backup og meta

စပါးလင် စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စပါးလင် စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ

    စပါးလင်ကို မြန်မာတွေအကြိုက် မုန့်ဟင်းခါးထဲမှာ ထည့်ချက်ကြသလို ငါးဟင်း၊ အသားဟင်းတွေ ထဲမှာပါ ထည့်ချက်စား ကြပါတယ်။ အညှီအဟောက် နိုင်သလို ခံတွင်းလည်း ရှင်းစေတဲ့ စပါးလင်လေးက စားလို့ ကောင်းရုံတင် မဟုတ်ဘဲ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။

    ဘယ်လို အာဟာရဓာတ်တွေ ရနိုင်လဲ

    စပါးလင် အရွယ်တော် တစ်ချောင်းစာမှာ

    ရေဓာတ်

    ပရိုတင်း

    • အဆီဓာတ်

    • ကာဗိုဟိုက်ဒရိတ်

    • ကယ်လ်ဆီယမ်

    သံဓာတ်

    • မဂ္ဂနီဆီယမ်

    • ဖော့စဖရိတ်

    • ပိုတက်ဆီယမ်

    • ဆိုဒီယမ်

    • ဇင့်

    ဗီတာမင် C

    • သီရာမင်း

    • ရိုင်ဗိုဖလာပင်

    • နီကာဆင်

    ဗီတာမင် B

    • ဖောလိတ်

    ဗီတာမင် A

    • ဗီတာမင် D တို့ပါဝင်ပါတယ်။

    စပါးလင် ကပေးတဲ့ ကျန်းမာရေး

    စပါးလင် စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

    ကိုလက်စထရောကျစေနိုင်တယ်

    စပါးလင် ပုံမှန် စားသုံးပေးမှုက သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျစေပြီး သွေးကြောထဲမှာ အဆီတွေ စုပုံမှု မရှိအောင်ကာကွယ်ပေးနိုင်ပါတယ်။

    ကိုယ်တွင်း အဆိပ်အတောက် ဖယ်ရှားပေးတယ်

    ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အသည်း၊ ကျောက်ကပ်တို့က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ယူရစ်အက်ဆစ်ကိုလျော့ကျစေနိုင်ပါတယ်။ ဆီးရွှင်စေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

    ကင်ဆာကာကွယ်ပေးတယ်

    ဆီထရယ် ဓာတုဒြပ်ပေါင်း ပါဝင်တာကြောင့် အရေပြားကင်ဆာ အပါအဝင် ကင်ဆာရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

    အစာအိမ် ကျန်းမာစေနိုင်တယ်

    ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိတာကြောင့် အစာအိမ်ကို ရောဂါပိုးတွေ ရန်ကနေ ကာကွယ်ပေးပါတယ်။ အစာအိမ် အနာရှိသူတွေ စားပေးလို့ ရပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာတွေ ကိုလည်း သက်သာစေနိုင်ပါတယ်။

    အိပ်မပျော်တာကို သက်သာစေနိုင်တယ်

    ကြွက်သားတွေကို ပြေလျော့စေပြီး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။

    အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်

    အအေးမိ၊ ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် စီ ပါဝင်တာကြောင့် နှာစေး နှာပိတ်တာ၊ တုပ်ကွေး နဲ့ အခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

    အဖျားသက်သာစေနိုင်တယ်

    ချွေးထွက်စေနိုင်ပြီး အဖျားကျစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

    ကူးစက်ရောဂါကာကွယ်ပေးတယ်

    ဆီးလမ်းကြောင်း ပိုးဝင်တာ အပါအဝင် ရောဂါပိုး ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ မှိုပိုးတွေ၊ ဘက်တီးရီးယားတွေ ကူးစက်ခံရမှုကနေ ကာကွယ်ပေးပါတယ်။

    နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တယ်

    ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာ အပါအဝင် ကြွက်သားတွေ၊ အဆစ်တွေ နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါတယ်။

    ဒါတွေအပြင် အာရုံကြောကိုကျန်းမာစေပြီး၊ အမျိုးအစား -၂ ဆီးချို၊ အရေပြားပြဿနာတွေနဲ့ အဝလွန်တာကို သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ချွေးနံ့သက်သာစေဖို့အတွက်လည်း စပါးလင်ကို စားသုံးပေးလို့ရပါတယ်။

    ဘာတွေ သတိထားဖို့ လိုမလဲ

    သွေးတွင်းကိုလက်စထရော ကျတတ်တဲ့သူတွေ စားလို့ မရပါဘူး။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    သွေးတွင်းကိုလက်စထရော ကျစေဖို့ ဆေးသောက်နေရတဲ့သူတွေကတော့ စပါးလင်ကို စားလို့ မရပါဘူး။

    စပါးလင် စားသင့်တဲ့ အကြောင်းအရင်း

    စပါးလင် စားရင်းရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက
    • ကိုလက်စထရော ကျစေနိုင်တယ်
    • ကိုယ်တွင်း အဆိပ်အတောက် ဖယ်ရှားပေးတယ်
    • ကင်ဆာ ကာကွယ်ပေးတယ်
    • အစာအိမ် ကျန်းမာစေနိုင်တယ်
    • အိပ်မပျော်တာကို သက်သာစေနိုင်တယ်
    • အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်
    • အဖျား သက်သာစေနိုင်တယ်
    • ကူးစက်ရောဂါ ကာကွယ်ပေးတယ်
    • နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement