သစ်တော်သီးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါတာကြောင့် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းအဆီတွေကို လျှော့ချပေးနိုင်မှုက နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို သွေးတိုးရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံနိုင်စေပြီး အဝမလွန်အောင် ကာကွယ်ပေးနိုင်သလို ဝိတ်ကျစေဖို့လည်း ထောက်ကူပေးပါတယ်။ အူမကြီးက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
သစ်တော်သီးမှာ ပါဝင်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က အစာခြေ လုပ်ငန်းစဉ်ကို အချိန်ကြာကြာ လုပ်ဆောင်စေခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ အင်ဆူလင် တုံ့ပြန်မှုကို ကောင်းစေပြီး ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ကဲ…. သစ်တော်သီးလေး စားရင်း အခုပြောပြခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ကြစို့နော်။
သတိထားရမယ့် အချက်လေးတွေ
သစ်တော်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် အများကြီး စားမယ်ဆိုရင် လေချုပ်တာမျိုးဖြစ်စေနိုင်တာကြောင့် အလွန်အကျွံ မစားမိဖို့ လိုပါမယ်။ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မေမေတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှာ စားသင့်ပါတယ်။ ရောဂါအခံ ရှိသူတွေ၊ ဆေးသောက်နေရသူတွေ အနေနဲ့လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားတာ အကောင်းဆုံးပါ။
သစ်တော်သီး စားတဲ့အခါ
ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းပြီး ခံတွင်းရှင်းစေတဲ့ သစ်တော်သီးလေးက
- အစာခြေစနစ် ကျန်းမာစေနိုင်တယ်
- နှလုံး ကျန်းမာစေတယ်
- ဝိတ်ကျစေနိုင်တယ်
- ဆီးချိုရောဂါ ကာကွယ်ပေးနိုင်တယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။