backup og meta

မိုးနံ့သင်းသင်းလေး ကပေးတဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးနံ့သင်းသင်းလေး ကပေးတဲ့ ကျန်းမာရေး

    လူ တော်တော်များများက မိုးစက် မိုးပေါက်လေးတွေ ကျနေတဲ့ အသံကို သဘောကျ ကြပါတယ်။ အကြောင်းကတော့ မိုးရာသီရဲ့ သံစဉ်လေးတွေက စိတ်ကို လန်းဆန်း စေလို့ပါ။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ မိုးရာသီမှာ ခပ်သင်းသင်းလေး လွင့်ပျံနေတတ်တဲ့ မိုးနံ့သင်းသင်းလေး ကလည်း ကျန်းမာရေးကို အထောက်အကူ ပြုပေးပါသေးတယ်။

    မိုးနံ့သင်းသင်းလေး နဲ့ မိုးစက်မိုးပေါက်လေးတွေက ဦးနှောက်ရဲ့  ခံစားမှုအပိုင်းကိုရော မှတ်ဉာဏ် ထိန်းသိမ်းမှု အပိုင်းကိုပါ ကောင်းကျိုးတွေ ပေးပါတယ်။

    မိုးရွာချလိုက်တဲ့အခါ ထွက်လာတဲ့ မိုးနံ့သင်းသင်းလေးနဲ့ မိုးရေစက်လေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုလဲဆိုတာကို လေ့လာထားတဲ့ တွေ့ရှိချက်လေးတွေ အကြောင်း ပြောပြပေး သွားပါမယ်။

    မိုးနံ့သင်းသင်းလေး ကပေးတဲ့ ကျန်းမာရေး

    ရွာချလိုက်တဲ့ မိုးစက် မိုးပေါက်လေးတွေ နဲ့ မိုးနံ့သင်းသင်းလေး တွေက

    ရှူသွင်းလိုက်တဲ့ လေတွေကို သန့်စင်စေတယ်

    လေထုတွေက ခြောက်သွေ့တဲ့ ရာသီကာလ မှာဆိုရင် ဖုန်မှုန့်တွေ၊ မီးခိုးငွေ့တွေကြောင့် ညစ်ညမ်း နေနိုင်ပါတယ်။ မိုးရာသီ မှာတော့ ဒီလို မဟုတ်ဘဲ ပတ်ဝန်းကျင်က အေးမြ နေသလို လေထု ကလည်း လတ်ဆတ်လို့ နေပါတယ်။

    စိတ်ဖိစီးမှုကို ပြေလျော့စေတယ်

    မိုးရာသီရဲ့ ရနံ့လေးက စိတ်ဖိစီးမှုတွေကို ပြေလျော့ စေနိုင်ပါတယ်။ စိတ်ခံစားမှု ကောင်းစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။

    ပိုမို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်စေတယ်

    မိုးစက် မိုးပေါက်လေးတွေ နဲ့ မိုးနံ့ သင်းသင်းလေးက ဆင်ခြင် တွေးတောနိုင်စွမ်း နဲ့ နားလည်နိုင်စွမ်းကို တိုးတက်စေပြီး ပြဿနာတွေကို ကောင်းကောင်း ဖြေရှင်းနိုင်စေသလို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်စေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။

    အသားအရေကို ကျန်းမာစေတယ်

    မိုးကာလမှာ လေထုက လတ်ဆတ်သလို အစိုဓာတ် ပါဝင်မှုကလည်း များပါတယ်။ ဒီလို အစိုဓာတ် ပါဝင်နေမှုကပဲ အသားအရေကို အစိုဓာတ် ထိန်းပေးပြီး ခြောက်သွေ့မှု ကင်းစေလို့ အရေပြား ကျန်းမာစေမှာပါ။

    လေထုထဲမှာ ပါတဲ့ အရေပြားကို ထိခိုက် စေနိုင်တဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံး ဖယ်ရှား ပေးနိုင်ပါတယ်။

    စိတ်ခံစားမှု ကောင်းစေတယ်

    မိုးရာသီရဲ့ အေးမြမှု နဲ့ မိုးနံ့ သင်းသင်းလေးက စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။ ပြဿနာ ဖြေရှင်းနိုင်စွမ်းကို ကောင်းစေသလို စိတ်ကို ကြည်လင် စေနိုင်ပါတယ်။

    ကယ်လ်လိုရီ လောင်ကျွမ်းစေနိုင်တယ်

    ပူပြင်းတဲ့ ကာလတွေမှာ လေ့ကျင့်ခန်း မလုပ်ဖြစ်၊ ဟိုနား ဒီနား သွားတဲ့အခါ လမ်းမလျှောက် ဖြစ်ပေမယ့် မိုးကာလမှာ ရာသီဥတုက အေးတာကြောင့် လေ့ကျင့်ခန်း ပိုလုပ် ဖြစ်နိုင်သလို အေးအေးလူလူနဲ့ လမ်းလျှောက် ဖြစ်တာ​ကြောင့် ကယ်လ်လိုရီ ပိုမို လောင်ကျွမ်း စေနိုင်ပါတယ်။

    ကဲ..မိုးရာသီက စိုစိုစွတ်စွတ် ဖြစ်တယ်ဆိုပြီး စိတ်ညစ်မနေပါနဲ့။ အခုလို အကျိုးကျေးဇူးလေးတွေ ပေးတယ် ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement