backup og meta

အရိုးသိပ်သည်းဆဆိုတာဘာလဲ


Phyo Wai Yan မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးသိပ်သည်းဆဆိုတာဘာလဲ

    သင်ဟာအရိုးသိပ်သည်းဆအကြောင်းကိုကြားဖူးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် အဲ့ဒါဟာ ဘာကိုဆိုလိုသလဲဆိုတာသင်သေချာသိပါသလား။ ယခုဆောင်းပါးကတော့ သင့်ကိုအရိုးသိပ်သည်းဆအကြောင်းအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

    အရိုးသိပ်သည်းဆဆိုတာဘာလဲ။

    သန်မာတဲ့အရိုးများဟာ ခန္ဓါကိုယ်တစ်ခုလုံးကိုထောက်ပံ့ပေးနေတာကြောင့်မို့ အရေးကြီးပါတယ် ။ သူတို့ဟာ ကြွက်သားများ၊ အရွတ်များ ၊ အင်္ဂါများတွယ်ကပ်နိုင်ဖို့ ဘောင်တစ်ခုသဖွယ်ဆောင်ရွက်ပေးပါတယ်။ အရိုးများဟာ သွေးဖြူဥနှင့် သွေးနီဥများထုတ်လုပ်ရာစက်ရုံကြီးဟု ဆိုလျှင်လည်း မမှားပါဘူး။

    အရိုးသိပ်သည်းဆဆိုသည်မှာ သင့်ရဲ့အရိုးထဲမှာရှိနေတဲ့သတ္တုပမာဏကိုဆိုလိုတာပဲဖြစ်ပါတယ်။

    အရိုးသိပ်သည်းဆကိုဘယ်လိုစမ်းသပ်မလဲ။

    အရိုးသိပ်သည်းဆကိုစမ်းသပ်တဲ့ အရိုးသိပ်သည်းဆတိုင်းတာမှုဟာ သင့်အရိုးများကျန်းမာမှုကိုသိရှိရအောင်စမ်းသပ်တဲ့စမ်းသပ်မှုတစ်ခုပဲဖြစ်ပါတယ်။ ရလဒ်ဟာ သင့်ရဲ့အရိုးသိပ်သည်းဆကို ပြသပါတယ်။ ထို့နောက် ဆရာဝန်ဟာ ထိုရလဒ်ကို သာမာန်ကျန်းမာသူရဲ့အရိုးသိပ်သည်းဆနဲ့နှိုင်းယှဉ်ပြီး စစ်ဆေးပါလိမ့်မယ်။ ဒီလိုစစ်ဆေးခြင်းအားဖြင့် သင့်အရိုးပြဿနာများကို သိရှိနိုင်ပါတယ်။

    – အကယ်၍ သင့်မှာ အရိုးပွရောဂါရှိနေလျှင် ရလဒ်ဟာ ဆရာဝန်ကို ဆုံးဖြတ်ရ ပိုလွယ်ကူစေပါလိမ့်မယ်။ အကယ်၍ သင့်မှာ အရိုးပွရောဂါရှိနေလျှင် သင့်ရဲ့အရိုးတွေဟာ ပိုပြီး ကျိုးလွယ်ပါလိမ့်မယ်။

    – ယခုလို စမ်းသပ်ခြင်းဟာ သင်အရိုးကျိုးနိုင်ချေမည်မျှရှိသည်ကိုလည်း သိရှိနိုင်ပါလိမ့်မယ်။

    – အရိုးပွရောဂါအတွက် ကုသခြင်းဟာ ထိရောက်မှုရှိမရှိ (သို့) သင်ဟာ ကုသမှုကိုတုံ့ပြန်ခြင်းရှိမရှိ ယခုလို စမ်းသပ်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ် ။

    အရိုးသိပ်သည်းဆကို စစ်ဆေးတဲ့ စစ်ဆေးမှုများဟာ ဓါတ်ရောင်ခြည်များကို အသုံးပြုပြီး သင့်အရိုးထဲမှာရှိတဲ့ ကယ်စီယမ်ပမာဏကို တိုင်းတာခြင်းပဲဖြစ်ပါတယ်။ အများဆုံး စစ်ဆေးတဲ့ အစိတ်အပိုင်းတွေကတော့ ပေါင်၊ ကျောရိုး နှင့် လက်မောင်းတို့ပဲဖြစ်ပါတယ်။ အရိုးသိပ်သည်းဆ စစ်ဆေးခြင်းဟာ လွယ်ကူပြီး နာကျင်မှုမရှိသည့်အပြင် မြန်ဆန်ပါတယ်။ အချို့စစ်ဆေးမှုများကို ဆေးဆိုင်မှာပင် လုပ်နိုင်သော်လည်း ဆေးရုံမှာလုပ်ကြတာများပါတယ် ။

    ဘယ်အချိန်မှာ အရိုးသိပ်သည်းဆ စစ်ဆေးခြင်းကိုလုပ်သင့်သလဲ။

    – အရပ်ပုသွားတဲ့အခါ ။ အကယ်၍သင့်ရဲ့အရပ်ဟာ 4 centimeters လောက်ပုသွားတဲ့အခါ အရိုးသိပ်သည်းဆ စစ်ဆေးခြင်းကိုပြုလုပ်သင့်ပါပြီ။ သင့်ရဲ့ကျောရိုးမှာ အရိုးကျိုးနေတာတွေရှိနေနိုင်ပြီး အရိုးပွရောဂါကြောင့် ဖြစ်နိုင်ပါတယ်။

    – သင့်မှာဒဏ်ရာမရရှိဘဲ အရိုးကျိုးနေတဲ့အခါ ။သင့်ရဲ့အရိုးများဟာ ကျိုးလွယ်နေတဲ့အခါ ပြင်းပြင်းထန်ထန် ချောင်းဆိုးခြင်း နှာချေခြင်းများကပင် သင့်ရဲ့အရိုးများကိုထိခိုက်စေနိုင်ပါတယ် ။

    – သင်ဟာ အချို့ဆေးဝါးတွေ သောက်သုံးနေတဲ့အခါ။ စတီးရွိုက်ကဲ့သို့သော ဆေးဝါးတွေဟာ အရိုးပွခြင်းကိုဖြစ်စေနိုင်ပါတယ် ။

    – သင့်ရဲ့ဟော်မုန်းပမာဏဟာ အကြောင်းရင်းမရှိဘဲ ရုတ်တရက်ကျသွားတဲ့အခါ ။ ကင်ဆာရောဂါအတွက် ကုသမှုတွေဟာ oestrogen နှင့် testosterone ကဲ့သို့ဟော်မုန်းပမာဏများကို ကျစေပါတယ်။ ထိုဟော်မုန်းပမာဏများ ကျသွားတဲ့အခါ အရိုးများအားနည်းလာကြပါတယ် ။

    အရိုးထုထည်နည်းလာခြင်းနှင့် အရိုးပွခြင်း။

    ရလဒ်ဟာ မည်သို့ကုသခြင်းဟာ သင်နဲ့သင့်တော်မယ်ဆိုတာ ဆရာဝန်ဆုံးဖြတ်ရာမှာ ကူညီပေးပါလိမ့်မယ်။ ဆရာဝန်ဟာ ဗီတာမင်ဒီနှင့် ကယ်စီယမ်ပါဝင်သောအစားအစာများစားသုံးခြင်းနှင့် လမ်းလျှောက်ခြင်း၊ အနှေးပြေးခြင်း စသည့်ကောင်းသည့်အလေ့အထတို့ကို လုပ်ဆောင်ခိုင်းပါလိမ့်မယ်။

  • အရိုးထုထည်နည်းလာခြင်း ။
  • အရိုးထုထည်နည်းလာခြင်းဆိုသည်မှာ သင့်အရိုးရဲ့သိပ်သည်းဆဟာ ပုံမှန်ပမာဏထက်နည်းလာခြင်းဖြစ်ပါတယ် ။ သို့သော် အရိုးပွခြင်းအထိတော့မဖြစ်နိုင်သေးပါ။ အရိုးထုထည်နည်းလာတဲ့ လူတိုင်းအရိုးပွရောဂါမဖြစ်ပေမယ့် ထိုရောဂါဖြစ်နိုင်ချေတော့များလာပါလိမ့်မယ်။

    • အရိုးပွခြင်း။

    အကယ်၍ သင့်ရဲ့ရလဒ်ဟာ သင့်မှာအရိုးပွရောဂါရှိနေပြီဟု ဖော်ပြလျှင်တော့ သင့်အရိုးသိပ်သည်းဆဟာ အရမ်းကိုနည်းနေပါပြီ။ သင့်ရဲ့အရိုးများဟာ အသေးစားထိခိုက်မှုလေးများနှင့်ပင် ကျိုးလွယ်နေပါလိမ့်မယ်။

    အရိုးသိပ်သည်းဆဆိုသည်မှာ သင့်အရိုးကျန်းမာမှုနှင့် အရိုးဒဏ်ရာများ နှင့် ရောဂါများဖြစ်နိုင်မှုကို ဖော်ပြပေးနေသည့် စံနှုန်းတစ်ခုပဲ ဖြစ်ပါတယ် ။

    သင့်ရဲ့အရိုးသိပ်သည်းဆကို စစ်ဆေးဖို့ ဆရာဝန်များဟာ အရိုးသိပ်သည်ဆစမ်းသပ်မှုများကို လုပ်ပါလိမ့်မယ်။ ရလဒ်ကိုအခြေခံပြီး ဆရာဝန်များဟာ သင့်ရဲ့အခြေအနေကို ကုသရာတွင် (သို့) ကာကွယ်ရာတွင်ကူညီပါလိမ့်မယ်။

    Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement