သင့်မှာ နှလုံးရောဂါစွဲကပ်လာနိုင်ကြောင်း သတိပေးနေတဲ့ နိမိတ်လက္ခဏာ ၁၂ ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

နှလုံးရောဂါဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။

ဒီလို ဆိုးရွားတဲ့နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။

တကယ်လို့ သာမာန်အခြေအနေမှာ မိမိမှာ နှလုံးရောဂါဝေဒနာ စွဲကပ်လာနိုင်တဲ့ နမိတ်လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် နှလုံးရောဂါအဆင့်ကို မရောက်ရှိခင်မှာ တားဆီးထားနိုင်ဖို့ အခွင့်အလမ်းသာမှာဖြစ်ပါတယ်။

နှလုံးရောဂါရဲ့ ကြိုတင်အစဦး လက္ခဏာများ

ဒီလို ဆိုးရွားတဲ့နှလုံးရောဂါ စတင်လာနေပြီ၊ အစပျိုးနေပြီဖြစ်ကြောင်း ကြိုတင်သိရှိနိုင်တဲ့ နမိတ်လက္ခဏာတွေ ရှိပါတယ်။ ဒါတွေကို မျှဝေပေးချင်ပါတယ်။

လက္ခဏာတွေကတော့

  • ၁။ အိပ်နေစဉ်အသက်ရှုရပ်ခြင်း
  • ၂။ အဝါရောင် အင်ပြင်များထခြင်း၊
  • ၃။ မြဲမြဲမြံမြံဆုပ်ကိုင်နိုင်စွမ်း မရှိတော့ခြင်း၊
  • ၄။ လက်သည်းတွင် အမဲစက်များပေါ်လာခြင်း၊
  • ၅။ မကြာခန မူးဝေခြင်း၊
  • ၆။ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်း၊
  • ၇။ အသားအရည်နဲ့ အသားအရောင် ပြောင်းလဲလာခြင်း၊
  • ၈။ သွားဖုံးသွေးယိုခြင်း၊
  • ၉။ အရေပြားပေါ်တွင် အညိုအမဲစွဲခြင်း၊
  • ၁၀။ အသက်ရှူရခက်ခဲခြင်း၊
  • ၁၁။ ခြေထောက်များ ယောင်ကိုင်းလာခြင်း၊
  • ၁၂။ မောပန်းနွမ်းနယ်လာခြင်း၊

စတာတွေဖြစ်ပါတယ်။

ဒီလက္ခဏာတွေထဲက တစ်ချို့တလေရှိလာပြီဆိုရင် နှလုံးရောဂါဝေဒနာ စွဲကပ်ဖို့ အစပြုနေပြီဆိုတဲ့အကြောင်း ခန္တာကိုယ်ဆီက အသိပေးနေတဲ့ နိမိတ်စကားပဲဖြစ်ပါတယ်။

မိမိမှာ ဒီလက္ခဏာတွေရှိနေပြီဆိုရင် သတိထားဖို့ လိုအပ်မှာဖြစ်ပြီးတော့ ပြင်းထန်တဲ့ ရောဂါအဆင့်ကို ရောက်မလာစေဖို့ ကာကွယ်ကုသမှုတွေပြုလုပ်ဖို့ လိုအပ်တော့မှာဖြစ်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ

နှလုံးရောဂါဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းတွေအများအပြားရှိပါတယ်။ အဓိက အကြောင်းအရင်းတွေကတော့ ဆေးလိပ်၊ အရက်သောက်သုံးတာ၊ သွေးတိုးရှိတာ၊ အဝလွန်တာ၊ မျိုးရိုးလိုက်တာ စတာတွေပါပဲ။

ဒါ့အပြင် သွေးထဲမှာ အဆီဓါတ် (Cholesterol) တွေ တအားများနေရင်လည်း နှလုံးရောဂါပုံစံတစ်ခုဖြစ်တဲ့ သွေးကြောများမာပြီး ပိတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွေးဆိုတာဟာ နှလုံးကို အောက်စီဂျင်သယ်တဲ့တာဝန်ကို လုပ်တယ်ဆိုတာ သိထားပြီးသားဖြစ်ပါတယ်။ ထို့ကြောင့် တကယ်လို့ နှလုံးက လုံလောက်တဲ့ အောက်ဆီဂျင်နဲ့ သွေးကို မရပါက ရင်ဘတ်အောင့်ခြင်းတွေဖြစ်လာနိုင်ပါတယ်။

နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးတာ၊ သင့်လျော်တဲ့ လေ့ကျင့်ခန်းပြုလုပ်တာ၊ ဆေးဝါးပုံမှန်မှီဝဲတာနဲ့ ကိုယ်အလေးချိန်လျှော့ချတာတွေပြုလုပ်ပေးသင့်ပါတယ်။ ဆေးလိပ်နဲ့ အရက်သောက်သုံးတာ၊ ကွမ်းနဲ့ ဆေးရွက်ကြီး သုံးစွဲတာတွေကလည်း နှလုံရောဂါစွဲကပ်နိုင်စေတာမို့ ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် နေထိုင်မှုပုံစံမျိုးကို ပြောင်းလဲနေထိုင်တာဟာ နှလုံးရောဂါဝေဒနာ စွဲကပ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်ဆိုတဲ့အကြောင်းလည်း သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးလေးဖက်နာရောဂါနဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်တွေက ဘာတွေလဲ။

သွေးလေးဖက်နာ လေးဖက်နာရောဂါ အရိုးအဆစ်တွေပုံပျက် အရိုအဆစ်အမြစ်တွေရောင်ရမ်း Autoimmune အဆစ်တွေတောင့်တင်း ဆေးလိပ်သောက် အဝလွန်ခုခံအားကမောက်ကမဖြစ် နာတာရှည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်စဉ်ကလောက် ကိုယ်ခံအားစနစ်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ အားလျော့သွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

အူမကြီးကင်ဆာ အဖြစ်များတဲ့ကင်ဆာ ဆီးချိုရောဂါ အရက် ဆေးလိပ် အနီရောင်အသား အဝလွန် အူမကြီးအသားပို အူမကြီးရောင်ရမ်းတဲ့ရောဂါ ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
အူမကြီးကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 1, 2020 . 2 mins read

ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ပိုတက်ဆီယမ်ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းက ကြွက်သားတွေမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read
ကိုဗစ်ကာလမှာ ဝိတ်ချသင့်သလား

ကိုဗစ်ကာလမှာ ဝိတ်ချသင့်သလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read
ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read