backup og meta

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

    ခန္ဓာကိုယ်ကြီးက စက်ယန္တရားတစ်ခုလိုပါပဲ။ အစိတ်အပိုင်းများစွာနဲ့ ဖွဲ့စည်းထားသလို အစိတ်အပိုင်းတစ်ခုစီတိုင်းကလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ နောက်တစ်ခုက စက်ယန္တရားတွေ လည်ပတ်စေဖို့အတွက် လောင်စာတွေ ဖြည့်ပေးရသလို ခန္ဓာကိုယ် ကျန်းမာဖို့လည်း အာဟာရတွေ ဖြည့်ပေးရပါတယ်။

    အာဟာရဆိုတဲ့နေရာမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလိုမျိုး ခုခံအားကို ထောက်ပံ့ပေးနိုင်မယ့် အာဟာရဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။ ဒါမှ ခန္ဓာကိုယ်က ကျန်းမာမှာပါ။ အခုလိုမျိုး ကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာဆိုရင် ကိုယ်ခံအား ကောင်းဖို့က ပိုပြီး အရေးကြီးပါတယ်။ ကာကွယ်ဆေး မရခင်စပ်ကြားမှာ ကိုယ်ခံအားကောင်းအောင် လုပ်တာက ကိုဗစ်ကို ကာကွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်နေလို့ပါ။

    ဒီတော့ ကိုယ်ခံအားကောင်းနေအောင် ဘယ်လိုတွေ အားဖြည့်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရ အောင်နော်။

    အစာစားတိုင်း အာဟာရပြည့်ဝစွာ ရရှိတယ်လို့ မဆိုနိုင်ပါဘူး။

    နေ့တိုင်း စားနေတဲ့ အစားအသောက်တွေက ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်းပေးဖို့လို့ဆိုပေမယ့် ကိုယ်တိုင်က အစားရွေးရင်ဖြစ်ဖြစ်၊ လုံလောက်အောင် မစားရင်ဖြစ်ဖြစ်၊ အစာအာဟာရတွေကို စိုက်ပျိုးထုတ်လုပ်မှုမှာ ပြုပြင်ထားတာတွေ၊ ပိုးသတ်ဆေး အသုံးပြုတာတွေကြောင့်ဖြစ်ဖြစ်  အာဟာရပမာဏ ပြည့်ပြည့်ဝဝ မပါဝင်တာမျိုး ဖြစ်နိုင်ပါတယ်။

    နောက်တစ်ချက်က တိုးတက်လာတဲ့ခေတ်နဲ့အမီ ထွက်ပေါ်လာတဲ့ အသင့်စား၊ အမြန်စား၊ ပြုပြင်ထားတဲ့ စားစရာတွေပေါ့။ ဒီလို အစားအစာတွေက ဗိုက်ပြည့်စေတာ မှန်ပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရလိုအပ်ချက်ကို ပြည့်မီအောင် မဖြည့်ပေးနိုင်တာမျိုး ရှိနိုင်ပါတယ်။

    ဒါကြောင့် အစားတွေ စားနေပေမယ့် သံဓာတ်မပြည့်ဝလို့ သွေးအားနည်းရောဂါဖြစ်တာ၊ အသားဓာတ် မပြည့်ဝလို့ ကြီးထွားဖွံ့ဖြိုးမှု နှေးတာ၊ ကိုယ်ခံအားနည်းတာ (ဖျားနာလွယ်တာ)လိုမျိုး ပြဿနာတွေကို ကြုံတွေ့လာရတာပါ။

    ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးဖို့ တာဝန်ရှိပါတယ်

    ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးဖို့ တာဝန်ရှိပါတယ်

    ကိုယ်ခံအားစနစ်ဆိုတာ မွေးစကတည်းက ကိုယ်နဲ့ တစ်ပါတည်းပါလာခဲ့တဲ့ သက်တော်စောင့်လေးပါ။ ရောဂါတွေ၊ ပိုးမွှားတွေ အန္တရာယ်ကနေ စွမ်းစွမ်းတမံ ကာကွယ်ပေးနေတဲ့အရာပေါ့။ ရောဂါဆိုးကြီးတွေကို ကာကွယ်နိုင်မယ့်ဆေးတွေ၊ ကုသနိုင်မယ့်ဆေးတွေ မပေါ်ခင်မှာ ကိုယ်တွေကို ရောဂါဆိုးတွေကနေ ကာကွယ်ပေးမယ့် တစ်ခုတည်းသောအရာက သဘာဝက လက်ဆောင်အဖြစ် ထည့်ပေးလိုက်တဲ့ ကိုယ်ခံအားပါ။ အခုလို ကာလမှာလည်း ခန္ဓာကိုယ်ထဲကို ကိုဗစ် ကူးစက်မခံရအောင် ကာကွယ်ပေးထားတဲ့ တစ်ခုတည်းသောအရာကလည်း ကိုယ်ခံအားပါပဲ။

    ကိုယ်ခံအားက အခမဲ့ လက်ဆောင်ရထားတဲ့ သက်တော်စောင့်ဆိုပေမယ့် သူ့ကိုလည်း သေချာပေါက် အားဖြည့်ပေးဖို့ လိုပါမယ်။ ဒါမှလည်း ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်မှာပါ။ ကိုယ်ခံအားစနစ်ကျန်းမာနေမှ ရောဂါဆိုးတွေရန်က ကင်းမှာပါ။ (ဥပမာ တုပ်ကွေး၊ ကိုဗစ်ဗိုင်းရပ်စ် စတာတွေပါ။)

    ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးမယ့် သူရဲကောင်းလေးများ

    ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးမယ့် သူရဲကောင်းလေးများ

    ကိုယ်ခံအားစနစ်ကို ကျန်းမာနေစေဖို့ အားဖြည့်ပေးမယ့် အရာလေးတွေ ရှိပါတယ်။ ဒီအရာလေးတွေကတော့

    ဗီတာမင်များ

    ဗီတာမင်တွေက ကိုယ်ခံအားစနစ်ကျန်းမာစေဖို့ အားဖြည့်ပေးတဲ့အရာလေးတွေပါ။ နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ပါတဲ့ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် Bအုပ်စု၊ ဗီတာမင် D၊ ဗီတာမင် E စတာတွေက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးထားတဲ့ အရာတွေပါ။

    သတ္တုဓာတ်များ

    သတ္တုဓာတ်တွေကလည်း ဗီတာမင်တွေနည်းတူ ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အားဖြည့်ပေးတဲ့အရာတွေပါ။ ဥပမာ –

    • သံဓာတ် ဆိုရင် သွေးဆဲလ်တွေဆီ အောက်ဆီဂျင်ရောက်ရှိမှု ကောင်းအောင် လုပ်ဆောင်ပေးပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
    • ဇင့်ဓာတ် ဆိုရင် ကိုယ်ခံအားဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ပေးပါတယ်။
    • ဆီလီနီယမ် ဆိုရင် ကူးစက်ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်နိုင်စေဖို့အတွက် ကိုယ်ခံအားကို အားဖြည့်ပေးပါတယ်။
    • ကော့ပါးဆိုရင် ကိုယ်ခံအားဆဲလ်တွေကို ရောဂါပိုးတွေဝင်ရောက်လာတဲ့အခါ အကောင်းဆုံး တိုက်ဖျက်နိုင်စေဖို့ အားဖြည့်ပေးပါတယ်။ ဒါတွေအပြင် ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖောလိတ်၊ ကယ်လ်ဆီယမ် စတာတွေကလည် ခန္ဓာကိုယ်နဲ့ ကိုယ်ခံအားစနစ်ကျန်းမာသန်စွမ်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနေပါတယ်။

    ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ နောက်ထပ်အရာတစ်ခုကတော့ ရှေးယခင်ကာလတွေကတည်းက ကိုယ်ခံအားကို အားဖြည့်ပေးတဲ့အရာအဖြစ် လက်ခံသုံးစွဲခဲ့ကြတဲ့ ဂျင်ဆင်းပါ။ ဂျင်ဆင်းက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ရောဂါတွေ ခံစားရနိုင်ခြေကနေ ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။

    ဂျင်ဆင်းက ကိုယ်ခံအားကောင်းစေသလို စိတ်ဖိစီးမှုကင်းစေတာကြောင့် စိတ်ကျန်းမာစေပြီး တက်ကြွလန်းဆန်းနေစေမှာပါ။ စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် အရာပေါ့။

    ကိုယ်ခံအားကောင်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေထဲမှာ အခုလို အာဟာရတွေကို ပြည့်ဝစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ဒီလိုဆိုတာနဲ့ အစားတွေကို ဘယ်လိုစားရမလဲ။ အပေါ်မှာ ပြောခဲ့တာတွေ အားလုံးပါအောင် ဘယ်လိုစားရမလဲဆိုပြီး တွေးပြီး စိတ်ညစ်မသွားပါနဲ့။ ဒီလိုအာဟာရတွေကို အပြည့်အဝရရှိစေမယ့် အလွယ်ကူဆုံး နည်းလမ်း တစ်ခု ရှိပါတယ်။ ဒါကတော့ ဖြည့်စွက်အာဟာရကို သုံးစွဲတာပါ။

    အစားသိပ်မစားနိုင်တဲ့သူဖြစ်မယ်။ သက်ကြီးရွယ်အိုတွေဖြစ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝနေစေဖို့ အာဟာရလိုအပ်ချက်နဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတဲ့ အားဆေး၊ ဖြည့်စွက်အာဟာရ စတာတွေကို စားသုံးပေးလို့ရပါတယ်။ ဒါက ပမာဏနည်းနည်းနဲ့ အထိရောက်ဆုံးဖြစ်မယ့် ကိုယ်ခံအား အားဖြည့်နည်းတစ်ရပ်ပါ။

    အခုလို စိတ်ရောကိုယ်ပါ ဖိစီးနေရတဲ့ကာလမျိုးမှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းပြီး ကိုယ်ခံအားကောင်းစေဖို့ဆိုရင် နေ့စဉ် စားသုံးနေကျ အစားအစာတွေအပြင် ဖြည့်စွက်အားဆေးကို မှီဝဲဖို့ လိုပါမယ်။

    ကိုယ်ခံအားကောင်းမှလည်း စိတ်ရောကိုယ်ပါကျန်းမာရွှင်လန်းပြီး နေ့ရက်တိုင်းမှာ အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။ ဒီတော့ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်စေဖို့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ အရာလေးတွေကို ပြည့်ဝအောင် ဖြည့်တင်းပေးရင်း ကိုဗစ်အန္တရာယ်ကို ကာကွယ်လိုက်ရအောင်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement