သလဲသီးဖျော်ရည်ဟာ အူလမ်းကြောင်းအတွင်းက ရောင်ရမ်းမှုတွေကို ကျဆင်းစေပြီး အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ခရွမ်းရောဂါ၊ အူအနာဖြစ်ရောင်ရမ်းခြင်းနဲ့ တခြားအူလမ်းကြောင်းရောဂါတွေကို သက်သာစေပါတယ်။
၁၀။ လိင်မှုဆိုင်ရာ အထောက်အကူပြုခြင်း
သလဲသီးဖျော်ရည်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဓာတ်တိုးဖိစီးခြင်းကြောင့်ဖြစ်တဲ့ အမျိုးသားများ သုက်ပိုးမကောင်းခြင်းနဲ့ အမျိုးသမီးများ ကလေးမရနိုင်ခြင်းတို့ကို လျော့နည်းစေပါတယ်။ ဒါ့အပြင် သလဲသီးဖျော်ရည်ဟာ တက်စတိုစထရုန်းဟော်မုန်းကို မြှင့်တင်ပေးပြီး လိင်စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်ပါတယ်။
၁၁။ အားကစားပိုင်းဆိုင်ရာ အကျိုးပြုခြင်း
သလဲသီးဖျော်ရည်ဟာ အားကစားသမားတွေရဲ့ လှုပ်ရှားမှုကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ ကုန်ဆုံးသွားတဲ့ အင်အားတွေကို ပြန်လည်ဖြည့်တင်းဖို့ အထောက်အကူပြုပါတယ်။ လေ့ကျင့်ခန်း ပြင်းထန်ချိန်မှာ ဖြစ်တတ်တဲ့ ဓာတ်တိုးဖိစီးခြင်းကိုလည်း လျှော့ချပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။