အမျိုးသမီးတွေကို အသက်ဆုံးရှုံးမှု အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းက နှလုံးရောဂါပါ။ အမျိုးသမီး ၃ ဦးမှာ ၁ ဦးက နှလုံးရောဂါကြောင့် သေဆုံးနေရသလို အသက် ၅၀ အထက်ရောက်လာတဲ့အခါ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ အမျိုးအစား (၂) ဆီးချိုလိုမျိုး ရောဂါတွေကို ခံစားကြရပါတယ်။
တကယ်ကတော့ အထိုင်များတာက နှလုံးရောဂါဖြစ်နိုင်ခြေကိုတင် များစေနိုင်တာ မဟုတ်ဘဲ။ သေဆုံးနိုင်ခြေကိုပါ များစေနိုင်ပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူတွေမှာပေါ့။ တစ်နေ့ကို ၁၄ နာရီနဲ့အထက် ထိုင်နေကြသူတွေဟာ အချိန်ကြာလာတာနဲ့အမျှ အဝလွန်နိုင်ခြေ များလာကြသလို နှလုံးရောဂါ ခံစားရနိုင်ခြေလည်း တော်တော်လေးများပါတယ်။
အထိုင်များတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားရနိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။ နောက်တစ်ချက်က အထိုင်များတာက သွေးတွင်း အဆီဓာတ်ကိုလည်း တိုးစေနိုင်ပါတယ်။ အထိုင်များတာက လေဖြတ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်တာကြောင့် အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲဖို့က မဖြစ်မနေ လိုအပ်မှာပါ။
အထိုင်များတာက အမြန်စား၊ အသင့်စား အစားအစာတွေကို စားသောက်သလောက်နီးပါး ကျန်းမာရေးကို ထိခိုက် စေနိုင်တာပါ။ ဒါကြောင့် ကျန်းမာတဲ့နှလုံးနဲ့ ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်စေဖို့ဆိုရင် တော်ရုံ သိပ်မဝေးတဲ့နေရာတွေကို လမ်းလျှောက်သွားတာမျိုး၊ အမြဲထိုင်နေတာမျိုးမလုပ်ဘဲ ၃နာရီခြား တစ်ခါလောက် ရုံးတွင်းမှာ လမ်းလျှောက်တာမျိုး မတ်တတ်ရပ်တာမျိုး လုပ်ပေးသင့်ပါတယ်။
နေ့စဉ်ကိုယ်လက် လှုပ်ရှားမှုရှိစေတာက စိတ်ရောကိုယ်ပါကျန်းမာစေပြီး အသက်ရှည်ကျန်းမာစေဖို့ရော နှလုံး ကျန်းမာ စေဖို့ပါ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ လှုပ်ရှားမှု ၁၅ မိနစ်လောက် လုပ်ပေးတာက နှလုံးထိခိုက်နိုင်ခြေကို ၁ ရာခိုင်နှုန်း လျှော့ချပေးနိုင်တာကြောင့် မဖြစ်မနေ အထိုင်များတဲ့ ဘဝနေထိုင်မှုကို ပိုင်ဆိုင်ထားရင်တောင်မှ လှုပ်ရှားမှု ပုံမှန်ရှိနေဖို့ လိုပါမယ်။
ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ နှလုံးကျန်းမာရေးကို စောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူက ကိုယ်တိုင်ဖြစ်တာကြောင့် တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ်လောက် လှုပ်ရှားမှု ပုံမှန်လုပ်ရင်း နှလုံး ကျန်းမာရေးကို စောင့်ရှောက်ကြဖို့ တိုက်တွန်းလိုက်ရပါ ကြောင်း……….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။