backup og meta

ပရိုတင်းနဲ့ ပတ်သက်ပြီး သိထားနိုင်တဲ့ လွဲလွဲလေးများ

ပရိုတင်းက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်ခုပါ။ ဒီ အာဟာရဓာတ် ပြည့်မီမှ ခန္ဓာကိုယ် ကျန်းမာမှ မှန်ပေမယ့် နည်းစနစ်မှန်မှန်စားသုံးမှ ခန္ဓာကိုယ်ကျန်းမာစေမှာပါ။ ဒီတော့ ပရိုတင်းနဲ့ပတ်သက်ပြီး ကိုယ်သိထားတာ ဘယ်လောက်မှန်လဲဆိုတာကို ဆန်းစစ်ကြည့်လိုက်ရအောင်လား…………

ပရိုတင်းဆိုတာ ဘာလဲ…………

ပရိုတင်းဆိုတာက အသားဓာတ်ပေါ့လို့ အလွယ်တကူပြောလို့ရပါတယ်။ ဒီအာဟာရဓာတ်က ကိုယ်ထဲကသွေးတွေကစလို့ အရိုး နဲ့ ကြွက်သားအရိုးနုအရေပြား၊ ဆံသား၊ ခြေသည်းလက်သည်း စတာတွေ အားလုံးကို ဖွဲ့စည်းပေးထားတာပါ။ ကိုယ်ခံအား ကောင်းဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။

ပရိုတင်းနဲ့ပတ်သက်လို့ သိထားတာတွေ ဘယ်လောက်မှန်လဲ…………….

ပရိုတင်းနဲ့ ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လားဆိုတာ ဆန်းစစ်ကြည့်ရအောင်……

Myth (1) – ပရိုတင်းကို အသား၊ ဥအမျိုးမျိုး နဲ့ နို့ထွက်ပစ္စည်းတွေကနေပဲ ရရှိနိုင်တယ်။

ပုံမှန်ကတော့ ဒီလိုပဲ ယူဆနိုင်ပါတယ်။ အသားဓာတ်လို့ ဆိုတာကိုး။ အသား၊ ငါး၊ ဥအမျိုးမျိုး နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပရိုတင်းပါဝင်မှု များတာမှန်ပေမယ့် ဒီအစားအစာတွေကနေပဲ ပရိုတင်း ရနိုင်တယ်ဆိုတာကတော့ မဟုတ်သေးပါဘူး။

အစားအသောက် တော်တော်များများမှာ ပရိုတင်းဓာတ်ပါဝင်နေပါတယ်။ ရရှိတဲ့ ပရိုတင်း အရင်းအမြစ်ကို လိုက်ပြီး အမျိုးအစား ကွာခြားသွားတာမျိုးတော့ ရှိနိုင်တာပေါ့။ ဒါပေမယ့် အသားငါးတွေ မဟုတ်ကြတဲ့ ပဲပိစပ်၊ ထောပတ်သီး၊ အာလူးနဲ့ အသီးအရွက်တွေမှာလည်း ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

Myth (2) – အသီးအရွက်ပဲစားတဲ့သူတွေ ပရိုတင်း လုံလုံလောက်လောက်မရနိုင်ဘူး။

အသီအရွက်က ပရိုတင်းက ပြည့်ဝတဲ့ ပရိုတင်းအမျိုးအစားမဟုတ်ပေမယ့် အသီးအရွက်စားလို့ ပရိုတင်း လုံလုံလာက်လောက် မရနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ အသီးအရွက်တွေမှာလည်း ပရိုတင်းကြွယ်ဝတဲ့ အသီးအရွက်တွေရှိပါတယ်။ ပြည့်ဝပရိုတင်းဖြစ်ဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၉ မျိုးစလုံး မပါတာ တစ်ခုပဲ ရှိတာပါ။

ဒါပေမယ့် အသီးအရွက်တွေကို စုံစုံလင်လင်နဲ့ များမျာစားပေးမယ်ဆိုရင်တော့ လိုအပ်တဲ့ ပရိုတင်း ပြည့်ဝမှာပါ။

Myth (3) – ပရိုတင်းများများစားလေ ပိုကောင်းလေပဲ။

လူတစ်ယောက် ကျန်းမာဖို့ဆိုရင် တစ်နေ့ကို ပရိုတင်း ပမာဏ ၅၀ ဂရမ် လိုအပ်မှာပါ။ အစားပုံမှန်စားမယ်။ ပြည့်ပြည့်ဝဝ စားမယ်ဆိုရင်တောင် ပရိုတင်းပမာဏက လိုအပ်တယ်ဆိုတဲ့ ပမာဏထက် ၂ ဆလောက် စားမိနိုင်ပါ။

ဒီလိုစားမိတော့ ကျန်းမာရေး ပိုကောင်းမယ်။ ခန္ဓာကိုယ် ပိုထွားကြိုင်းမယ်လို့ ထင်စရာရှိပါတယ်။ တကယ်ကတော့ စားသုံးလိုက်တဲ့ ပရိုတင်းကို ခန္ဓာကိုယ်က ချက်ချင်း အသုံးပြု လိုက်တာပါ။ ခန္ဓာကိုယ်က ပရိုတင်းကို သိုလှောင်ထားနိုင်တာ မျိုးမရှိပါဘူး။ ဒါကြောင့် ပရိုတင်းကို ပုံမှန်အတိုင်း လုံလောက်တဲ့ပမာဏပြည့်မီအောင် စားရင်ကို အဆင်ပြေပါတယ်။

Myth (4) – ကြွက်သားတက်စေဖို့ ပရိုတင်း များများစားဖို့လိုမယ်။

အားကစားသမား တော်တော်တာ်များများ ဒီအယူအဆကို လက်ခံထားကြပါတယ်။ ကြွက်သားတက်စေဖို့ဆိုရင် ပရိုတင်း များများ စားဖို့လိုမယ်ပေါ့။ တက်​ကြွလှုပ်ရှားနေသူ တစ်ယောက်အဖို့ ပရိုတင်းလိုအပ်ချက်က မြင့်မားနိုင်ပါတယ်။ ဒါကလည်း လှုပ်ရှားတဲ့အခါ အားရှိစေဖို့အတွက် လောင်ကျွမ်းရမယ့် ကယ်လ်လိုရီတွေရှိဖို့ပါ။

Myth (5) – ပရိုတင်းပါဝင်မှု များတဲ့အစာအစာတွေက ဝိတ်ကျစေဖို့ အထောက်အပံ့ပေးတယ်

ပရိုတင်းပါတဲ့ အစားအစားတွေက အဆာခံနိုင်စေတာ မှန်ပေမယ့် ပရိုတင်းမှာလည်း အစာကြေလွယ်တဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတို့နည်းတူ ကယ်လ်လိုရီ ပါဝင်နေပါတယ်။ ကယ်လ်လိုရီကို များများစားမိတဲ့အခါ ကိုယ်အလေးချိန်က တက်မှာပါပဲ။ ပရိုတင်းများများစားတာက ကယ်လ်လိုရီ များများစားမိနိုင်တဲ့ လမ်းစပါ။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းချင်တယ်ဆိုရင် ကယ်လ်လိုရီပမာဏကို ထိန်းရပါမယ်။ အသားစားလို့ ဝိတ်မကျပါဘူး။

Myth (6) – ပရိုတင်း များများစားရင် အရိုး ထိခိုက်နိုင်တယ်

ပရိုတင်း အစားများရင် အရိုးပွရောဂါ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ ပရိုတင်း အစားများလို့ အရိုးက ကယ်လ်ဆီယမ် စုပ်ယူမှုကို ကျဆင်းစေတာမျိုး မရှိသလို အရိုးပါးတာ၊ အရိုးပွတာမျိုးလည်း မဖြစ်နိုင်ပါဘူး။ ပရိုတင်း စားသုံးမှုက အရိုးသိပ်သည်းဆ ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ကဲ ဘယ်နှချက်လောက်များ မှားသိထားလဲ………………..

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The 5 Most Common Myths About Protein https://www.thekitchn.com/5-protein-myths-and-the-facts-that-set-them-straight-243436 Accessed Date 8 April 2020

Protein Myths & Facts https://www.todaysdietitian.com/newarchives/0419p30.shtml Accessed Date 8 April 2020

3 myths about protein that you need to stop believing https://www.insider.com/myths-about-protein-to-stop-believing-2019-7  Accessed Date 8 April 2020

ယခုပုံစံ

22/08/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကြွက်သားတက်စေဖို့ ပရိုတင်းဖျော်ရည်တွေကို ဘယ်လိုနည်းမှန်လမ်းမှန်သောက်မလဲ ။ ။

ပရိုတင်း နဲ့ အရိုးကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement