backup og meta

နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ

နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ

နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ အကြောင်း ပြောပြပေးချင်ပါတယ်။

နာနတ်သီးဖျော်ရည်ဟာ လူကြိုက်များတဲ့ အဖျော်ယမကာစာရင်းဝင်ဖြစ်ပြီး အပူပိုင်းဒေသတွေမှာ ပိုမိုရရှိနိုင်ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကင်ညာ၊ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတွေမှာ သောက်သုံးမှု ပိုမိုများပြားပါတယ်။ သာမန်အသီးဖျော်ရည်အနေနဲ့ မဟုတ်ဘဲ ဆေးဖက်ဝင်တဲ့ သဘောနဲ့ပါ သုံးစွဲတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

လက်ရှိသုတေသနတွေအရ နာနတ်သီးဖျော်ရည်မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ အစာချေဖျက်မှုကို အားကောင်းစေခြင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းစေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ သိပ္ပံနည်းကျသုတေသနပြုလုပ်ရာကနေ တွေ့ရှိထားတဲ့ နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။

နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ

နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ ကတော့

၁။ အာဟာရဓာတ် ကြွယ်ဝခြင်း

နာနတ်သီးဖျော်ရည်မှာ အာဟာရဓာတ်မျိုးစုံ ပါဝင်နေပါတယ်။ ဖျော်ရည်တခွက် (၂၄၀ မီလီလီတာခန့်) မှာ

• ကယ်လိုရီ။ ၁၃၂

• ပရိုတိန်း။ ၁ ဂရမ်လျော့လျော့

• အဆီဓာတ်။ ၁ ဂရမ်လျော့လျော့

• ကာဘိုဟိုက်ဒရိတ်။ ၃၃ ဂရမ်

• သကြား။ ၂၅ ဂရမ်

• အမျှင်ဓာတ်။ ၁ ဂရမ်လျော့လျော့

• မဂ္ဂနိစ်။ တနေ့တာလိုအပ်ချက်ရဲ့ ၅၅%

• မဂ္ဂနီဆီယမ်။ တနေ့တာလိုအပ်ချက်ရဲ့ ၇%

• ကြေးနီဓာတ်။ တနေ့တာလိုအပ်ချက်ရဲ့ ၁၉%

• ဗီတာမင် B6။ တနေ့တာလိုအပ်ချက်ရဲ့ ၁၅%

• ဗီတာမင် စီ။ တနေ့တာလိုအပ်ချက်ရဲ့ ၁၄%

• သိုင်ယာမင်း။ တနေ့တာလိုအပ်ချက်ရဲ့ ၁၂%

• ဖောလိတ်။ တနေ့တာလိုအပ်ချက်ရဲ့ ၁၁%

• ပိုတက်ဆီယမ်။ တနေ့တာလိုအပ်ချက်ရဲ့ ၇% စတာတွေ ပါဝင်ပါတယ်။

အထူးသဖြင့် မဂ္ဂနိစ်၊ ကြေးနီ၊ ဗီတာမင် B6 နဲ့ ဗီတာမင် C ပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်များဟာ အရိုးများကျန်းမာရေးကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအား မြင့်မားစေခြင်း၊ အနာကျက်မြန်စေခြင်း၊ စွမ်းအင်ထုတ်လုပ်ပေးခြင်း၊ တစ်သျှူးများ ဖွဲ့စည်းဖြစ်ပေါ်စေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

၂။ အခြားအကျိုးပြုဓာတ်ပစ္စည်းများ ပါဝင်ခြင်း

ဗီတာမင်နဲ့ သတ္တုဓာတ်များအပြင် နာနတ်သီးဖျော်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ အဆိုပါဓာတ်ပစ္စည်းများဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဖိစီးမှု၊ ကျန်းမာရေးနဲ့ မညီညွတ်သော စားသောက်မှုပုံစံ စတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ free radical လို့ခေါ်တဲ့ ဓာတ်ပစ္စည်းများကို ဓာတ်ပြယ်အောင် စွမ်းဆောင်ပေးပါတယ်။ ဒါ့အပြင် ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်းအုပ်စု ပါဝင်ပါတယ်။ အဆိုပါ အင်ဇိုင်းဟာ ရောင်ရမ်းမှုကို ကျစေခြင်း၊ အစာချေဖျက်မှု ကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအား မြင့်စေခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

၃။ ရောင်ရမ်းမှုကို ကျစေခြင်း

နာနတ်သီးဖျော်ရည်ဟာ နာတာရှည်ရောဂါပေါင်းစုံရဲ့ လက်သည်တမျိုးဖြစ်တဲ့ ရောင်ရမ်းမှုကို သက်သာလျော့ကျစေအောင် အကျိုးပြုပါတယ်။ ဒါဟာ နာနတ်သီးမှာ ဘရိုမီလိန်းဓာတ် အများအပြားပါဝင်လို့ ဖြစ်ပါတယ်။ သုတေသနအချို့အရ ဘရိုမီလိန်းဓာတ်ဟာ စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ (NSAID) လို ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။

ဘရိုမီလိန်းဟာ ထိခိုက်မိခြင်း၊ ခွဲစိတ်ကုသခြင်း စတာတွေကြောင့် ရရှိလာသော ရောင်ရမ်းမှုကို ကျစေခြင်း၊ အနာများ မီးလောင်ဒဏ်ရာများကို ကျက်စေခြင်း စတဲ့ဂုဏ်သတ္တိတွေရှိကြောင်း သုတေသီများက ဆိုပါတယ်။

အားကစားပြုလုပ်ရာမှ ထိခိုက်ဒဏ်ရာရခြင်း၊ လေးဘက်နာအဆစ်ရောင်ခြင်း၊ အရိုးအဆစ်ရောင်ခြင်း စတာတွေအတွက်လည်း အကျိုးရှိပါတယ်။

၄။ ကိုယ်ခံစွမ်းအားမြင့်စေခြင်း

နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလိန်းဓာတ်ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ အဆုတ်ရောင်ခြင်း၊ ထိပ်ကပ်နာ၊ အဆုတ်လေပြွန်ရောင်ခြင်း စတာတွေကို လျင်မြန်စွာ သက်သာစေပါတယ်။ ပဋိဇီဝဆေးများနဲ့ တွဲဖက်သုံးစွဲချိန်မှာ ပိုမိုသိသာပါတယ်။ ဒါပေမယ့် ဒီအချက်ကို ပိုမိုခိုင်မာစေဖို့ သုတေသနများစွာ ထပ်မံပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။

၅။ အစာခြေရာတွင် ကူညီခြင်း

နာနတ်သီးဖျော်ရည်မှာ ပရိုတီယေ့စ်လို့ခေါ်တဲ့ အင်ဇိုင်းတွေ ပါဝင်ပါတယ်။ အဆိုပါအင်ဇိုင်းများဟာ ပရိုတိန်းကို ပိုမိုသေးငယ်တဲ့ အမိုင်နိုအက်ဆစ်များဖြစ်အောင် ဖြိုခွဲပေးပါတယ်။ ဒီနည်းနဲ့ အူလမ်းကြောင်းကနေ အလွယ်တကူစုပ်ယူနိုင်စေပါတယ်။ ဒါ့အပြင် ပန်ခရိယမကောင်းလို့ အစာချေဖျက်တဲ့ အင်ဇိုင်း ကောင်းကောင်းမထုတ်နိုင်သူတွေမှာ ဘရိုမီလိန်း အင်ဇိုင်းများက အစာချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် အူမှာအနာဖြစ်ပြီး ရောင်ရမ်းသူများကို ရောင်ရမ်းမှုလျော့ကျစေပါတယ်။

၆။ နှလုံးကျန်းမာရေးကို ကောင်းစေခြင်း

နာနတ်သီးဖျော်ရည်မှာ တွေ့ရတဲ့ ဘရိုမီလိန်းဓာတ်ဟာ နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ သွေးပေါင်ချိန်ကိုကျစေပြီး သွေးခဲခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။ နှလုံးကြွက်သားမှာ သွေးကောင်းကောင်းမရလို့ ရင်ဘတ်အောင့်ခြင်းကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/pineapple-juice-benefits Accessed Date 5 May 2020

ယခုပုံစံ

25/09/2023

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်နဲ့ နာနတ်သီး

နာနတ်သီးဖျော်ရည် သောက်ပေးခြင်းရဲ့ အာဟာရတန်ဖိုး


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement