backup og meta

ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေး နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေး နဲ့ ကျန်းမာရေး

    ချဉ်ပေါင်ဟင်းနဲ့ ငပိထောင်းနဲ့ပဲ တွဲစားစား၊ ဘဲဥချဉ်ဟင်း နဲ့ ငပိရည်ဖျော်တဲ့အခါ အတို့အမြှုပ်အနေနဲ့ပဲ စားစား စားလို့ကောင်းတဲ့ အတို့အမြှုပ်လေး တစ်ခုရှိပါတယ်။ ဒါကတော့ အရောင်အသွေးက အဖြူရောင်၊ ခရမ်းရောင်ဆိုပြီး အရောင်အသွေး စုံလင်စွာနဲ့ တွေ့ရတတ်တဲ့ ခရမ်းကြွပ်သီးလေးတွေပါ။ ဒီအသီးလေးတွေမှာ ဆေးဖက်ဝင် အာနိသင်တွေ ရှိသလို ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေး မှာလည်း ဆေးဖက်ဝင် အာနိသင်တွေလည်း ရှိပါတယ်။

    ဘယ်လို ဆေးဖက်ဝင် အာနိသင်တွေများ ရှိတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်လား ……..

    ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေး မှာပါတဲ့ အာဟာရဓာတ်တွေက ဘာတွေ ဖြစ်မလဲ …….

    ခရမ်းကြွပ်သီးလေးက အာဟာရ ကြွယ်ဝသလို အရွက်လေးမှာလည်း အခုလို  အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

    ခရမ်းကြွပ်သီးပင် အရွက်က စားလို့ ရလား …….

    ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေးက စားလို့ရပါတယ်။ အရွက်နုနုလေးဆို ပိုအဆင်ပြေပါတယ်။ အရွက် နုနုလေးကို ရေနွေးဖျောပြီး တို့စားလို့ရသလို၊ ဆီချက်၊ ကြက်သွန်နီ၊ မြေပဲ၊ ပုစွန်ခြောက်တို့ကို ထောင်းပြီးတော့လည်း စားသုံးပေးလို့ ရပါတယ်။

    ပြုတ်ရည်ကို သောက်ပေးလို့လည်း ရပါတယ်။ အရွက်ကို သေချာ ရေစင်အောင် ဆေးပြီးမှ ပြုတ်ဖို့တော့ လိုပါမယ်။

    ခရမ်းကြွပ်သီးပင်က အရွက်လေး နဲ့ ကျန်းမာရေး

    ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေး နဲ့ ကျန်းမာရေး

    ခရမ်းကြွပ်သီးလေးကတင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အရွက်လေးကလည်း အခုလို ဆေးဖက်ဝင်ပါတယ်။

    ကျောက်ကပ် သန့်စင်ပေးတယ်

    ခရမ်းကြွပ်သီးပင်ရဲ့ အရွက် က ကျောက်ကပ်က အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ သေချာသန့်စင်ထားတဲ့ အရွက်ကို ရေနွေးဆူဆူထဲ ထည့်ပြုတ်ပြီး သောက်ပေးတာကလည်း နည်းလမ်းကောင်းပါပဲ။

    ကိုယ်ဝန်ဆောင် မေမေ ကျန်းမာစေနိုင်တယ်

    ခရမ်းကြွပ်သီးပင်ရဲ့ အရွက် ထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် မေမေ့ကိုရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။

    ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေပြီး ပေါင်မပြည့်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးကို မွေးရာပါ ချို့ယွင်းချက် မပါအောင် ထောက်ကူ ပေးသလို လမစေ့ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အမြင်အာရုံ ကျန်းမာစေပါတယ်

    ခရမ်းကြွပ်သီးပင်ရဲ့ အရွက်မှာ nicotinoid alkaloids ပါဝင်နေတာကြောင့် အမြင်အာရုံကို ကျန်းမာစေပါတယ်။ ရေတိမ် မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

    ကင်ဆာ ကာကွယ်ပေးပါတယ်

    ခရမ်းကြွပ်သီးပင်ရဲ့ အရွက် မှာ ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးနိုင်တဲ့ phytochemicals ပါဝင်နေတာကြောင့် ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကင်ဆာကြောင့် ရောင်ရမ်းတာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

    သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်

    ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးမတိုးစေဖို့နဲ့ နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး အဝမလွန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    သွေးတွင်းသကြားဓာတ် ကျဆင်းစေနိုင်တယ်

    အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်က သကြားဓာတ် စုပ်ယူမှုကို လျှော့ချပေးပြီး သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အူနံရံတွေကို ကျန်းမာစေသလို အူမကြီး အပါအဝင် အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး ဝမ်းမချုပ်စေဖို့ ထောက်ကူပေးပါတယ်။

    ဒါတွေအပြင် သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို ဝိတ်ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    ဘာတွေ သတိထားရမလဲ!

    ခရမ်းကြွပ်သီးက လူအများစုနဲ့ တည့်သလို ခရမ်းကြွပ်သီးအရွက်တွေကလည်း တော်တော်များများနဲ့ တည့်ပါတယ်။ ရောဂါအခံ ရှိသူတွေ ကလေးငယ်တွေ ကိုယ်ဝန်ဆောင်တွေအနေနဲ့တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    ကဲ ….. အသီးလေးမှာတင် မဟုတ်ပါဘူး။ ခရမ်းကြွပ်သီးပင်ရဲ့ အရွက်လေး ကလည်း အခုလိုလေး ဆေးဖက်ဝင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement