နွား နို့ ၊ ပဲနို့နဲ့ အုန်းနို့ ဘယ်ဟာက ကျန်းမာရေးအတွက် ပိုအကျိုးပြုသလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
Share now

အရင်တုန်းကတော့ နို့ ဆိုရင် နွားနို့ အုန်းနို့လောက်သာ ကြားဖူးပေမယ့် ခုနောက်ပိုင်းမှာ နို့နဲ့ ပက်သက်တဲ့ သောက်စရာ အမျိုးအစားအများကြီး ပေါ်ထွက်လာပါပြီ။ အထူးသဖြင့် ပဲနို့ပေ့ါ။ လူတိုင်း လက်ခံထားကြတာကတော့ နွားနို့ရော ပဲနို့ရောက ကျန်းမာရေးအတွက် အကျိုးပြုတယ်။ အုန်းနို့ကတော့ ကျန်းမာရေးအတွက် သိပ်မကောင်းဘူးပေ့ါ။ ဒါတွေက အမှန်ပဲလား။

ဒီတော့ သူတို့ ၃ မျိုးကို နှိုင်းယှဉ်ကြည့်ရအောင်။

နွား နို့

ကောင်းကျိုး 

  • ပရိုတင်းဓာတ် အပြည့်ပါပြီး အခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါပါတယ်။ ဒါ့အပြင် နွားနို့မှာပါတဲ့ အဆီကြောင့် ကယ်လိုရီအပိုတွေထပ်ပြီးရစေလို့ အားအင်ရှိစေပါတယ်။
  • Lactose လို့ခေါ်တဲ့ နို့သကြားနဲ့ မတည့်တဲ့သူတွေ အတွက် Lactose Free ဆိုပြီး သီးသန့်ရှိတာကြောင့် သောက်ရတာ အဆင်ပြေစေပါတယ်။
  • ပါဝင်တဲ့ ကယ်လ်ဆီယမ်ကလည်း အရိုးနဲ့သွားတွေကို သန်စွမ်းကြံ့ခိုင်စေဦးမှာပါ။
  • အစာခြေစနစ်ကို အားဖြည့်ပေးပါတယ်။

ဆိုးကျိုး

  • အဆီထုတ်မထားတဲ့ နွား နို့ တွေမှာပါတဲ့ ပြည့်ဝဆီတွေနဲ့ ကယ်လိုရီ တွေကြောင့် သင့်ကိုယ်အလေးချိန်ကို တက်စေတဲ့အပြင် သွေးတွင်း အဆီများခြင်းကိုလည်း ဖြစ်စေပါတယ်။
  • Lactose လို့ခေါ်တဲ့ နို့သကြားဟာ တချို့ကလေးတွေ အတွက် ဓာတ်မတည့်မှုကို ဖြစ်စေပြီး ဝမ်းလျှောစေပါတယ်။

နွား နို့ ၊ ပဲနို့နဲ့ အုန်းနို့ ဘယ်ဟာက ကျန်းမာရေးအတွက် ပိုအကျိုးပြုသလဲ ။ ။

ပဲနို့

ကောင်းကျိုး 

  • ပရိုတင်း၊ ဗီတာမင် အေ ၊ ဗီတာမင် B12 ၊ ပိုတက်ဆီယမ်နဲ့ isoflavones ကြွယ်ဝစွာပါပြီး ကယ်လ်ဆီယမ်နဲ့ ဗီတာမင် သတ္တုဓာတ်တွေ ဖြည့်စွက်ထည့်လို့ရတဲ့နို့တစ်မျိုးပါ။
  • နွားနို့လိုပဲ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါပေမယ့် နွားနို့ထက်တော့ ကယ်လိုရီနည်းပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ထိန်းတဲ့သူတွေ အတွက် အရမ်းကိုသင့်တော်ပါတယ်။
  • ဒါ့အပြင် ပြည့်ဝဆီ ပါဝင်မှုလည်း နည်းတာကြောင့် သွေးတွင်း အဆီများခြင်းကို မဖြစ်စေပါဘူး။

ဆိုးကျိုးများ 

  • ပဲပိစပ်က တချို့သောသူတွေအတွက် ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အစားအသောက်တစ်ခုပါ။
  • ပဲ နို့ အများကြီးသောက်လိုက်မိရင် သိုင်းရွိုက်ဟော်မုန်း ပမာဏ ကမောက်ကမဖြစ်စေတာကြောင့် သိုင်းရွိုက်ပြဿနာရှိတဲ့သူတွေ မသောက်သင့်ပါဘူး။
  • ဒါ့အပြင် တချို့ ပဲနို့တွေက သဘာဝပဲပိစပ်ကို အခြေခံ ထုတ်ထားတာ မဟုတ်တဲ့အတွက်ကြောင့် ဓာတုပစ္စည်းတွေရဲ့ အန္တရာယ် ပါဝင်လာနိုင်ပါတယ်။

အုန်းနို့

ကောင်းကျိုး

  • ကယ်လ်ဆီယမ်၊ ဗီတာမင် A နဲ့ ဗီတာမင် D တွေပါအောင် ဖြည့်စွက်ထည့်လို့ရတဲ့ နို့တစ်ခုပါ။

ဆိုးကျိုး 

  • အုန်းနို့ထဲမှာ ပြည့်ဝဆီတွေ အများကြီးပါတယ်ဆိုတာ သတိထားသင့်ပါတယ်။
  • ဒါ့အပြင် အုန်းနို့ဟာ ပရိုတင်းဓာတ်ပါတဲ့ နို့တစ်ခု မဟုတ်ပါဘူး။
  • အုန်းနို့မှာပါတဲ့ carrageenan က အစာခြေစနစ် ပြဿနာကို ဖြစ်စေတဲ့ နို့တစ်ခုပါ။
  • ဒါ့အပြင် အုန်း နို့ စားတာများတဲ့အခါ ချွဲကျပ်ခြင်း၊ ခေါင်းမူးခြင်း သွေးတိုးခြင်း စတဲ့ ပြဿနာတွေကိုလည်း ခံစားရတတ်ပါတယ်။

နွားနို့၊ ပဲနို့၊ အုန်းနို့ ထဲမှာ ဘယ်ဟာက ကျန်းမာရေးကို အထောက်အကူပြုနိုင်သလဲ။ နို့ တစ်ခုချင်းစီရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို လေ့လာနိုင်ပါတယ်။

ဒီတော့ ဒီ နို့ ၃ မျိုးလုံးမှာ အပြစ်အကင်းဆုံးနဲ့ အကောင်းဆုံးအရာတွေပဲ စုနေတဲ့ နို့ဆိုတာ မရှိပါဘူး။ အားလုံးမှာ အားသာချက် အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ကျန်းမာရေးကို ထိခိုက်နိုင်လား မထိခိုက်နိုင်ဘူးလားဆိုတာကတော့ စားတဲ့သူပေါ်မှာပဲ မူတည်နေတာကြောင့် အားလုံးကို ပမာဏ လွန်အောင် မစားဘဲ သင့်တင့်ရုံသာစားဖို့ အကြံပေးချင်ပါတယ်။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ကျီးကန်းပါးစပ်ဝေဒနာကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။

ရေးသားသူ Ye Zon Aung
အခြားခံတွင်းရောဂါ ပြဿနာများ ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

စိတ်ပူပင်လို့ ရင်တုန်လာတာလား ......... နှလုံးရောဂွ ခံစားနေရလို့များ ရင်တုန်နေတာလား ဆိုပြီး စိတ်ပူနေတဲ့ စာဖတ်သူတွေ ရှိကြလား....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

စိတ်ပူပင်စရာ ကိုတော့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရနိုင်ပါတယ်။ စိုးရိမ်ပူပန်မှု လွန်ကဲတဲ့သူတွေမှာတော့ မကြာခဏပြင်းထန်ပြီး လွန်ကဲတဲ့ စိုးရိမ်မှုကို ခံစားနေရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read
how-hope-affects-your-health မျှော်လင့်ချက်ထား

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read