အဆုတ်ရောင်မယ်။ ကျောက်ကပ်ပျက်စီးမယ်။ အသက်သေဆုံးတာတွေအထိဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာတွေက ပိုးဝင်ပြီး ၂ရက်ကနေ ၁၄ရက်အတွင်း ပြတတ်ပါတယ်။ ဒီလက္ခဏာတွေက ခန္ဓာကိုယ်က ရောဂါပိုးကို တိုက်ထုတ်လို့ ပေါ်လာတာပါ။ တစ်ခါတစ်လေ ခုခံအားအရမ်းကျနေရင် ရောဂါလက္ခဏာမပြတာလည်း ဖြစ်နိုင်ပါတယ်။ တခြားသူတွေနဲ့မတူတဲ့ လက္ခဏာတွေလည်း ပေါ်လာနိုင်ပါသေးတယ်။
ကူးစက်နည်းများ
အဆုတ်ရောင်ရောဂါကူးစက်ပုံကို အတိအကျမပြောနိုင်သေးပေမယ့် တခြားကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ ချောင်းဆိုးနှာချေရာကနေ ဗိုင်းရပ်စ်တွေ အသက်ရှူလမ်းကြောင်းကိုဝင်တာ၊ ပစ္စည်းတွေမှာ ကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ ကိုင်တွယ်ထိတွေ့ရာက ကူးစက်နိုင်ပါတယ်။
ကုသနည်းများ
ခုထက်ထိ COVID-19 အဆုတ်ရောင်ရောဂါအတွက် တိကျတဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုပဲ ပေးနိုင်ပါသေးတယ်။
နာတာရှည်ရောဂါရှင် များအတွက် ကာကွယ်နည်းများ
COVID-19 အဆုတ်ရောင်ရောဂါအတွက် ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ အကောင်းဆုံးကာကွယ်နည်းကတော့ ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မှုနည်းအောင် နေတာပါပဲ။ Centers for Disease Control and Prevention (CDC)က အကြံပြုထားတာကတော့
- ရေနဲ့ဆပ်ပြာသုံးပြီး စက္ကန့်၂၀လောက်ကြာအောင်လက်ဆေးပါ။ ရေနဲ့ဆပ်ပြာမလွယ်ရင် အရက်ပြန်ပါတဲ့ရေမလို လက်သန့်ဆေးရည်ကို သုံးပါ။
- လက်မဆေးရသေးဘဲ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို မကိုင်ပါနဲ့။
- အပြင်သွားတိုင်း maskတပ်ပါ။
- နေမကောင်းတဲ့သူနဲ့ အနီးကပ်မနေပါနဲ့။
- ကိုယ်နေမကောင်းဖြစ်ရင်လည်း အိမ်မှာပဲနေပါ။ မလိုအပ်ဘဲ ခရီးမသွားပါနဲ့။
- လူထူတဲ့နေရာကို မသွားပါနဲ့။
- ချောင်းဆိုးနှာချေတဲ့အခါ တစ်ရှူးနဲ့ လုံအောင်အုပ်ပါ။ ပြီးရင်လွှင့်ပစ်ပါ။
- မကြာခဏထိတွေ့တဲ့ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ပါ။ (ဥပမာ ဖုန်း)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။