backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသက် ၃၀ ကျော်ရင် ဒါတွေမစားနဲ့တော့နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသက် ၃၀ ကျော်ရင် ဒါတွေမစားနဲ့တော့နော်

အသက်အရွယ်ကြီးရင့်လာလေ ဇရာကြောင့် ခန္ဓါကိုယ်မှာ ချို့ယွင်းပျက်စီးတာတွေက များလာလေလေပါ။ ဒါကြောင့် ဂရုစိုက်နိုင်မှာတော်ကာကျမယ့်အချိန်ဖြစ်လာတာပါ။ အသက် ၃၀ကျော်လာတဲ့အခါ အသားအရေက စလို့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေတိုင်း အားလုံးနီးပါးကိုသေချာထိန်းသိမ်းဖို့လိုလာမှာပါ။ တကယ်လို့များသေချာဂရုမစိုက်မိဘူးဆိုရင် အရွယ်မတိုင်ခင်အိုမင်းမှုက မဖိတ်ခေါ်ဘဲ သင့်ဆီကိုပျော်ပျော်ကြီးရောက်လာနိုင်ပါတယ်။ ဒီတော့ ဇရာကြောင့်ဖြစ်တဲ့ အိုမင်းမှုကို အချိန်မတိုင်ခင်ရောက်မလာစေဖို့ ဒါလေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။

အသက် ၃၀ကျော်ရင် ဒါတွေမစားနဲ့တော့နော်လေဒီ

အသက် ၃၀ကျော်လာပြီဆိုရင် နုပျိုမှုတွေက အလိုလိုပျောက်ကွယ်သွားတော့မှာပါ။ ဒါကြောင့် အချိန်မတိုင်ခင်အိုမင်းမှုကနေ ကာကွယ်တဲ့အနေနဲ့ ဒီအစားအစာတွေကို မစားဖို့လေဒီလေးတို့ကို သတိပေးပါရစေနာ်။

အချိုပါတဲ့ ဒိန်ချဉ်

ဒိန်ချဉ်က ကျန်းမာရေးအတွက် သင့်တော်တယ်ဆိုပေမယ့် အသက် ၃၀ကျော်လာပြီဖြစ်တ့လေဒီလေးအတွက်တော့ အချိုကဲနေတဲ့ ဒိန်ချဉ်တွေက အရေးအကြောင်းတွေဖြစ်စေဖို့ အားဖြည့်ပေးနိုင်တာကြောင့်ဖြစ်နိုင်ရင် မစားကြဖို့ သတိပေးချင်ပါတယ်။ အချိုကဲလေလေ အသားအရေတင်းရင်းမှုကို ထိခိုက်စေလေလေပါ။ ဒါကြောင့် အချိုပါတဲ့ ဒိန်ချဉ်၊ရေခဲမုန့်တို့ကို မစားပါနဲ့။

ဆီသွတ်ဗူးတွေ

၂၀၁၃ ခုနှစ်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရ ဆီသွတ်ဗူးတွေကို စားသုံးတာကသွေးပေါင်ချိန်ကို တိုးစေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းမှုကိုဖြစ်စေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။နောက်တစ်ချက်က ဆီသွတ်ဗူးတွေက BPA ပါဝင်နေတာကြောင့်လေဒီလေးတွေကို အဝလွန်စေတာမျိုးလည်းဖြစ်စေနိုင်သလို ကင်ဆြာဖစ်စေနိုင်တာမျိုးလည်းရှိနေပါတယ်။

ကင်ထားတဲ့အသားတွေ

ဒီအစားအစာတွေကလည်းလေဒီလေးတို့ကို ထိခိုက်စေနိုင်တ့ အစားအစာတွေထဲကတစ်ခုပါ။ မီးပြင်းပြင်းလေးနဲ့ ကင်ထားတဲ့ အသားကင်တွေက စားကောင်းတာမှန်ပေမယ့် အသက် ၃၀ကျော်သွားတဲ့လေဒီလေးတို့ရဲ့ ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တယ်ဆိုတာက အမှန်ပါ။ ဒါကြောင့်လေဒီလေးတို့အနေနဲ့ အသားကင်ကိုရှောင်သင့်ပါတယ်။

အချိုရည်တွေ

လဒီလေးတွေနဲ့ မသင့်တော်တဲ့အရာတွေထဲမှာ အချိုရည်တွေလည်းပါတယ်နော်။နေ့ခင်းနေ့လယ် ပင်ပန်းနေလို့ဆိုပြီး အချိုရည်သောက်မိတာက အမောပြေစေနိုင်တယ်ဆိုပေမယ့် အသားအရေနဲ့ ခန္ဓါကိုယ်အပေါ်မှာတော့ ထိခိုက်မှုကြီးနိုင်တယ်နော်လေဒီ။ အကြောင်းကတော့ အချိုရည်တွေမှာ သကြားပါဝင်မှုများနေတာကြောင့်ပါ။

ပေါင်မုန့်အဖြူ

မနက်စာကို အများကြီးစားမိရင် အဝလွန်မှာစိုးလို့ဆိုပြီးပေါင်မုန့်တစ်ချပ်လောက်နဲ့ကော်ဖီ သောက်မယ်ဆိုတဲ့ စိတ်ကူးကို အသက် ၃၀ကျော်နေပြီဆိုရင် မတွေးပါနဲ့တော့။ အကြောင်းက အသက် ၃၀ပြည့်ပြီးပြီဖြစ်တဲ့လေဒီလေးတို့အတွက်ပေါင်မုန့်အဖြူက အိုမင်းရင့်ရောင်မှုဖြစ်စေနိုင်လို့ပါ။သွေးတွင်းသကြားဓါတ်ကို တိုးစေနိုင်လို့ ဆီးချိုလည်းဖြစ်စေနိုင်ပါသေးတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement