အရိုးတွေက ခန္ဓါကိုယ်ကိုကောင်းကောင်းရပ်တည်နိုင်အောင်ထောက်မထားတဲ့ အရာတွေပေါ့။ အရိုးတွေကောင်းနေလို့ကောင်းကောင်းသွာလာနိုင်နေတာပါ။ ဒီတော့အရိုးတွေကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာတွေသိထားပြီလဲ။ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D တို့က အရိုးအတွက်ကောင်းတယ်ဆိုတာကို ကျန်းမာရေးဆောင်းပါးတွေ၊ ကြော်ငြာတွေထဲမှာ ဖန်တရာတေအောင်သိထား၊ ကြားထားပြီးဖြစ်မှာပါ။ ဒါဆို ပရိုတင်းကရော အရိုးအတွက်ဘာတွေသက်ရောက်မှုရှိစေလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်ပါ။