နွားနို့ မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ ဆိုတော့
- နွားနို့ကို ဘယ်အချိန်သောက်တာအကောင်းဆုံးလဲ
မနက်လား၊နေ့လယ်လား။ ညနေလား ဒါမှမဟုတ် ညအိပ်ခါနီးလား။ မနက်ခင်းအစောပိုင်းကလွဲရင် ကျန်တဲ့အချိန်တိုင်းမှာ နွားနို့သောက်လို့ရပါတယ်။
မနက်ခင်းသောက်ရင် ….. အစာကြေခဲပြီး အစာခြေစနစ်ကို ဝန်ပိစေနိုင်ပါတယ်။
နေ့လယ်ခင်းသောက်ရင် ……. ဆီးလမ်းကြောင်း ကျောက်တည်တာကို သက်သာစေပြီး အင်အားပြည့်စေပါတယ်။
ညနေခင်းသောက်ရင်……..မျက်လုံးကျန်းမာစေနိုင်တယ်။
ညအိပ်ခါနီးသောက်ရင်….. ပင်ပန်းတာကို သက်သာစေတယ်။ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်။

- နွားနို့က လူတိုင်းနဲ့ တည့်လား
နွားနို့က ကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့် လူတိုင်းနဲ့ မတည့်ပါဘူး။ နို့သကြားဓာတ်မစုပ်ယူနိုင်သူတွေက နွားနို့မသောက်သင့်ပါဘူး။
- တစ်နေ့ကို နွားနို့တစ်ခွက်ပဲ သောက်သင့်တယ်
အသက် ၈ နှစ်အထက် ကလေးတွေကနေစလို့ လူကြီးတွေဟာ တစ်နေ့ကို နွားနို့ ၂ ခွက်သောက်သုံးလို့ရသလို အခြားနို့ထွက်ပစ္စည်းတွေလည်း စားသုံးလို့ရပါတယ်။
- နွားနို့တိုင်းက ဘေးကင်းတယ်
နွားနို့က အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုမှန်ပေမယ့် ပြင်ဆင်ထုတ်ပိုးချိန်မှာ ရောဂါပိုးတွေ ကပ်ညှိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွားနို့တိုင်းဘေးကင်းတယ်လို့ မဆိုသာပါဘူး။ နွားနို့သောက်တဲ့အခါ သေချာပိုးသတ်ထားတဲ့ နွားနို့ကို ရွေးချယ်ဖို့လိုပါမယ်။
- ကလေးကို ဘယ်အချိန်မှာ နွားနို့တိုက်လို့ရလဲ
တစ်နှစ်အောက်ကလေးတွေကို နွားနို့မတိုက်သင့်ပေမယ့် တစ်နှစ်ပြည့်ပြီးရင်တော့ နွားနို့တိုက်လို့ရပါပြီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။