မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
အရိုးအဆစ်ယောင်ခြင်းသည်အဖြစ်များသော အဆစ်ယောင်ခြင်းဖြစ်သည်။ အဆစ်နှစ်ခုကြားရှိ အရိုးနုပျက်သွားသောကြောင့် နာခြင်း တောင့်တင်းခြင်း ဖောင်းခြင်းများဖြစ်လာခြင်းဖြစ်သည်။ လက် ဒူးခေါင်း တင်ပါးနှင့် ကျောရိုးတွင်ပို၍ဖြစ်တတ်သည်။
ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ နိုင်ငံအဆစ်ကြွက်သားနှင့် အရေပြားဆိုင်ရာတက္ကသိုလ်မှ အသက် လေးဆယ့်ငါးမတိုင်ခင်ထိ ယောက်ျားလေးတွင်ပိုဖြစ်တတ်ပြီး လေးဆယ့်ငါးကျော်ပါက မိန်းကလေးတွင်ပိုဖြစ်တတ်သည်ဟုဆိုထားသည်။ မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်တတ်သည်။ အသက် ခြောက်ဆယ့်ငါးကျော်လျင်ပိုဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရိုးအဆစ်ယောင်ခြင်းရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။
အဆစ်အားအုပ်ထားသော အရိုးနုပြတ်ခြင်းကြောင့်ဖြစ်သည်။ အရိုးနုဆိုသည်မှာ မာ၍ ရာဘာပုံစံအရာဖြစ်ပြီး အရိုးအဆုံးများကို ဖုံးအုပ်ထားသည်။ အဆစ်နှင့် အရိုးအား လွယ်ကူစွာလှုပ်ရှားနိုင်အောင်ကာကွယ်ပေးထားသည်။ အရိုးအဆစ်ယောင်ခြင်းတွင် အရီုးနုအကာသည် ကြမ်းလာသည်။ လုံးဝပြတ်သွားပါက အရိုးအဆစ်ယောင်သောလူနာတွင် အရီုးနှစ်ခုပွတ်တိုက်နေလိမ့်မည်။
အရိုးအဆစ်ယောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်မှ ရောဂါလက္ခဏာများကိုလေ့လာခြင်းနှင့် စမ်းသက်ခြင်းများပြုလုပ်လိမ့်မည်။ အတည်ပြုနိုင်ရန် စစ်ဆေးခြင်းများလည်းပြုလုပ်လိမ့်မည်။
အောက်ပါစစ်ဆေးခြင်းများသည် အရိုးအဆစ်ယောင်ခြင်းကိုအတည်ပြုနိုင်သည်။
အရှင်းပျောက်အောင်ကုရန် နည်းလမ်းမရှိသော်လည်း ရောဂါလက္ခဏာသက်သာစေရန်နည်းလမ်းများရှိပါသည်။ အဓိကနည်းလမ်းမှာ
ဘဝနေထိုင်ပုံပြောင်းလဲခြင်း
ဆေးဝါးကုသမှုများ
ခွဲစိတ်မှုပြုလုပ်ခြင်း။ ဆိုးဝါးစွာထိခိုက်နေသော အဆစ် များသောအားဖြင့် ပေါင်နှင့်ဒူးခေါင်း ကိုပြန်ပြင်ခြင်းသို့မဟုတ် အစားထိုးခြင်းလုပ်နိုင်သည်။ ရောဂါကလက္ခဏာများကိုသက်သာစေခြင်း လှုပ်ရှားမှုပိုလုပ်နိုင်ခြင်းနှင့် ဘဝအားပိုနေပျော်စေသည်။
အခြားကုထုံးများ
ရောဂါကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အရိုးအဆစ်ယောင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အရိုးအဆစ်ယောင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။