အသားအရေအမျိုးအစားအလိုက်အောက်ခံမိတ်ကပ်ရွေးကြမယ်
ခြောက်သွေ့တဲ့အသားအရေ
အသားအရေခြောက်သွေ့သူတွေအနေနဲ့ကတော့ရေဓါတ်ဖြည့်ပေးတဲ့ အောက်ခံမိတ်ကပ်အရည်ကိုအသုံးပြုပေးလို့ရပါတယ်။ အသားအရေကို အစိုဓါတ်ထိန်းပေးပြီး ပုံမှန်လိမ်းနေကျအောက်ခံမိတ်ကပ်တွေထက်ပြေပြစ်လှပစေပါတယ်။
အဆီပြန်တဲ့ အသားအရေ
အဆီမပါဝင်တဲ့အောက်ခံမိတ်ကပ်အရည် (သို့မဟုတ်)Stick Type တို့ကိုရွေးချယ်အသုံးပြုပေးလို့ရပါတယ်။အဆီပါဝင်မှုမရှိတဲ့အောက်ခံမိတ်ကပ်အရည်ကိုပေါင်ဒါနဲ့တွဲဖက်အသုံးပြုတဲ့အခါ အဆီတွေကိုစုပ်ယူနိုင်အောင် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။salicylic acid နဲ့ benzoyl peroxide တို့ပါဝင်တဲ့အောက်ခံမိတ်ကပ်အသုံးပြုပေးတာကလည်း အဆီမပြန်အောင်အထောက်အကူရရှိပါလိမ့်မယ်။
ပေါင်းစပ်အသားအရေ
ပေါင်းစပ်အသားအရေပိုင်ရှင်တွေက အသားအရေခြောက်သွေ့တာမျိုးမရှိသလို အဆီပြန်တာကိုလည်း မခံစားရ ပါဘူး။အောက်ခံမိတ်ကပ်အရည်ရော၊ပေါင်ဒါကိုပါအသုံးပြုပေးလို့ရပါတယ်။ မျက်နှာရဲ့ T-Zone မှာပေါင်ဒါမှုန့်ကို အသုံးပြုမယ်ဆိုရင် မျက်နှာပေါ်က အဆီတွေကို စုပ်ယူပေးနိုင်မှာ ဖြစ်ပါတယ်။အောက်ခံမိတ်ကပ် အရည်ကိုတော့ မျက်နှာပြင်အနှံ့မှာ အသုံးပြုပေးလို့ရပါတယ်။
အောက်ခံမိတ်ကပ်ကို မှန်ကန်စွာရွေးချယ်မယ်
အောက်ခံမိတ်ကပ်ကို stick type၊ liquid type၊ cream type ဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။
အရည် နဲ့ ခရင်မ်ပုံစံအောက်ခံမိတ်ကပ်တွေ -အောက်ခံမိတ်ကပ်အရည်တော်တော်များများကအသားအရေ အမျိုးအစား တော်တော်များများနဲ့ သင့်တော်ပြီး သုံးရလွယ်ကူပါတယ်။ အောက်ခံမိတ်ကပ် အရည်ကို မိတ်ကပ်လူးတဲ့ ဘရက်ရှ် (သို့မဟုတ်)ရေမြှုပ်နဲ့လူးပေးတာက အကောင်းဆုံးပါ။
Stick Typeအောက်ခံမိတ်ကပ် –stick typeအောက်ခံမိတ်ကပ်တွေတွေက ပိုပျစ်ပြီးအောက်ခံမိတ်ကပ် အရည်တွေထက် မျက်နှာပေါ်က အနာအဆာတွေကို ပိုမိုဖုံးအုပ်ပေးနိုင်ပါတယ်။ ရေမြှုပ် ခပ်ထူထူလေး အသုံးပြုပြီး သိပ်သိပ်လူးပေးတာက အဆင်ပြေပါလိမ့်မယ်။
အသားအရေနဲ့လိုက်ဖက်မယ့် အောက်ခံမိတ်ကပ်ရွေးချယ်ရတာကလည်းတော်တော်လေးကို ခက်ခဲပါတယ်။ အသားအရေအမျိုးအစားနဲ့ ကိုယ့်ရဲ့ skintone ကို မသိတာကြောင့် တစ်ခါတလေမှာ အောက်ခံမိတ်ကပ်ရွေးချယ်တဲ့အခါ တော်တော်လေးခက်ခဲပါတယ်။ နောက်ဆုံး အောက်ခံမိတ်ကပ် နှစ်မျိုးလောက်ကိုရောစပ်အသုံးပြုလိုက်မှ အဆင်ပြေ သွားတာမျိုးတွေတောင်ရှိတတ်ပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးတွေဆိုရင် ဒေသအလိုက် အသားအရေ အရောင် ကွဲပြားတာမျိုးရှိသလို အသားအရေအမျိုးအစားကလည်းတော်တော်လေးကွာခြားကြပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။