တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း
ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ
ဆောင်းရာသီမှာ နေထိုင်မကောင်းဖြစ်တာက လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ကိုယ်ခံအား နည်းနေတဲ့ ကလေးလေးတွေ နဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နေထိုင်မကောင်းဖြစ်တာက ကိုယ်ခံအားနည်းသူတွေအဖို့မှာ တော်တော်ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ ကိုယ်ခံအားနည်းနေနိုင်တဲ့ ဘိုးဘိုးဘွားဘွားတို့ ဖျားနာမှု ကင်းအောင် ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ အရေးပါလာတဲ့ ကိုယ်ခံအား အသက်ကြီးလာတာနဲ့အမျှ ဖျားနာလာပြီဆိုရင် နလန်ထူဖို့ ပိုကြာလာတာကြောင့် အရွယ်ရလာလေလေ ကိုယ်ခံအား ကောင်းဖို့ လိုအပ်လာလေလေပါ။ ကိုယ်ခံအား ကောင်းမှလည်း ကူးစက်ရောဂါတွေ ကူးစက်ခံရမှုကနေ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အသက်ကြီးလာလေလေ ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် ကိုယ်ခံအားကောင်းဖို့ လိုအပ်လာလေလေပါ။ ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ ခုဆက်ပြောမယ့်အချက်တွေကတော့ […]