ဂျုံခေါက်ဆွဲပြုတ် – မနက်ခင်းမှာ ကြက်စွပ်ပြုတ်ပူပူလေးထဲကို ဂျုံခေါက်ဆွဲထည့်ပြုတ်ပြီးစားပေးတာက ပရိုတင်း( အသားဓါတ်) အပြင် ကစီဓါတ်ကိုပါရရှိစေနိုင်ပါတယ်။ အသီးအရွက်တွေပါထည့်ပြီး စားသုံးမယ်ဆိုရင် အစာခြေစနစ် ကျန်းမာစေမယ့် အမျှင်ဓါတ်ကိုပါရရှိစေမှာပါ။
ခေါက်ဆွဲကြော်၊ ကြာဇံကြော် – ဆန်နဲ့လုပ်ထားတဲ့ ကြာဇံ၊ ဂျုံနဲ့လုပ်ထားတဲ့ ခေါက်ဆွဲတို့ကို အသား၊ အသီးအရွက်၊ ကြက်ဥတို့နဲ့တွဲစပ်မှုက အရသာရှိရုံတင်မဟုတ်ဘဲ ပရိုတင်း (အသားဓါတ်)၊ ကစီဓါတ်၊ အရိုးတွေကိုသန်မာစေနိုင်တဲ့ ဗီတာမင် D နဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓါတ်တို့ကိုပါရရှိစေနိုင်မှာပါ။
နွားနို့ နဲ့ ကွတ်ကီး – နွားနို့ မှာ ပရိုတင်း (အသားဓါတ်)၊ အရိုးနဲ့သွားတွေကြံ့ခိုင်စေတဲ့ ကယ်လ်ဆီယမ်၊ ခန္ဓါကိုယ်ကျန်းမာဖို့လိုအပ်တဲ့ ရေဓါတ်အပြင် အခြားအရေးပါတဲ့ အာဟာရဓါတ်များစွာပါဝင်နေပါတယ်။ နွားနို့ကို အုတ်ဂျုံနဲ့လုပ်ထားတဲ့ကွတ်ကီးနဲ့တွဲဖက်မှုက နှလုံးကျန်းမာစေပြီး သွေးတိုးနဲ့ ဆီးချိုကိုပါအထိရောက်ဆုံးဟန့်တားပေးနိုင်တဲ့ မနက်စာဖြစ်လာစေမှာပါ။ အကြောင်းကတော့ အုတ်ဂျုံမှာ သွေးအားကောင်းစေတဲ့ သံဓါတ်၊ ကော့ပါး၊ ဗီတာမင် B1၊ ဗီတာမင် B5 တို့ပါဝင်နေတာကြောင့် အာဟာရပြည့်ဝပြီး ကျန်းမာတဲ့မနက်စာဖြစ်စေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။