backup og meta

ခံတွင်းအနံ့ မနံအောင် ဘာတွေဂရုစိုက်သင့်လဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းအနံ့ မနံအောင် ဘာတွေဂရုစိုက်သင့်လဲ။

    လူအများစုဟာ ခံတွင်းအနံ့ နံတဲ့ ပြသနာနဲ့ တွေ့ကြုံနေရပါတယ်။ ခံတွင်းအနံ့နံခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းစေနိုင်ရုံသာမက အခြားသူကိုလည်း စိတ်အနှောက်အယှက် ဖြစ်စေနိုင်တဲ့ ပြသနာကြီးတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို ခံတွင်းနံ့နံတာတွေ ဘာ့ကြောင့် ဖြစ်ရတယ်၊ မဖြစ်အောင် ဘယ်လို ဂရုစိုက်ပေးသင့်တယ် ဆိုတဲ့ အချက်တစ်ချို့ကို ဒီဆောင်းပါးလေးမှာ မျှဝေပေးချင်ပါတယ်။

    () တစ်နေ့ နှစ်ကြိမ် ပုံမှန် သွားတိုက်ပေးပါ။

    သွားသန့်ရှင်းရေးအားနည်းပြီး စားကြွင်းစားကျန်တွေ သွားထဲမှာ ကျန်ခဲ့တဲ့အခါ ဆွေးမြေ့လာတဲ့ အစားအစာတွေ နဲ့ ဘက်တီးရီးယားတွေ ပေါင်းစည်းပြီး ဆိုးရွားတဲ့ အနံ့ကို ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် အစာအကြွင်းအကျန်တွေကို ဖယ်ရှားဖျက်ဆီးပေးနိုင်တဲ့ fluoride ပါတဲ့ သွားတိုက်ဆေးနဲ့ အစာစားပြီးချိန် (သို့) အနည်းဆုံး ပုံမှန် တစ်နေ့နှစ်ကြိမ် တိုက်ပေးဖို့ လိုအပ်ပါတယ်။ သွားကြားမှာ ကျန်နေတဲ့ အကြွင်းအကျန်တွေကို သန့်ရှင်းရေးလုပ်ပေးနေဖို့ နဲ့ ပလုပ်ကျင်းပေးဖို့ကလည်း အရေးကြီးပါတယ်။

    () အနံ့ပြင်းတဲ့ အစားအစာတွေကို ရှောင်ပါ။

    ဥပမာ- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဒူးရင်းသီး စတဲ့ အနံ့ပြင်းတဲ့ အစားအစာတွေစားတဲ့ အခါမှာ သင့်ရဲ့ အစာအိမ်က အဲဒီအစားအစာတွေဆီက အဆီဓာတ်တွေကို စုပ်ယူပြီး သွေးကြောထဲက တစ်ဆင့် အဆုတ်ဆီကို ရောက်သွားတဲ့အတွက် ခံတွင်း အနံ့နံတာ ကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် အနံ့ပြင်းတဲ့ အစားအစာတွေကို သတိထားပြီး တတ်နိုင်သလောက် ရှောင်ကြဉ်ပေးဖို့ အကြံပြုချင်ပါတယ်။

    () ရေများများ သောက်ပေးပါ။

    ခံတွင်းခြောက်ခြင်းက ခံတွင်းအနံ့ကို ပြင်းစေနိုင်တဲ့အတွက် ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ်။

    () ဆေးလိပ် ဖြတ်ပါ။

    ဆေးလိပ် (သို့) အခြား tobacco ပါဝင်တဲ့ ထုတ်ကုန်တွေကို သောက်ခြင်း၊ စားသုံးခြင်းဟာ သင့်ခံတွင်းကို အနံ့နံစေပြီး ခံတွင်းလည်းခြောက်စေနိုင်ပါတယ်။

    () သွားနဲ့ ခံတွင်းဆိုင်ရာ ပြသနာတွေ ဖြစ်လာပြီဆိုရင် အမြန်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပါ။

    သွားနဲ့ ခံတွင်းပြသနာတွေ၊ သွားပိုးပေါက်တွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာတွေ ဖြစ်လာတဲ့အခါမှာ ဆရာဝန်ဆီသွားပြသင့်ပါတယ်။ သွားကျန်းမာရေးအတွက် ပုံမှန် သွားဆရာဝန်နဲ့ ပြသပေးဖို့လည်း အကြံပြုချင်ပါတယ်။

    () သွားစွပ်နဲ့ အခြားသွားထိန်းပစ္စည်း တစ်ခုခု အသုံးပြုနေပါက ပုံမှန် ဆေးကြောသန့်စင် ပေးပါ။

    သွားစွပ်၊ သွားထိန်းစတဲ့ ပစ္စည်းတွေ မသန့်စင်တဲ့အခါ အညစ်အကြေးတွေ၊ ပိုးမွှားတွေ တွယ်ကပ်ပြီး ခံတွင်းနံ့ ဆိုးစေနိုင်တဲ့ အတွက် စတဲ့ ပစ္စည်းတွေကို ပါးစပ်ထဲ မထည့်ခင်သေချာဆေးပေးဖို့ နဲ့ တစ်ရက်တစ်ခါ (သို့) သွားဆရာဝန် ညွှန်ကြားတဲ့ အတိုင်း သန့်ရှင်းရေးကို ဂရုတစိုက်လုပ်ပေးသင့်ပါတယ်။

    () သင့်ရဲ့ လျှာကိုလည်း သန့်ရှင်းရေးလုပ်ပေးပါ။

    လူအများစုက သွားတိုက်ကြပေမယ့် လျှာကို သန့်ရှင်းရေး လုပ်ပေးဖို့ မေ့နေတတ်ပါတယ်။ လျှာဆိုတာက ဘက်တီးရီးယားတွေ အများကြီး ကပ်တွယ်နေနိုင်တဲ့ နေရာတစ်ခုပါ။ ဒါ့ကြောင့် လျှာကို နူးညံ့တဲ့ သွားပွတ်တံ တစ်ခုခုနဲ့ ဖြစ်ဖြစ်၊ လျှာခြစ်တံလေး သုံးပြီး သန့်စင်ပေးတာ ဖြစ်ဖြစ် ပြုလုပ်ပေးဖို့လည်း အကြံပေးချင်ပါတယ်။

    နောက်ဆုံး အချက်အနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်း၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ် အချဉ်ပြန်တက်တဲ့ ရောဂါ စတဲ့ ရောဂါတွေကြောင့်လည်း ခံတွင်းနံတာမျိုးဖြစ်စေနိုင်ပါတယ်။

    အားလုံး ဒီဆောင်းပါးလေးဖတ်ပြီး ခံတွင်းအနံ့ကင်းရှင်းတဲ့ နေရက်လေးတွေမှာ မိမိကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ နေထိုင်နိုင်ကြပါစေ။

    ရေးသားသူ- Khine Phoo Ngon

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement