၄) အယ်ဇိုင်းမားရောဂါကာကွယ်နိုင်တယ်
သူ့မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုအရှိန်ကို တန့်စေပြီး မှတ်ဉာဏ်ကို မထိခိုက်အောင်ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။
၅) အစာချေဖျက်မှုကောင်းစေတယ်
သလဲသီးက အူတွင်းရောင်ရမ်းမှုကိုလျော့ကျစေနိုင်ပြီး အစာချေဖျက်မှုကိုကောင်းမွန်စေပါတယ်။ Crohn’s disease၊ အူမကြီးရောင်ရမ်းနာနဲ့ တခြားအူလမ်းကြောင်းရောင်ရမ်းမှုရောဂါရှိသူတွေအတွက် ကောင်းကျိုးပြု တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဝမ်းလျှောခြင်းအတွက် သလဲသီးက ကောင်းကျိုးပြုသလား၊ ပိုဆိုးစေနိုင်သလားဆိုတာကို သုတေသီတွေအကြား အငြင်းပွားနေတာတွေရှိတာကြောင့် ရောဂါသက်သာလာတဲ့အချိန်ထိ သလဲသီးကို ရှောင်ထားပါလို့ ဆရာဝန်အများစုက အကြံပြုကြပါတယ်။
၆) ရောင်ရမ်းမှုလျော့ကျစေနိုင်တယ်
သလဲသီးက ခန္ဓာကိုယ်အနှံ့ကရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပြီး ဓာတ်တိုးမှုဖြစ်စဉ်နဲ့ထိခိုက်မှုတွေ ဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။
၇) အဆစ်ရောင်ရောဂါကာကွယ်တယ်
သလဲသီးမှာပါတဲ့ ဖလေဗနောက အရိုးပွအဆစ်ရောင်နာနဲ့ အရိုးနုပျက်စီးမှုတို့ဖြစ်စေတဲ့ ရောင်ရမ်းမှုကို တားဆီးပေးနိုင်ပါတယ်။
၈) နှလုံးကျန်းမာရေးအတွက်ကောင်းတယ်
သလဲသီးဖျော်ရည်က နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးထဲမှာပါဝင်ပြီး နှလုံးနဲ့ နှလုံးသွေးကြောတွေအတွက် ကောင်းကျိုးပြု ကာကွယ်ပေးပါတယ်။ သူကနှလုံးသွေးကြောအတွင်း အဆီနဲ့ကိုလက်စထရော စုပုံကပ်ငြိမှု အန္တရာယ်ကိုနှေးကွေးစေနိုင်ပါတယ်။ ဒါပေမယ့် statins တွေလိုမျိုး သွေးတိုးနဲ့ကိုလက်စထရောဆိုင်ရာ ဆေးဝါးတွေနဲ့ မကောင်းတဲ့ဓာတ်ပြုမှုရှိတတ်တာကြောင့် သည်ဆေးတွေနဲ့ကုသမှုခံယူနေရရင် သလဲသီးကို အားဖြည့်ဓာတ်စာအဖြစ်သောက်သုံးဖို့ ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။
၉) သွေးတိုးထိန်းတယ်
သလဲသီးဖျော်ရည်ကိုနေ့တိုင်းသောက်ရင် သွေးတိုး(အပေါ်သွေး)ကျစေနိုင်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ အပေါ်သွေး၊အောက်သွေး (သွေးဖိအားများခြင်း) ကို ကျစေနိုင်မလားဆိုတာ လေ့လာမှုတွေထပ်လုပ်ဖို့ လိုပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။