brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ။ ။

နှလုံးဆိုတာ လူ့ကိုယ်ခန္ဓါ တစ်ခုအတွက် တစ်ကယ်ကို အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူနဲ့ ပက်သက်ဆက်နွယ်ပြီး ဖြစ်တဲ့ ရောဂါ တွေကလည်း အများကြီးပါ။ ကြားဖူးပြီးသားဖြစ်တဲ့သူတွေလည်း ရှိကြသလို နှလုံးရောဂါဘယ်နှစ်မျိုးရှိလဲ ။ ဘာတွေလဲဆိုတာ မသိကြသေးတဲ့သူတွေ ရှိကြမယ်လို့လည်းထင်ပါတယ်။ ဒါဆို သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ။ ။

သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ။  ။

ခန္ဓါ ဗေဒအရ နှလုံးတစ်ခုကို

  • နှလုံးကြွက်သား (cardiac muscle)
  • အဆို့ရှင်၊( valves)
  • သွေးပြန်ခန်း ( atrium) နှစ်ခု
  • သွေလွှတ်ခန်း (ventricles) နှစ်ခု
  • သွေးခန်းတွေ ကို ခြားထားတဲ့ အလယ်က ကြွက်သား
  • နှလုံး အပြင်ဘက်ကို ဖုံးထားပေးတဲ့ အလွှာပါး ( pericardium)
  • နှလုံးသွေးကြော၊ ( veins နဲ့ artries) တို့ အပြင် အခြား သွေးကြောတွေ အများကြီးနဲ့ ဖွဲ့စည်းထားတာပါ။ ဒီတော့ အဲဒီ နေရာတွေမှာဖြစ်တဲ့ ပြဿနာတိုင်းဟာ နှလုံးရောဂါဖြစ်စေတဲ့ အရာတွေပါပဲ ။ ။

သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ။ ။

သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ။ ။ ဆိုတော့

Congenital heart disease ( မွေးရာပါ နှလုံးရောဂါ ) ။ ။

အမေ့ဗိုက်ထဲမှာနေတဲ့ အချိန်တည်းက ဖွံဖြိုးမှု အပိုင်းမှာ တစ်စုံတစ်ရာချို့ယွင်းခဲ့လို့ မွေးရာပါ နှလုံးရောဂါ ဖြစ်ရတာပါ။

  • နှလုံးသွေးခန်းတွေ ဆက်တဲ့ကြားက ကြွက်သားလေးက ပိတ်မနေဘဲ အပေါက်ပါလို့ ဖြစ်ရတဲ့ ရောဂါ ( Septal defects)
  • နှလုံးမှာ သွေးတွေ စီးဝင်တဲ့ ပြန်ထွက်တဲ့ အပေါက်တွေ ပိတ်နေတာ( Obstruction defects)
  • နှလုံးသွေးညှစ်အားမကောင်းလို့ တစ်ကိုယ်လုံးကို အောက်ဆီဂျင်တွေ အပြည့်အဝ မရောက်တော့ဘဲ တစ်ကိုယ်လုံးပြာလာတဲ့ ရောဂါ ( Cyanotic heart disease) တို့ဟာမွေးရာပါ နှလုံးရောဂါတွေပါ ။ ။

နှလုံးကြွက်သား မှာ ဖြစ်တတ်တဲ့ ရောဂါတွေ ။ ( Cardiomyopathy)

နှလုံးကြွက်သား myocardium မှာ အများဆုံးဖြစ်တဲ့ ပြဿနာတွေပါ။

  • နှလုံးကြွက်သားတောင့်သွားတာ -Hypertrophic cardiomyopathy
  • ကြီးလာတာ -Dilated cardiomyopathy
  • ရှုံ့သွားတာ – Restrictive cardiomyopathy တို့ဟာ အများဆုံးဖြစ်တတ်တဲ့ နှလုံးကြွက်သားဆိုင်ရာပြဿနာတွေပါ။ သူတို့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သေချာ မသိပေမယ့် အရက်ကြောင့်၊ ဆေးဝါးတစ်ချို့ကြောင့် ဖြစ်ရတယ်လို့ ယူဆထားကြပါတယ်။ ။

နှလုံး အဆို့ရှင်မှာ ဖြစ်တတ်တဲ့ ရောဂါ ( Heart valves disease )

နှလုံးနဲ့ သွေးကြောတွေကြားထဲက သွေးတွေ အဝင်အထွက်လုပ်ရင် အဖွင့်အပိတ်တာဝန်ကို ယူထားရတဲ့ အဆို့ရှင်လေးတွေဟာ မွေးရာပါချို့ယွင်းချက်ကြောင့်ပဲဖြစ်ဖြစ်၊ ဗိုင်းရပ်စ်ပိုး ကြောင့်ပဲဖြစ်ဖစ်၊ သွေးတိုး ရောဂါကြော့င့် ဖြစ်ဖြစ် ပြဿနာတက်နိုင်ပါတယ်။ ဒါ့အပြင် Endocarditis လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် နှလုံးပိုးဝင်တဲ့အခါမှာ အဆို့ရှင်လေးတွေ ထိနိုင်သလို rheumatic fever ကြောင့် နှလုံးထိသွားတဲ့ Rheumaticheart disease မှာလည်း အဆို့ရှင်လေးတွေ ပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပါတယ်။

Coronary Artery Disease (CAD) (နှလုံးသွေးကြောတွေမှာ ဖြစ်တတ်တဲ့ရောဂါ) ။ ။

အဖြစ်အများဆုံး နှလုံးရောဂါ တစ်ခုပါ ။ အသက်ကြီးလာလို့ နှလုံးသွေးကြော တွေ တောင့်လာတာ၊ အဆီတွေ စားများလို့ သွေးကြောထဲ အဆီစုပြီး နှလုံး သွေးကြောကျဉ်းတာ၊ ဆေးလိပ် ေကြာင့်၊ စိတ်ဖိစီးမှုကြောင့်၊ သွေးကြောတွေ ကျဉ်းသွားတာမျိုးတွေဟာ (CAD) ကို ဖြစ်စေရတဲ့အကြောင်းအရင်းတွေပါ ။ ဒီလိုသွေးကြောတွေ ကျဉ်းသွားတာကြောင့်

  • နှလုံးဆီကို သွေးရောက်တာနည်းသွားပြီး နှလုံးကြွက်သားပုတ်တာ ( Ischemic heart disease)
  • နှလုံးအောင့်တာ ( angina နဲ့ myocardial infarction) တွေ အပြင်
  • နှလုံးမှာရှိတဲ့ သွေးကြောတွေ အကုန်ပိတ်သွားလို့ ရုတ်တရက် သေဆုံးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

နှလုံခုန်စည်းချက် မမှန်တာ ။ ။

နှလုံးခုန် စည်းချက် မမှန်တဲ့ ရောဂါ တွေဖြစ်တဲ့

  • Tachycardia ( arrythemia) – နှလုံးခုန်မြန်ခြင်း
  • Bradycardia – နှလုံးခုန် နှေးခြင်း တို့ဟာ နှလုံးခုန် စည်းချက် မူမှန်တဲ့ပြဿာနာတွေပါ။

နှလုံး အပြင်ဘက်ကို ဖုံးထားပေးတဲ့ အလွှာပါး ( pericardium) ။ ။

ဘက်တီးရီးယားကြောင့် pericardium ရောင်တာ၊ နှလုံးနဲ့ pericardium ကြားထဲမှာ အရည်တွေ စုလာလို့ ဖြစ်တဲ့ pericardial effusion တို့ဟာလည်း ဖြစ်တတ်တဲ့ နှလုံး ရောဂါတွေပါ။

Heart failure ( နှလုံး ကိုယ်တိုင်က မခုန်နိုင်တော့တာ)

အပေါ်မှာပြောထားတဲ့ အကြောင်းအရာတွေ ကြောင့် နှလုံးဆိုးဆိုးဝါးဝါးထိခိုက်ပြီး နောက်ဆုံး အဆင့်မှာ နှလုံး လုံးဝ အလုပ် မလုပ်နိုင်တော့တာမျိုးပါ။ လုံးဝကို သွေးတွေ မညှစ်နိုင်၊ မခုန်နိုင်တော့လို့ နှလုံးဆီလည်း သွေးတွေ မရောက်၊ အခြား ကိုယ်ခန္ဓါ အစိတ်အပိုင်းကိုလည်း သွေးတွေ မရောက်နိုင်တော့ဘဲ လူလည်းမောလာ၊ အသက်ရှူရခက်လာတာမျိုးပါ။

ဒါတွေကတော့ နှလုံးမှာဖြစ်တတ်တဲ့ ရောဂါ အမျိုးအစားတွေပါ။ နှလုံးကိုယ်တိုင်ကြောင့်လည်းဖြစ်နိုင်လို အခြား သွေးတိုး၊ ဆီးချို၊ရောဂါ၊ စိတ်ဖိစီးမှု၊ အသက်အရွယ်၊ ကိုယ့်နဲ့နေထိုင်စားသောက်တဲ့ ပုံစံတွေနဲ့ သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကနေ ဒီလို နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။