backup og meta

ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ ။ ။

    ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ

    ဝိတ်ကျစေဖို့ လေ့ကျင့်ခန်းလုပ်ရမယ်၊ အစားအသောက်တွေထိန်းစားရမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဝိတ်ကျအောင် လေ့ကျင့်ခန်းတွေလုပ်လုပ်၊ အစားအသောက်တွေထိန်းစားစား ကိုယ့်အလေးချိန်မကျတာမျိုးတွေ အားလုံးကြုံဖူးကြမယ်လို့ထင်ပါတယ်။ ဘာတွေ လိုနေသေးတာလဲ။

    အစားသောက်တွေ လေ့ကျင့်ခန်းတွေကြောင့် ဝိတ်ကျစေနိုင်တာမှန်ပေမယ့် ပိုပြီး နည်းလမ်းမှန်မှန်နဲ့ မြန်မြန် ဝိတ်ကျချင်ရင်တော့ မနက်တိုင်း ခုပြောပြမယ့် အလေ့အကျင့်လေးတွေ လုပ်ပေးဖို့လည်း လိုပါသေးတယ်။ ကိုယ့်ရဲ့နေထိုင်မှုပုံစံဆိုတာ ကိုယ်အလေးချိန်အပေါ်ကို အများကြီးသက်ရောက်မှုရှိတဲ့ အရာတစ်ခုပါ။ ကဲ ဝိတ်ကျပြီး ဘယ်တော့မှ ပြန်မတက်ဖို့ မနက်တိုင်း လုပ်ပေးသင့်တဲ့ အရာတွေ ဘာတွေလဲ။

    ဝိတ်ကျစေဖို့ မနက်တိုင်း ဒီအလေ့အကျင့်တွေကို လုပ်ပေးပါ။

    ဝိတ်ကျစေဖို့ မနက်တိုင်း ဒါလေးတွေကို ပုံမှန် လုပ်ပေးပါ။

    ၁ ။ ပရိုတင်းများများပါတဲ့ မနက်စာကို ရွေးစားပါ။ 

    ဝိတ်တော့ ကျချင်ပါရဲ့။ စားတဲ့မနက်စာက ပလာတာ၊ စမူဆာ၊ နန်းကြီးသုတ်၊ ထမင်းကြော်တွေ ဆိုလို့ကတော့ ဝိတ်ကျဖို့ဆိုတာ အိပ်မက်တစ်ခုသာ ဖြစ်သွားပါလိမ့်မယ်။ နေ့တစ်နေ့မှာ ပထမဆုံးစားတဲ့ မနက်စာဆိုတာ အရေးကြီးတာကြောင့် ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်နဲ့ ကိုက်ညီတဲ့ မနက်စာ ကို သေချာ ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။

    ပရိုတင်းများတဲ့ မနက်စာဆိုရင် လူတွေက ဘာစားရမလဲဆိုပြီး မသိဖြစ်နေတတ်ကြပါတယ်။ သိပ်လည်း ခေါင်းစားမနေပါနဲ့၊၊ ကြက်ဥရှိပါတယ်။ ကြက်ဥ အကာမှာ ပရိုတင်းတွေ အများကြီးပါတာကြောင့် ဝိတ်ကျချင်တဲ့သူတွေ မနက်စာကို ကြက်ဥပြုတ် (အနှစ်မပါ) ၃ လုံးလောက်စားပေးရင် လုံလောက်ပါတယ်။

    ကြက်ဥကို ရေထဲထည့်ပြုတ်လိုက်ရုံပဲဆိုတော့ လုပ်ရတာလည်းလွယ် စားလို့လည်းကောင်း ပရိုတင်းဓာတ်လည်း များများပါတာကြောင့် ဝိတ်ကျဖို့အတွက်လည်း ကူညီပေးနိုင်တဲ့ ကြက်ဥပြုတ်လေးပါနော်။

    ၂ ။ အိပ်ရာနိုးနိုးချင်း ရေတဝသောက်ပါ။ 

    အိပ်ရာနိုးနိုးချင်း ရေတဝသောက်တယ်ဆိုတာ လူတိုင်း လုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုပါ။ မနက်စောစော ရေတစ်ဝသောက်လိုက်တာဟာ ကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက် တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် သင့်ကိုယ်ခန္ဓာက ဇီဝကမ္မဖြစ်စဉ်တွေကို လှုပ်နှိုးလိုက်သလိုဖြစ်တာကြောင့် ဝိတ်ချဖို့ ကြိုးစားနေတဲ့ သင့်အတွက် အထောက်အကူပြုပါလိမ့်မယ်။ ဒါ့အပြင် တစ်ဝသောက်ထားတဲ့ ရေကြောင့် ဗိုက်ဆာတာလည်း လျော့သွားပါလိမ့်မယ်။

    ၃ ။ ပေါင်ချိန်စက်ပေါ်တက်ပြီး ဝိတ်ချိန်ပါ။ ။

    ကိုယ့်ဝိတ်တက်လာလား ကျသွားလားဆိုတာကို သိနိုင်ဖို့အတွက် မနက်ပိုင်းပေါင်ချိန်လို့ရလာတဲ့ အလေးချိန်က အမှန်ဆုံးပါပဲ။ ဒီလို မနက်ပိုင်း ပေါင်ချိန်ပေးတာကြောင့် ကိုယ့်ပန်းတိုင်ကို ရောက်ခါနီးပြီးလား၊ ပန်းတိုင်နဲ့ ဝေးနေသေးလားဆိုတာကို ကောင်းကောင်းသိနိုင်ပြီး ဘာတွေ ဆက်လုပ်သင့်လဲဆိုတာတွေပါ သိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မနက်တိုင်း ချိန်ဖို့တော့ မလိုပါဘူး၊၊ နေ့တိုင်း အလေးချိန်က သိသိသာသာ ပြောင်းနေမှာမှ မဟုတ်တာ၊၊

    ၄ ။ ငါဝိတ်ကျကိုကျရမယ်ဆိုတဲ့ အတွေး နိုးလာတာနဲ့ ခေါင်းထဲရောက်နေပါစေ ။ ။

    အရာရာကို စိတ်ကသာ ဦးဆောင်တာမို့ စိတ်သာ ဆောင်ရင် ဝိတ်ချတယ်ဆိုတာ သင့်အတွက် လုံးဝကို မခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ လေ့ကျင့်ခန်းတွေလည်း ပိုလုပ်ဖြစ်ပြီး တွေ့ကရာ စားချင်စိတ်တွေကို အဲဒီစိတ်က ထိန်းချုပ်ပေးနေပါလိမ့်မယ်။

    ၅ ။ မနက်စာကို ကိုယ့်ဘာသာ ပြင်ဆင်ပြီး အိမ်မှာပဲစားပါ။ ။

    ဆိုင်က အစားအသောက်တွေဟာ ဆီတွေပိုများနေမယ့်အပြင် ဝိတ်ကျချင်တဲ့ သင့်အတွက် သီးသန့် လုပ်ပေးဖို့ဆိုတာ ဝေလာဝေးပါ။ ဒီတော့ ဝိတ်ကျချင်တဲ့ သူများ ကိုယ့်ဘာသာ အိမ်မှာ ကိုယ်စားမယ့်အစားအသောက်တွေကို ပြင်ဆင်ပြီး ချိန်ဆစားတာသာ အကောင်းဆုံးပါ။

    မနက်တည်းက ကိုယ်တစ်နေ့တာလုံး စားမယ့် အစားအစာတွေကို တွက်ချက်ပြီး စားတာမျိုးပေါ့။

    ၆ ။ လေ့ကျင့်ခန်းလုပ်ပါ။ ။

    လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံး အချိန်ဟာ မနက်ပိုင်းအချိန်လို့သာ ပြောရပါလိမ့်မယ်။ စားထားတဲ့အစားအသောက်တွေ၊ ကယ်လိုရီတွေလည်း အများကြီး မရှိသေးတာကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တဲ့ အားအင်တွေအတွက် ပိုနေတဲ့အဆီတွေကသာ လောင်ကျွမ်းပေးရမှာ ဖြစ်ပါတယ်။

    ဒီတော့ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်တာက ဝိတ်ကျချင်တဲ့ သင့်အတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါ။

    ကဲ ဒါတွေကတော့ ဝိတ်ကျချင်တဲ့ သင့်ကို တစ်ဘက်တစ်လမ်းက ကူညီပေးမယ့် မနက်တိုင်းလုပ်သင့်တဲ့ အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလည်းလုပ် ၊ အစားအသောက်လေးလည်းထိန်း၊ ကိုယ်ရဲ့ နေထိုင်မှု ပုံစံလေးတွေလည်း ပြောင်းလိုက်မယ်ဆိုရင် ခေါင်းမာနေတဲ့ ကိုယ်ပေါ်က အဆီတွေ လုံးဝကို ကျသွားမှာ အသေအချာနော်။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement