backup og meta

အစိမ်းရောင်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစိမ်းရောင်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု

    နေ့တိုင်း မြင်တွေ့နေတဲ့ အရောင်တွေက လူတစ်ယောက်ရဲ့ စိတ်ခံစားမှု အပိုင်းမှာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာပါ သက်ရောက်မှု ရှိနေနိုင်ပါတယ်။ အချို့သော အရောင်တွေက ခက်ခဲပင်ပန်းတဲ့ နေ့ရက်တွေမှာ စိတ်အပန်းပြေစေဖို အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဒါကြောင့် လူတော်တော်များများက စိတ်ခံစားမှု အဆင်ပြေစေဖို့အတွက် နဲ့ စိတ်ခံစားမှု သက်တောင့်သက်သာ ဖြစ်စေဖို့အတွက် အပြာရောင်ကို အသုံးပြုကြတာ များပါတယ်။ ဒီတစ်ခေါက်တော့ ကျွမ်းကျင်ပညာရှင်တွေက အပြာရောင် နည်းတူ ကျန်းမာရေးအပေါ်မှာ ကောင်းကျိုးတွေ သက်ရောက်မှုရှိနေတယ်လို့ ပြောထားတဲ့ အစိမ်းရောင် အကြောင်းလေးကို ပြောပြပေးပါရစေ။

    သဘာဝတရားကို ကိုယ်စားပြုတဲ့ အစိမ်းရောင်ကပေးတဲ့ ကျန်းမာရေး

    သဘာဝတရားကို ကိုယ်စားပြုတဲ့  အစိမ်းရောင်က

    အမြင်အာရုံ ကောင်းစေတယ်

    မျက်လုံးက အရောင်တွေကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ မျက်လုံးက သူ့အတွက် သက်တောင့်သက်သာ အဖြစ်ဆုံး အရောင်က အပြာရောင်ဖြစ်ပြီး အနေရအခက်စေဆုံးက အနီရောင်လို့ သတ်မှတ်ထားပါတယ်။

    အစိမ်းရောင်ကိုတော့ ကြားနေအရောင်တစ်ခုလို့ သတ်မှတ်ပေးထားပြီး မျက်လုံးကို သက်တောင့်သက်သာဖြစ်စေတဲ့ အရောင်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် Screen Time တအားများပြီး မျက်လုံးတွေ ညောင်းလာတဲ့အခါ အစိမ်းရောင်လေးကို ကြည့်ပေးပါ။

    အစာစားချင်စိတ် ဖြစ်စေတယ်

    အစိမ်းရောင်က အစားစားချင်စိတ်ကိုလည်း တိုးစေနိုင်ပါတယ်။ အကြောင်းကတော့ အစိမ်းရောင်ခြယ် ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ကလိုရိုဖီး ၉ရောင်ခြယ် ပစ္စည်း) ကြောင့်ပါ။ အစားမစားချင်ဘူး ဆိုတဲ့အခါမျိုးမှာ စိမ်းစိုနေတဲ့အရာတွေကို ကြည့်တာ၊ အသီးအရွက် စိမ်းစိမ်းလေးတွေကို ကြော်စားတာမျိုး လုပ်ပေးပါ။

    ထမင်းစားခန်းကို အစိမ်းရောင်ဆေး သုတ်ထားတာကလည်း သင့်ကို အစာစားချင်စိတ် တိုးစေမယ့် နည်းလမ်းတွေထဲက တစ်ခုပါ။

    ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ဖြစ်စေတယ်

    မြို့ပြမှာ နေထိုင်သူတွေထက် လယ်တွေ ယာတွေ၊ စိုက်ခင်း စိမ်းစိမ်းတွေ ပေါများတဲ့ ကျေးလက်မှာ နေထိုင်သူတွေက ပိုကျန်းမာကြပါတယ်။ အကြောင်းကတော့ စိမ်းစိုနေတဲ့ ပတ်ဝန်းကျင်ကြောင့်ရယ် လတ်ဆတ်နေတဲ့ လေထု၊ မြေထုနဲ့ အဆိပ်အတောက်ကင်းတဲ့ ရေထုရယ်၊ ပတ်ဝန်းကျင်ကြောင့်ရယ်ပါ။

    ဒါကြောင့် ကျန်းမာတဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နေအိမ်၊ ခြံဝင်းတွေထဲမှာ သစ်ပင်ပန်းပင်တွေ စိုက်စေချင်ပါတယ်။ ဒီလို စိုက်ပျိုးတာက ပတ်ဝန်းကျင်လေထုကို သန့်စင်စေနိုင်သလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်ပါတယ်။

    စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်

    အစိမ်းရောင်က စိတ်ကို ကြည်လင်လန်းဆန်းစေသလို နလန်ထ လူနာတွေကိုလည်း မြန်မြန် ကျန်းမာလာစေပါတယ်။ အစိမ်းရောင်က အပေါ်မှာပြောခဲ့သလို စိတ်ကျန်းမာရေးကိုရော ကိုယ်ကျန်းမာရေးကိုပါ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် နေအိမ်ကို ဆေး အစိမ်းရောင်လေး သုတ်ထားတာမျိုး၊ အစိမ်းရောင်ပါတဲ့ Wall paper လေးကပ်ထားတာမျိုး လုပ်ပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement