မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
သစ်သီးတွေမှာဟင်းရွက်တွေလိုပဲဗီတာမင်၊ သတ္တုဓါတ် နဲ့အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။
သစ်သီးတွေမှာကာဗိုဟိုက်ဒရိတ်လည်းပါတဲ့အတွက်သူတို့ကိုသင့်အစားအစာရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်မှတ်ယူနိုင်ပါတယ်။ လတ်ဆတ်တဲ့သစ်သီးဒါမှမဟုတ်သစ်သီးအသုပ်လေးတွေကသင့်ကိုခံတွင်းတွေ့စေမှာဖြစ်သလိုအာဟာရဓါတ်အပိုတွေလည်းရစေမှာပါ။
အကောင်းဆုံးသစ်သီးရွေးချယ်မှုဆိုတာကသကြားထပ်မထည့်ထားဘဲသဘာဝအတိုင်းလတ်ဆတ်တဲ့၊အအေးခံထားတဲ့သစ်သီးတွေပဲဖြစ်ပါတယ်။
သစ်သီးထည့်ထားတဲ့အချိုရည်၊သစ်သီးခြောက်နဲ့၁၀၀ရာခိုင်နှုန်းသစ်သီးဖျော်ရည်တွေကလည်းအာဟာရပြည့်တဲ့ရွေးချယ်မှုတွေပါပဲ။ ဒါပေမယ့်သူတို့ပမာဏက နည်းတဲ့အတွက်တခြားအစားအစာတွေလောက်တော့ဗိုက်ပြည့်မှာမဟုတ်ပါဘူး။
သစ်သီးတစ်လုံးရဲ့ အစိတ်လေးတစ်ခု (သို့) အအေးခံထားတဲ့ သစ်သီး (သို့) စည်သွပ်သစ်သီး ခွက်တစ်ဝက်လောက်မှာ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်လောက်ပါပါတယ်။ ဘယ်ရီသီးတွေနဲ့ ဖရဲသီးတွေရဲ့ တစ်ခါစားပမာဏက ခွက်ရဲ့လေးပုံသုံးပုံကနေ တစ်ခွက်ထိပါ။ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်ရဖို့ အသီးအပေါ်လိုက်ပြီး ခွက် သုံးပုံတစ်ပုံကနေ နှစ်ပုံတစ်ပုံထိ ကွာခြားနိုင်ပါတယ်။
စပျစ်သီးခြောက်၊ဘယ်ရီသီးခြောက်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းမှာတော့ကာဗိုဟိုက်ဒရိတ်၁၅ဂရမ်ပါဝင်ပါတယ်။ ဒါကြောင့်သင်စားတဲ့ပမာဏတွေကိုသတိပြုပါ။
သစ်သီးတွေကိုတခြားကာဗိုဟိုက်ဒရိတ်အရင်းအမြစ်တွေနေရာမှာအစားထိုးပြီးစားသောက်လို့ရပါတယ်။ဥပမာ – ဆန်မှုန့်ပြောင်းမှုန့်၊ ကောက်ပဲသီးနှံများ၊နို့ထွက်ထုတ်ကုန်များ
ပန်းကန်အသုံးပြုစားသုံးတဲ့နည်းလမ်းအတွက်ဆိုရင်တော့အချိုပွဲအတွက်အသီးစိတ်လေး (သို့) အသီးသုပ်ခွက်တစ်ဝက်က သင့်ပန်းကန်ထဲတွင်ရှိသော ကစီဓါတ်မပါသော အသီးအရွက်များ၊ ကစီဓါတ်ပမာဏအနည်းငယ် နဲ့ပရိုတင်းအစားအစာများအတွက် ကောင်းမွန်တဲ့ ဖြည့်စွက်စာတစ်ခုပါပဲ။
အသီးတော်တော်များများမှာglycemic index (GI) (ကလူးကိုစ့်) ပါဝင်မှုနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့မှာ fructose လို့ခေါ်တဲ့သကြားဓါတ်တစ်မျိုးနဲ့အမျှင်ဓါတ်ပါဝင်မှုများလို့ပါ။ ဖရဲသီးနဲ့နာနတ်သီးတွေမှာတော့ GI ပါဝင်မှုအလယ်အလတ်ရှိပါတယ်။ တချို့အသီးခြောက်တွေဖြစ်တဲ့စွံပလွန်ခြောက်၊စပျစ်ခြောက်နဲ့ဘယ်ရီသီးခြောက်တွေမှာလည်း GI ပါဝင်မှုအလယ်အလတ်ရှိပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။