြားအဆီဓါတ်နှင့် သကြား အနည်းငယ်တော့ ပါဝင်သင့်ပါတယ်။ အမေရိကန်နှလုံးကျန်း မာရေးအဖွဲ့အစည်းအရကတော့လူတွေတစ်နေ့ကို ပြည့်ဝပျော်ဝင်သောအဆီကို ၁၆ဂရမ်လောက်ထိသာ ကန့် သတ်ပြီး စားသုံးသင့်တယ်လို့ဆိုထားပါတယ်။ မကောင်းတဲ့ အဆီဓါတ်ဖြစ်တဲ့ trans fat ကိုတော့ သကြားဓါတ်အပါအဝင် ၂ဂရမ်လောက်သာစားသင့်ပါတယ်။ ၎င်းက တစ်နေ့ကယ်လိုရီအဝင်ပမာဏနဲ့ ၅-၁၀ရာခိုင်နှုန်း လောက်ဖြစ်ပါတယ်။   အဆီဓါတ်ပမာဏကိုလည်း အမြဲမပြတ်ဂရုစိုက်နေပြီး ရေခဲ မုန့် စားခြင်းကိုလည်း ဘယ်လိုလုပ်နိုင်မလဲ။ ချောကလက်ရေခဲမုန့်တစ်ခွက်မှာ ၁၅ဂရမ်ရှိတဲ့ ပြည့်ဝပျော် ဝင်တဲ့အဆီဓါတ်ပါဝင်တာကြောင့်သင့်ရဲ့ တစ်နေ့တာ စားသင့်တဲ့ အဆီဓါတ်တွေအပြည့်ပါသွားပါပြီ။ ဆိုလိုတာက တော့ သင့်က ချောကလက်ရေခဲမုန့်တစ်ခွက်စားလိုက်ပါက တစ်ခြားပြည့်ဝပျော်ဝင်တဲ့အဆီတွေပါတဲ့ အသားများ၊ချိစ်များ နွားနို့နဲ့ တစ်ခြား တိရစ္ဆာကရတဲ့ အစားအသောက်တွေအ ကုန်လုံးကို ရှောင်ရပါတော့မယ်။ တစ်ခြားအစားအသောက် တွေဖြစ်တဲ့ အပင်ကရတဲ့ အစားအသောက်များ၊အသီးများ၊ အရွက်များ၊ပဲများ၊အစေ့အစံများစားပေးရပါတော့မယ်။ သို့သော်လည်း အပင်တွေထဲမှာတောင်မှ ပြည့်ဝပျော်ဝင်တဲ့ အဆီဓါတ်များတဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အဆစ်များတောင့်တင်းခြင်းကို သက်သာစေမည့် အစားအသောက်များ

အဆစ်များ တောင့်တင်းခြင်းဖြစ်ပါက သင့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာများကို နှောက်ယှက်ပါတယ်။ အဝတ်အစားဝတ်ခြင်း၊ ကွန်ပြူတာ စာရိုက်ခြင်း၊ စာရေးရန် ဘောပင်ကိုင်ခြင်း စသည်တို့ ခက်ခဲလာပါတယ်။ အားကစားလုပ်ခြင်း နှင့် ဆေးသောက်ဆေးလိမ်းခြင်းများ မှအပ အစားအသောက်များကလည်း ကူညီပေးနိုင်ပါတယ်။ အိုးလစ် အဆီ အိုးလစ် အဆီ သည် အဆစ်များ ရောင်ရမ်း တောင့်တင်းခြင်း ကို သက်သာစေပါတယ်။ အိုးလစ် အဆီ တွင် ပါဝင်သော oleocanthal ဓါတ်သည် စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများ ကဲ့သို့ လုပ်ဆောင်ပေးပါတယ်။ extra virgin အိုးလစ် အဆီ သည် refined light အိုးလစ် အဆီ ထက်ပိုကောင်းပါတယ်။ အဆစ်များရောင်ခြင်းက နှလုံးကို ထိခိုက်စေပါတယ်။ ထို့ကြောင့် ကျန်းမာရေးနဲ့ ညီသော အဆီများ က […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တင်ပါးအကြောနာခြင်းကို သက်သာစေမည့် အစားအသောက်များ

လူတိုင်းလိုလို တင်ပါးအကြောနာခြင်းကို ဘဝမှာ ကြုံတွေ့ဖူးပါလိမ့်မယ်။ တင်ပါးအကြောနာခြင်းရဲ့ လက္ခဏာတွေကတော့ ခါးနာခြင်း၊ ခြေထောက်နာခြင်း၊ ထုံခြင်း၊ ကျင်ခြင်း၊ အားနည်းခြင်း၊ လမ်းလျှောက်ခက်ခြင်း စသည်တို့ ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားသော ဆေးများအပြင် အိမ်တွင် ရှိသော နည်းလမ်းများ သုံး၍ လက္ခဏာများ သက်သာအောင် လုပ်နိုင်ပါတယ်။ သည်ဆောင်းပါးမှာ သင့်တော်သော အစားအစာများ နဲ့ ဗီတာမင်အုပ်စုများကို ဖေါ်ပြသွားပါမယ်။ ဗီတာမင် ဘီစစ် ဗီတာမင် ဘီစစ် ခေါ် pyridoxine တွင် တင်ပါးအကြောနာခြင်း၊ ထုံကျင်ခြင်း၊ လက္ခဏာများကို သက်သာစေပြီး သွေးနီဥထုတ်ပေးခြင်း၊ အသားဓါတ်ထုတ်ပေးခြင်း၊ အာရုံကြောများကို ထောက်ပံ့သော ဒိုပါမင်း နှင့် စီယိုတိုနင် တို့ကို ထုတ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပါတယ်။ ထို့ပြင် ခန္ဓါကိုယ် တစ်ခုလုံးရှိ အာရုံကြောများ ရောဂါဖြစ်နိုင်ချေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဗီတာမင်စီက အရေပြားကို ဘာလို့ ဝင်းပစေတာလဲ

ဗီတာမင်စီသည် သင့်ကျန်းမာရေးသာမက သင့်အရေပြားအတွက်အဓိကလိုအပ်သောအာဟာရတစ်ခုဖြစ်သည်။ ဗီတာမင်စီ ထုတ်ကုန်မျိုးစုံရှိလာပြီး သင်အရေပြားကာကွယ်ရန် ပြန်လည်နုပျိုရန် နှင့်အရေးကြီးဆုံး အရေပြားကိုဖြူလာစေနိုင်သည်။ ဒါက တကယ်ပဲလား။ ဗီတာမင်စီက ဘယ်လိုအရေပြားကိုတောက်ပစေသလဲ။ ဗီတာမင်စီဆိုတာဘာလဲ? ပထမဆုံးအရာက ဗီတာမင်စီဆိုတာဘာလဲသိရန်လိုအပ်သည်။ ဗီတာမင်စီကိုအက်ကိုးဗစ်အက်စစ်ဟုလည်းခေါ်ပြီး ရေတွင်ပျော်ဝင်နိုင်သောဗီတာမင်တစ်မျိုးဖြစ်သည်။ အရိုး အရွတ် ကြွက်သား နှင့်သွေးကြောများတွင်လိုအပ်သော ကောလန်းဂျင်းကိုဖြစ်ပေါ်စေသည်။ ထိုပြင် ဗီတာမင်စီသည် ဓါတ်တိုးပစ္စည်းဆန့်ကျင်နိုင်သောအရာအဖြစ်လဲသတ်မှတ်နိုင်သည်။ သင့်အရေပြားကိုဖျက်ဆီးသော အသက်ကြီးလာစေသော ရေဒီကယ်အလွတ်များကိုဓါတ်ပြယ်စေသည်။ လူတို့သည် ဗီတာမင်စီကိုကိုယ့်ဟာကို မတည်ဆောက်နိုင်ပါ ထို့ကြောင့်အစားအသောက်မှ အကူအညီယူရသည်။ ဗီတာမင်စီကို အသီးအရွတ်များစားခြင်း အဓိကအားဖြင့် စစ်တရက်အသီးများ ဥပမာ သံပရာသီးလိမ္မော်သီးများမှရသည်။ အချို့ကိစ္စများတွင် သင့်ခန္ဓါကိုယ်မှလိုအပ်ချက်ကို ဆေးခဲ သို့မဟုတ် အရည်ဖြည့်စွက်ချက်များမှရသည်။   ဗီတာမင်စီက အရေပြားကိုဘယ်လိုပိုတောက်ပစေသလဲ။ သင့်အရေပြားအရောင်ကို မယ်လနင်ဟုခေါ်သောဆိုးဆေး -မယ်လနိုစိုက်များဖြင့်လုပ်ထားသော- အရေပြားအတွင်းတွင်ရှိသော အရာများဖြင့်လုပ်ထားသည်။ မယ်လနိုစိုက်သည် အမိုင်နိုအက်စ် တိုင်ရိုစင်းကို အင်ဇိုင်းတိုင်ရိုစိုင်းနေ့ သုံး၍ မယ်လနင်သို့ပြောင်းစေသည်။ သင့်အရေပြားမှမယ်လနင်များများထွက်လေလေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဂလူတာသိုင်းအုန်းအကြောင်း တစေ့တစောင်း

ဂလူတာသိုင်းအုန်းသည် အရေပြားပေါ်နှင့် ကျန်းမာရေးအတွက် ကောင်းကျိုးများကြောင့်ပို၍ပို၍လူသိများလာသည်။ ဓါတုဓါတ်တိုးဆန့်ကျင်သောအရာများ၏ခေါင်ချုပ်ဖြစ်ပြီး အရေပြားဖြူလိုပါက အရေးပါဆုံးအရာလည်းဖြစ်သည်။ သို့သော် ဂလူတာသိုင်းအုန်းအကြောင်းသီးသန့်တော့မဟုတ်ပါ။ ဂလူတာသိုင်းအုန်းဆိုတာဘာလဲ။ ဂလူတာသိုင်အုန်းသည် ခန္ဓါကိုယ်မှထုတ်သောအလွန်စိတ်ဝင်စားစရာကောင်းပြိး အလွန်သေးငယ်သောမောလီကျူးဖြစ်သည်။ တကယ်တော့ ဂလူတာသိုင်းအုန်းကို ခန္ဓါကိုယ်ရှိဆဲလ်တိုင်းတွင်တွေ့နိုင်သည်။ အရေးပါဆုံးသော ဓါတုဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ခြင်းမှာ ဆဲလ်အတွင်းတိုင်းတွင်ရနိုင်သောကြောင်ဖြစ်သည်။ အရေပြားကိုဂရုစိုက်ရာတွင် ဗီတာမင်စီနှင့် ဗီတာမင်အီးကိုသင့်စိတ်တွင်အရင်ရောက်နိုင်သည်။ သို့သော်ဂလူတာသိုင်အုန်းသည် ဓါတုဓါတ်တိုးဆန့်ကျင်ပစ္စည်းသည်မိခင်ကြီးဖြစ်သည်။ ဗီတာမင်စီနှင့် အီးသည် ဆဲလ်အတွင်းဖြစ်ပြီး ပျက်စီးခြင်းကိုဖြစ်စေတတ်သော ရေဒီကယ်အလွတ်ကိုဓါတ်ပြယ်စေခြင်းကြောင့်ကျန်းမာရေးကိုကောင်းစေသည်။ ဂလူတာသိုင်အုန်းက ဆဲလ်ထဲတွင်ရှိပြီး ရေဒီကယ်များကို ဓါတ်ပြယ်စေသည့်အပြင် ခုခံအားစနစ်ဆဲလ်တွင်နေပြီး ရောဂါများကိုတိုက်ထုတ်ပေးသည်။ ဂလူတာသိုင်အုန်းကိုအစားအစာကနေဘယ်လိုရမလဲ။ အစားအစာစားခြင်းဖြင့်အလွယ်တကူရနိုင်သည်။ ဂလူတာသိုင်အုန်းရနိုင်သောအစာများစွာရှိသည်။ ထောပတ်သီး ကြက်သွန်နီ ကြက်သွန်ဖြူ နနွင်းသစ်ကြံပိုးခေါက် နှင့် အရွတ်တော်တော်များများ ဥပမာပန်းမုန်လာမျိုး ဂေါ်ဖီ ဟင်းနုနွယ် အသားစသည်တို့မှရနိုင်သည်။ ပုံမှန်အားဖြင့်သင်နေ့တိုင်းစားနေသောအစာမှတစ်ဆင့် ဂလူတာသိုင်အုန်းကိုရသည်။ သင်အစာတွင် လတ်ဆတ်သောအသီးအရွတ် အသားများဖြင့်စားခြင်းမှ သင့်ခန္ဓါကိုယ်မှလိုအပ်သောဂလူတာသိုင်အုန်းကိုရစေသည်။ ဂလူတာသိုင်အုန်းကိုရောဂါကာကွယ်ရန်စသုံးသည်။ ဂလူတာသိုင်အုန်းကို အရေပြားဖြူရန်ဂရုစိုက်ရန်အကောင်းဆုံးပါဝင်ပစ္စည်းအဖြစ်လူသိများသော်လည်း အရင်က ဂျပန်ဆရာဝန်များက အသဲအင်ဇိုင်းများ ထိန်းရန် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အသားအရေစိုပြည်လှပအောင် ဘာတွေစားရမလဲ

အလှကုန်ပစ္စည်းများ သုံးစွဲတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များ စားပေးခြင်းဟာ အသားအရေကို စိုပြည်လှပစေပါတယ်။ အောက်ဖော်ပါ အစားအစာများကို လေ့လာကြည့်ပါ။ ပရိုတိန်းနှင့် အဆီဓါတ် အသားအရေ စိုပြည်လှပစေဖို့ ပရိုတိန်းနဲ့ အဆီဓါတ်ကို လိုအပ်ပါတယ်။ ငါး၊ ဥများ၊ ကြက်သား၊ အမဲသား စတာတွေစားသုံးရင် ပရိုတိန်းဓါတ်များစွာ ရရှိစေပါတယ်။ ဒါ့အပြင် အသားအရေစိုပြည်ဖို့ အဆီဓါတ်ကိုလည်း လိုအပ်ပါသေးတယ်။ ဆယ်လ်မွန်ငါး၊ တူနာငါး စတာတွေအပြင် ပဲပိစပ်၊ သစ်ကြားသီးစေ့၊ မက်မွန်စေ့ စတာတွေမှာ အဆီဓါတ် ပါဝင်ပါတယ်။ ငါးများဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများအတွက် ရင်းမြစ်ကောင်းဖြစ်ရုံသာမက အရည်အသွေးမြင့် ပရိုတိန်းတွေလည်း ပါဝင်ပါတယ်။ အဲဒီပရိုတိန်းတွေဟာ ဆဲလ်တွေကို ပြုပြင်နိုင်ပြီး ဆဲလ်အကာမြှေးတွေကို ထိန်းသိမ်းပေးတဲ့ မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ် (EFA) တွေကို ထုတ်လုပ်ပေးပါတယ်။ EFA များဟာ ရေဓါတ်ကို ထိန်းသိမ်းထားနိုင်တာမို့ သူတို့တောင့်တင်းလေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင်္ကြန်တွင်း ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်မယ်

သင်္ကြန်ရောက်ဖို့ တစ်ရက်လောက်ပဲလိုတော့တယ်နော်။ သင်္ကြန်အတွက် အစီအစဉ်တွေတောင်ဆွဲပြီးလောက်ရောပေါ့။ လည်မယ့်သူဆိုရင်လည်း ဘယ်လိုလည်မယ်၊ မဏ္ဍပ်ထိုင်မယ်ဆိုရင်လည်း ဘယ်မှာထိုင်မယ်ပေါ့။ ဒီဆွဲထားတဲ့အစီအစဉ်ထဲမှာ ဘယ်လို စားသောက်မလဲဆိုတာရောပါရဲ့လား။ သင်္ကြန်လည်တဲ့အခါပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အစားအသောက်နဲ့ အခြားသောသတိထားရမယ့်အချက်တွေကတော်တော်လေးများပါတယ်။ သင်္ကြန်မှာ မသန့်ရှင်းတဲ့အရာတွေ၊ ခန္ဓါကိုယ်အတွက် ထိခိုက်စေမယ့် အရာတွေနဲ့ ကျန်းမာရေးနဲ့မသင့်တော်တဲ့အရာတွေကို စားမိနိုင်ခြေသောက်မိနိုင်ခြေတော်တော်လေးများပါတယ်။ ယင်နားစာ၊ ဝမ်းနူးစားတွေ နဲ့ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ အယ်လ်ကိုဟောပါဝင်နေတဲ့သောက်စရာတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးတွေရှိနိုင်ပါတယ်။ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေရှောင်ပါ သင်္ကြန်မှာ အစားအစာတွေက အပြင်စာတွေစားမိဖို့ပိုများပါတယ်။ ဒါတွေတင်ပဲလားဆိုတာမဟုတ်ပါဘူး။မြန်မာလူမျိုးတွေရဲ့ ရိုးရာအတိုင်း နှစ်သစ်ကူးပွဲတော်ချိန်ခါမှာ စတုဒီသာတွေကျွေးမွေးတာကို စားဖြစ်နိုင်ပါတယ်။ သင်္ကြန်တွင်းအစားအသောက်တိုင်းကဘေးမကင်းဘူးလို့တော့မဆိုလိုပါဘူး။ ဒါပေမယ့်တော်တော်များများကတော့ သန့်ရှင်းမှုအားနည်းနိုင်ပါတယ်။ သြက်န်မဏ္ဍပ်ထိုင်တဲ့သူတွေအနေနဲ့ကလည်း မဏ္ဍပ်ကကျွေးတာနဲ့ အနီးအပါးမှာ အလွယ်တကူဝယ်လို့ရတာကို စားမိတာမျိုးဖြစ်နိုင်ပါတယ်။လျှောက်လည်မယ့် သူတွေကျပြန်တော့လည်း သွားရင်းလာရင်းတွေ့တဲ့နေရာမှာ အဆင်သင့်သလို ဝယ်စားလိုက်တာမျိုးရှိနိုင်ပါတယ်။ တတ်နိုင်ရင်ပြင်ပအစားအသောက်တွေက အနံ့တစ်ခုခုရှိနေလား ဒါမှမဟုတ်ပုံမှန် မဟုတ်တဲ့ အရသာတစ်မျိုးမျိုးရှိနေလားဆိုတာကိုသေချာဆန်းစစ်ကြည့်ပါ။ အနံ့အရသာပုံမှန်မဟုတ်တာမျိုးဖြစ်နေရင် မစားဖို့အကြံပြုပါရစေ။ မသန့်ရှင်းတဲ့အစားအသောက်တွေကြောင့် ဝမ်းလျှောတာ၊ ဖျားနာတာ၊အော့အန်တာ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခေါင်းကိုက်ခြင်းကို သက်သာစေမယ့် အစားအစာများ

ခေါင်းကိုက်တဲ့ ဝေဒနာဟာ အတော်လေးကို ခံစားရခက်ပါတယ်။ ဘယ်အရာကိုမှ အာရုံစိုက်လို့ မရဘဲ ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာနဲ့ လူမှုရေးကိစ္စတွေကိုပါ လစ်ဟင်းစေပါတယ်။ ခေါင်းကိုက်တာ အချိန်ကြာလာရင် စိတ်ဖိစီးမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်တာ သက်သာဖို့အတွက် ဆေးတွေ မသောက်ချင်ဘူးဆိုရင်တော့ အရင်ဆုံး အစားအစာတွေ စားပြီး သက်သာအောင် လုပ်ကြည့်လို့ ရပါတယ်။ ဟင်းနုနွယ်ရွက် သွေးဖိအား ကျခြင်းကြောင့် ခေါင်းကိုက်တာတွေ သက်သာစေဖို့အတွက်ဆိုရင်တော့ ဟင်းနုနွယ်ရွက်က အကောင်းဆုံး အစားအစာ တစ်မျိုးပါပဲ။ ဟင်းနုနွယ်ရွက်ကို ကြော်စားခြင်း၊ စွပ်ပြုတ်နဲ့ အသုပ်သုပ်တာတွေ လုပ်စားလို့ ရပါတယ်။ ကော်ဖီ ကော်ဖီအများကြီး သောက်တာက ရေဓါတ်ခမ်းခြောက်ခြင်းကို ဖြစ်စေပြီး ခေါင်းကိုက်စေတယ်ဆိုပေမယ့် ကော်ဖီတစ်ခွက်လောက် သောက်တာကတော့ ခေါင်းကိုက်နေချိန်မှာ သွေးဖိအား ကျဆင်းခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သွေးဖိအားကျဆင်းလို့ ခေါင်းကိုက်တာဆိုရင် ကော်ဖီတခွက်လောက်တော့ သောက်နိုင်ပါတယ်။ ဆန်လုံးညို ဆန်လုံးညိုမှာ ကာဗိုလ်ဟိုက်ဒရိတ်နဲ့ မဂ္ဂနီစီယမ်တွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး

ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး ကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ အဆီလွတ် ဒါမှမဟုတ် ဂလူတမ်လွတ်အစားအစာဆိုရုံနဲ့ ကယ်လိုရီတွေနည်းတယ်လို့ မဆိုလိုပါဘူး။ ပြုပြင်စီရင်ထားတဲ့အစားအစာ၊ အားလူးကြော်နဲ့ ချိုချဉ်တွေက ကျန်းမာရေးနဲ့မညီကြောင်း လူအများစုသိပြီးသားပါ။ အာလူးကြော်နဲ့ရေခဲမုန့်တွေအစား ခွံမာသီးနဲ့သစ်သီးခြောက်စားတာက ကျန်းမာရေးနဲ့ပိုညီပါတယ်။ တစ်ချို့ကတော့ အရွက်သုပ်စားတာတို့ ဂလူတမ်လွတ်အာလူးကြော်အတွက် ပိုက်ဆံပိုပေးတာတို့ လုပ်ကြသေးတယ်။ ဒါတွေကို ကယ်လိုရီနည်းပြီး စိတ်သန့်သန့်စားရတယ်လို့ အထင်ရှိကြတယ်။ စကားပုံအတိုင်းပဲ စာအုပ်အဖုံးပဲကြည့်ပြီး မဆုံးဖြတ်လိုက်နဲ့ဦး။ ဒါကြောင့် ပိုမိုကျန်းမာအောင်ရွေးချယ်ချင်တယ်ဆိုရင်တော့ စူပါမားကတ်က ဆိုထားတဲ့အညွှန်းကြည့်ပြီး မဆုံးဖြတ်ပါနဲ့။ ဒီမှာ ကယ်လိုရီမြင့်နေမယ်လို့ ထင်မထားတဲ့ အစာ ၈ မျိုးကို ပြောပြပါမယ်။ ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး ကျန်းမာရေးညီအစားအစာဆိုသော်လည်း ကယ်လိုရီမြင့်နေသည့်အစာ (၈) မျိုး ကတော့ Smoothies ကျန်းမာမှုကိုစွဲလမ်းသူတွေက bubble tea တွေအစား health shake တို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နွေရာသီမှာ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒါတွေစားပါ

ရာသီဥတုတွေဟာ ကိုယ့်ရဲ့ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ နွေရာသီမှာ ပူလွန်းတာကြောင့် သွေးဖိအားမြင့်တက်ပြီး ဦးနှောက်သွေးကြော ထိခိုက်ခြင်း၊ သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ မိတ်ပေါက်ခြင်း၊ အသားအရေနီရဲခြင်း၊ အပူနာတွေ ထွက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။ အစားအစာမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ နွေရာသီအပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ နွေရာသီမှာ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒါတွေစားပါ သခွားသီး သခွားသီးမှာ ရေဓာတ်များများ ပါဝင်တာကို ခံစားမိမှာပါ။ သခွားသီးစားလိုက်ရင် ရေများများထွက်လာတာကို သတိထားမိမှာပါ။ ပူပြင်းလွန်းတဲ့နွေရာသီမှာ ရေဓာတ်များများ လိုအပ်တာကြောင့် အရည်ရွှမ်းလွန်းတဲ့ သခွားသီး စားပေးပါ။ သခွားသီးမှာ pectin လိုမျိုး အမျှင်ဓာတ်တွေ ပါဝင်ပြီး ကိုလက်စထရောကို လျှော့ကျတာမို့ နှလုံးကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။ ဖရဲသီး ဖရဲသီးကတော့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း