ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!

Creatinine ဆိုတာက ကြွက်သားတည်ဆောက်မှုကနေ ထွက်လာတဲ့ အမိုင်နိုအက်ဆစ် creatineရဲ့ ဘေးထွက်ပစ္စည်း တစ်မျိုးပေါ့။ ဒီ Creatinine ပမာဏကို ဆီး ဒါမှမဟုတ် သွေးထဲမှာ ရှိနေတဲ့ ပမာဏကို စစ်ဆေးပြီး ရောဂါအခြေအနေကို ဆန်းစစ်ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အချိန်မှာ ကိုယ်တွင်းက Creatinine ပမာဏက မြင့်တက်နေတာမျိုး ရှိနိုင်သလို ကျဆင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ​ကြောင့် အခုတစ်ခေါက်တော့ ဗဟုသုတအနေနဲ့ သိရှိနိုင်စေဖို့ Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/anatomy-of-muscle/ Creatinine  ဆိုတာ ဘာများလဲ! Creatinine  ဆိုတာက ကြွက်သားတွေက စွမ်းအင်ရစေဖို့အတွက် creatine ကို ဖြိုခွဲလိုက်ချိန်မှာ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ အရာပါ။ သွေးထဲမှာ ရှိတဲ့ Creatinine ပမာဏကို ကျောက်ကပ်က […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

အသားတွေယားတာက သတိပေးလက္ခဏာဖြစ်နေနိုင်ပါတယ်

အသားတွေ ယားတယ်။ မသန့်တာ တစ်ခုခုနဲ့ ထိမိပြီ ထင်တယ်။ တစ်ချိန်လုံး ကုတ်နေရတယ်။ မတည့်တာများ စားမိလို့ လားလို့ တွေးနေတာလား။ အသားယားတာက လူတိုင်း ကြုံရနိုင်တဲ့ ပြဿနာ တစ်ခုပါ။ ရာသီဥတု အေးမြခြောက်သွေ့မှုကြောင့် အသားယား နိုင်သလို ပိုးကောင် တစ်ကောင်ကောင် ကိုက်ခံရတာကြောင့်လည်း အသားယား နိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အသားတွေယားတာက သာမန် ခပ်ပေါ့ပေါ့ တွေးလို့မရတဲ့ အခြေအနေ တစ်ခုပါ။ ရာသီဥတုကြောင့်လည်း မဟုတ်ဘဲ အသားတွေက ယားနေတာ ဖြစ်မယ်ဆိုရင်တော့ ဒီအချက်တွေကြောင့် ဖြစ်နေနိုင်ပါတယ်။ သတိပြုနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ အသားတွေယားတာက ရောဂါတစ်ခုခုရဲ့ ရှေ့ပြေးလက္ခဏာတွေလေလား အသားတွေယားတာက ဒီပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရောဂါ ကျောက်ကပ်ရောဂါ ခံစားရတဲ့အခါ အရေပြား ယားယံတာကို ကြုံရနိုင်ပါတယ်။ ကျောက်ကပ်က သွေးတွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို […]


ရောဂါလက္ခဏာများ

သူများနဲ့မတူ ဘာလို့ အရမ်းချမ်းတတ်တာလဲ

ချမ်းတတ်လိုက်တာ၊ သူများတွေအိုက်နေချိန် ကိုယ့်မှာ အနွေးထည်လေးနဲ့။ သူများတွေ အရမ်းချမ်း နေချိန်ဆိုရင်တော့ ကိုယ့်မှာမေးရိုက်အောင် တဆတ်ဆတ်တုန်နေရော။ လူကောင်က အကြီးကြီးနဲ့ ချမ်းတတ်နေလိုက်တာ၊ အဖြစ်သည်းမနေနဲ့လို့တော့ မထင်လိုက်ကြပါနဲ့။ ဒီလို အအေးဒဏ်ကို ခံနိုင်ရည်မရှိတာက ပိန်တာ ဝတာနဲ့ သိပ်တော့မဆိုင်ပါဘူး။ ဘာတွေနဲ့ဆိုင်လဲ ချင့်ချိန်လို့ရအောင် ဖြစ်နိုင်ခြေတွေပြောပြမယ်နော်။ ပုံမှန်အအေးဒဏ်လေးတောင် မခံနိုင်ဘဲ အရမ်းချမ်း တတ်သူတွေဟာ  သွေးအားနည်းနေတာ ဖြစ်နိုင်ပါတယ်။ သွေးအားနည်းတဲ့အခါ လူက ပင်ပန်းလွယ်တယ်၊ အားနည်းတယ်၊ အသက်ရှူမဝဖြစ်တယ်၊ အရမ်းချမ်း လွယ်တယ်၊ အထူးသဖြင့် ခြေဖျားလက်ဖျားအေးတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးစစ်၊ အားဆေးသောက်သင့်သောက်၊ စားသင့်တာစားရပါမယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတာ သိုင်းရွိုက်ဂလင်းက ဟော်မုန်းအလုံအလောက်မထွက်တာပါ။ ဒါ့ကြောင့်ပဲ အအေးဒဏ်ကို ခံနိုင်ရည်မရှိတာအပြင် အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊ ဝမ်းချုပ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ်ရောဂါ ဆီးချိုနဲ့ သွေးတိုးကြောင့် ကျောက်ကပ်ရောဂါ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်က […]


အခြေခံကျန်းမာရေး

အသားအရေပြောင်းလဲမှုက ပြောပြနေတဲ့ သင့်ကျန်းမာရေး

ခန္ဓါကိုယ်ရဲ့ အကြီးမားဆုံးသော ကိုယ်အင်္ဂါအစိတ်အပိုင်းက ဘာများလဲ။ အရေပြားပါ။ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားပါတယ်။ ခန္ဓါကိုယ်ရဲ့ ခံတပ်တစ်ခုဖြစ်သလို အချက်ပြစနစ်တစ်ခုဆိုလည်းဟုတ်ပါတယ်။ အသားအရေပြောင်းလဲမှုကနေတဆင့် ကိုယ်တွင်းအင်္ဂါတွေရဲ့ ကျန်းမာရေးကိုသိနိုင်ပါတယ်နော်။ အရေပြားပြောင်းလဲမှုက တစ်ခါတလေမှာရောဂါကြီးကြီးမားမားတွေရဲ့ရှေ့ပြေးလက္ခဏာတွေတောင်ဖြစ်နိုင်ပါတယ်။ အသားအရေပြောင်းလဲမှု နဲ့ ကျန်းမာရေးအခြေအနေ အသားအရေက ကိုယ်ခန္ဓါရဲ့ပြတင်းပေါက်ပါ။ရောဂါတွေရဲ့ အစောဆုံးလက္ခဏာဆိုလည်း ဟုတ်ပါတယ်။ အဖုအပိမ့်တွေထွက်တာ အရေပြားမှာ အဖုအပိမ့်တွေထွက်လာတာက အရေပြားဓါတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့မဟုတ်ပါဘူး။ တစ်ခါတလေအရေပြားမှာ အဖုအပိမ့်တွေထွက်တာက အခြားရောဂါတွေခံစားနေရတာကြောင့်ဖြစ်ပါတယ်။ အဖုအပိမ့်ထွက်တာနဲ့အတူ အဖျားတက်မယ်၊ အဆစ်တွေနာကျင်မယ်၊ ကြွက်သားတွေကိုက်ခဲမယ် ဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတစ်ခုခုမှာပြဿနာရှိနေတာဖြစ်နိုင်သလို ရောဂါပိုးတစ်ခုခုကူးစက်ခံရတာလည်းဖြစ်နိုင်ပါတယ်။ အဖုအပိမ့်တွေကခြေထောက်တွေမှာဖြစ်ပြီးဆေးတွေလိမ်းတာ၊ မှိုသတ်ဆေးတွေသုံးတာမျိုးလုပ်ပေမယ့် သက်သာသွားတာမျိုးမရှိဘူးဆိုရင်တော့ အသည်းရောင် အသားဝါ စီပိုးကူးစက်ခံရတာဖြစ်နိုင်ပါတယ်။ သောက်နေကျမဟုတ်တဲ့ဆေးတစ်မျိုးမျိုးကိုသောက်သုံးပြီးချိန်မှာ အရေပြားမှာ အဖုအပိမ့်တွေထွက်လာတာဆိုရင်တော့ဆေးနဲ့ဓါတ်မတည့်တာကြောင့်ဖြစ်နိုင်ပါတယ်။ ပြန်ရည်ကြော ဂလင်းေတွရောင်ရမ်းမယ်။ မျက်နှာတွေရောင်ရမ်းမယ်၊ အဖျားတက်တာမျိုးတွေဖြစ်ပြီး အရေပြားမှာ အဖုအပိမ့်တွေထွက်လာတာဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတွေဖြစ်ကြတဲ့ အသည်း၊နှလုံး၊အဆုတ်နဲ့ သိုင်းရွိုက်မှာပြဿနာရှိနေတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသစစ်ဆေးကြည့် သင့်ပါတယ်။ […]


ရောဂါလက္ခဏာများ

ဘာကြောင့် ခဏခဏ ရေဆာရတာလဲ ။ ။

ဖြစ်ဖူးကြမှာ ခုနကလေးတင်ရေသောက်ပြီးပြီ ၊ ထပ်ပြီး ရေဆာ နေတာမျိုး။ ရေများများသောက် မိတော့ ဆီးတွေ လည်း များများသွားပြန်ရော ။ ဒီလိုရေများများသောက် ဆီးများများပေါက်တဲ့အချိန်တွေ ဆို လူတိုင်း ထင်တတ်ကြတာက ငါတော့ ဆီးချို ဖြစ်ပြီပေ့ါ။ ဆီးချိုရဲ့ လက္ခဏာတွေရှိနေပြီ ဆိုပြီး စိုးရိမ်ကြပါတယ်။ ဒါဆို ရေခဏခဏဆာရခြင်း အကြောင်းအရင်းက ဆီးချို တစ်ခုတည်းကြောင့်လား ။ ။ ရေ ခဏခဏ ဆာစေ၊ သောက်ချင်စေတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်နော်။ ။ သွေးချို ဆီးချို ။ ။ ဆီးချို အမျိုး အစား ၁ ရော ၂ ရော နှစ်ခုလုံးက ရေခဏခဏ ဆာစေရတဲ့ အဓိက အကြောင်းအရင်းတွေပါ ။ […]


အခြေခံကျန်းမာရေး

လက်သည်းခြေသည်းတွေ က ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။

လက်သည်းခြေသည်းတွေ ဆိုတာ ကိုယ့်ကျန်းမာရေး အခြေအနေကို ပြန်ထင်ဟပ်စေနိုင်တဲ့ ကြေးမုံပြင်လေးတွေပါ။ သူ့တို့ရဲ့ အရောင်၊ ပုံပန်း သဏ္ဍန်ကို ကြည့်ပြီး သင့်ကျန်းမာရေး အခြေအနေကို အကြမ်းဖျင်းသိနိုင်ပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ။ ပုံမှန် လက်သည်းဆိုတာ ဘယ်လိုမျိုးလဲ ။ ။ လက်သည်းအရောင်ကကြည်နေသင့်ပြီး ပန်းရောင်သန်းနေရပါမယ်။ မျက်နှာပြင်မှာလည်း အစင်းရာလေးတွေ ၊ ဖုထစ်နေတာမျိုးတွေ ရှိမနေသင့်ဘဲ ပြောင်ချော ဖြစ်နေရပါမယ် ။ ။ လက်သည်းက ကိုယ့်ကျန်းမာရေးကို ဘယ်လိုပြောပြနိုင်မှာလဲ ။ ။ လက်သည်း အရောင် ဖျော့နေတဲ့ လက်သည်းရောင် ။ ။ ပုံမှန် ပန်းရောင် မဟုတ်ဘဲ ဖျော့နေတယ်ဆိုရင် သွေးအားနည်းတာ၊ အသည်းရောဂါ၊ နှလုံးရောဂါနဲ့ အာဟာရ ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ လက်သည်းဖြူနေတာ ။ ။ လက်သည်းကို […]


ရောဂါလက္ခဏာများ

ခြေထောက်မှာ ပြတဲ့ ကျန်းမာရေးလက္ခဏာများ

ခြေထောက်ကို သန့်ရှင်းမှုနဲ့အလှအပအတွက်ပဲ ကြည့်ကြတာများပါတယ်။ ခြေထောက်က လမ်းလျှောက်ဖို့နဲ့ ဖိနပ်အလှစီးဖို့ပဲ အရေးပါတာမဟုတ်ပါဘူးနော်။ခြေထောက်မှာ ဖြစ်လာတဲ့ လက္ခဏာတွေကိုကြည့်ပြီး ကျန်းမာရေးပြဿနာတွေကိုသိနိုင်တယ်ဆို သင်ယုံမလား။ ဒီတစ်ခေါက်တော့ ခြေထောက်မှာ ပြတဲ့ ကျန်းမာရေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ ခြေထောက်မှာ ပြတဲ့ ကျန်းမာရေးလက္ခဏာများ ခြေထောက်မှာ ပြတဲ့ ကျန်းမာရေးလက္ခဏာများကတော့ ခြေထောက်တွေအေးစက်နေတယ် ခြေဖျားတွေ အေးစက်နေတယ်ဆိုရင်ဖြစ်နိုင်ခြေတစ်ခုကသွေးလည်ပတ်မှုမကောင်းတာ။ ဘာတွေကြောင့်လည်းဆိုတော့ဆေးလိပ်သောက်ခြင်း၊သွေးတိုး၊ နှလုံးရောဂါ တို့လို အကြောင်းရင်းတွေကြောင့်ပါ။သေချာမထိန်းချုပ်နိုင်တဲ့ ဆီးချိုရောဂါကြောင့် အာရုံကြော ထိခိုက်လို့ ခြေထောက်တွေ အေးလာရတာဖြစ်ပါတယ်။ တခြားဖြစ်နိုင်ခြေတွေထဲမှာ သိုင်းရွိုက်ဟော်မုန်း နည်းခြင်း၊သွေးအားနည်းခြင်းတို့ပါဝင်နိုင်ပါတယ်။ ခြေထောက်နာတယ် ခြေထောက်နာတာ ဖြစ်လာရင် ဖိနပ်ကိုပဲ အပြစ်တင်ကြပါလိမ့်မယ်။ ဒါပေမယ့်ဒေါက်ဖိနပ်ကြောင့်မဟုတ်တဲ့ခြေထောက်နာခြင်းက ဖိအားကြောင့် အရိုးမှာအနည်းငယ်အက်နေတာဖြစ်နိုင်ပါတယ်။နောက်တစ်ခုကလေ့ကျင့်ခန်းလုပ်တာ အရမ်းပြင်းထန်လို့ဖြစ်နိုင် ပါတယ်။ ဘက်စကတ်ဘောနဲ့ တာဝေးပြေးခြင်းတို့လို ဝိတ်ဖိအားသက်ရောက်မှုများတဲ့အားကစားတွေကြောင့်ပေါ့။ အရိုးပွတာ၊ အရိုးအားနည်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ခြေဖနောင့် အောင့်တယ် ခြေဖနောင့်နာခြင်းရဲ့အဖြစ်များဆုံး အကြောင်းရင်းက ဖနောင့်ရိုးရဲ့တွယ်ဆက်အရွတ်မှာ ရောင်ရမ်းနေတာပါ။ အိပ်ရာထထချင်းနဲ့ ခြေထောက်ပေါ်ကို အလေးချိန် ဖိစေတဲ့အခါမှာ […]


ရောဂါလက္ခဏာများ

အသက်ရှူမဝ ဖြစ်စေရတဲ့ အကြောင်းရင်း (၁၀) ခု

အသက်ရှူလိုက်တိုင်း ရှူလို့မဝဘူးလို့ခံစားရတယ်၊ နှာခေါင်းပေါက်ပဲကျဉ်းနေသလိုလေအပြည့်မရသလို၊အောက်ဆီဂျင်မရသလို ခံစားရတာမျိုးဖြစ်ဖူးကြတယ်မလား။ ဒီတော့ အသက်ရှူရင် ငါးကြိမ်မှာ သုံးကြိမ်လောက်က ရှိုက်ရှူရတော့တယ်။ သူများမြင်ရင်တော့ သက်ပြင်းချတယ်ပေါ့။ အမှန်က ကိုယ့်မှာ တစ်ယောက်တည်း အသက်ရှူမဝဖြစ်နေတာ။ အဲဒါဘာကြောင့်ဖြစ်နိုင်မလဲ လေ့လာရအောင် ဖြစ်နိုင်ခြေလေးတွေ စုဆောင်းထားပါတယ်။ အရင်ဆုံးဖြစ်နိုင်တာက - ပန်းနာရင်ကျပ် ပန်းနာရင်ကျပ်ကြောင့် အသက်ရှူလမ်းကြောင်းက ရုတ်တရက်ကျဉ်းပြီးရောင်ရမ်းလာပါတယ်။ ဒါ့ကြောင့်အသက်ရှူလိုက်ရင် ရှူရခက်မယ်၊ ကျပ်မယ်၊ ချွဲထမယ်၊ တရွှီရွှီမြည်နေမယ်။ ဒါ့ကြောင့် အသက်ရှူရပိုကောင်းအောင် inhalerတွေသုံးကြရတာဖြစ်ပါတယ်။ ဓါတ်မတည့်ခြင်း ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ စတာတွေကို ရှူရှိုက်မိတဲ့အခါ ဓါတ်မတည့်ခြင်းဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ ဓါတ်မတည့်ခြင်းကနေ ပန်းနာရင်ကျပ်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကို လေထဲကချည်းရနိုင်တာမဟုတ်ပါဘူး။ ထိတွေ့မိတာတွေ၊ စားမိတဲ့အရာတွေကနေလည်း ရနိုင်ပါတယ်။ စိုးရိမ်ပူပန်စိတ် ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေခံစားရတဲ့အခါ အသက်ရှူရခက်နိုင်ပါတယ်။ ပုံမှန်လူဆို သိပ်ပြဿနာမရှိပေမယ့်COPD လို နာတာရှည်အဆုတ်ရောဂါရှိနေတယ်ဆိုရင်ပြင်းထန်သွားနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရှိနေသူဆိုရင် ယာဉ်မတော်တဆမှုလိုမျိုး ရုတ်တရက်စိတ်လှုပ်ရှားမှုကြောင့်လည်းပြဿနာဖြစ်သွားနိုင်ပါတယ်။ ကိုယ့်မှာ […]


ရောဂါလက္ခဏာများ

မူးလဲစေတတ်တဲ့ အကြောင်းရင်း (၈) ခု

ရုတ်တရက် မူးလဲတယ်၊ သတိလစ်တယ်ဆိုတာ အဖြစ်များကြပါတယ်။ ဦးနှောက်ကိုသွေးရောက်ရှိမှုနည်းတဲ့အခါ(အောက်ဆီဂျင်မလုံလောက်တဲ့အခါ) ရုတ်တရက်သတိမေ့သွားတာဖြစ်ပါတယ်။ စိတ်ထိခိုက်သွားလို့လား၊ အားနည်းသွားလို့လား၊ ဘာလို့မူးလဲရတာလဲ ဆိုတဲ့မေးခွန်းကို ဒီဆောင်းပါးက အဖြေပေးပါလိမ့်မယ်။ မူးလဲရတဲ့အကြောင်းရင်းက - (၁) ရေဓါတ်မလုံလောက်လို့ ရေလုံလောက်အောင်မသောက်ရင်၊ အရည်ဓါတ်တွေအများကြီးဆုံးရှုံးထားရရင်ရေဓါတ်ခန်းခြောက်နိုင်ပါတယ်။ ဒါဆိုသွေးပေါင်တွေကျပြီး အာရုံကြောစနစ်ကကောင်းကောင်းမထိန်းချုပ်နိုင်တော့ သတိလစ်မေ့မျောသွားနိုင်ပါတယ်။ အကောင်းဆုံးကရေကို လုံလောက်အောင်သောက်ပါ၊ အထူးသဖြင့် အပြင်မှာ အပူချိန်ပြင်းတဲ့အခါ ပိုဂရုစိုက်ပါ။ ဆီးက မကြည်ဘဲနောက်နေတယ်ဆိုရင်ရေပိုသောက်သင့်တဲ့ လက္ခဏာပါ။ (၂) သကြားဓါတ်ကျခြင်း သွေးတွင်းသကြားဓါတ်ကျဆင်းတဲ့အခါခေါင်းမူးတာ၊ တုန်ရီတာ၊ နုံးတာ၊ အမြင်အာရုံဝေဝါးတာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ အချိုရည် ဒါမှမဟုတ် သကြားလုံးတွေနဲ့ အမြန်ဖြေရှင်းလိုက်သင့်ပါတယ်။ မဟုတ်ရင် မူးလဲနိုင်ပါတယ်။ (၃) ဆီးချိုသွေးချို ဆီးချိုတက်တဲ့အခါမှာလည်းမူးတတ်တာကြောင့် မူးမေ့တဲ့အခါသွေးဖိအားကိုပုံမှန်ထိန်းပေးတဲ့ အာရုံကြောတွေကိုထိခိုက်စေပါတယ်။ ဒါ့ကြောင့်မူးလဲတဲ့အခါသွေးပေါင်တအားကျသွားတာမျိုးဖြစ်စေနိုင်လို့ အန္တရာယ်ရှိပါတယ်။ (၄) ဆေးဝါး သွေးကျဆေးနဲ့ ဆီးချိုဆေးတွေလို သောက်သုံးနေရတဲ့ ဆေးဝါးတချို့ကြောင့်လည်း မူးလဲနိုင်ပါတယ်။ ဥပမာသွေးပေါင်ကျနေချိန်မှာသွေးကျဆေးသောက်မိတာမျိုး၊နေ့လယ်စာမစားဘဲ ဆီးချိုဆေးတွေသောက်မိတာမျိုး။ အသက်ကြီးတဲ့လူတွေမှာဆိုပိုဆိုးပါတယ်။ (၅) ရုတ်တရက် ထရပ်လိုက်လို့ ထိုင်နေရာကဖြစ်ဖြစ် အိပ်နေရာဖြစ်ဖြစ် […]


အခြေခံကျန်းမာရေး

ခြေသည်းလေးတွေက ပြောတဲ့စကား

ခြေသည်းဆိုတာ ရှည်လာရင်ညှပ်ရမယ်ဆိုတဲ့ အလုပ်တစ်ခုတည်းမဟုတ်ပါဘူး။ခြေချောင်း၊လက်ချောင်းလေးတွေရဲ့ကျန်းမာလှပမှုကလည်း လူ့ကျက်သရေပါပဲ။ ခြေထောက်ပဲ လှစရာမလိုဘူး ၊ ခြေသည်းအရောင်လည်း တော်ကြာသူ့ဘာသာပြန်ကောင်းသွားလိမ့်မယ်ဆိုပြီး ပစ်မထားပါနဲ့။ ခြေသည်းလေးတွေကိုလည်း ဂရုတစိုက်ရှိနေမှ သူတို့ဖော်ပြတဲ့ စကားတွေကို သိနိုင်မှာပေါ့။ သူတို့မှာ ဘာတွေဖြစ်နေလဲဆိုတာကို ဘယ်လိုပြောပြကြသလဲ ကြည့်ရအောင်။ ခြေသည်းက မည်းနေတယ် အများအားဖြင့်တော့ ထိခိုက်မှုတစ်ခုခုဖြစ်ထားလို့ခြေသည်းအရောင်ကမည်းလာတာပါ။ခြေမပေါ် တစ်ခုခုပြုတ်ကျတာလား၊ ခလုတ်တိုက်ထားတာလား၊ ခြေသည်းကြားမှာ တစ်ခုခုစူးနေတာလားပေါ့။ အနာက စစချင်းမှာ နီလာမယ်၊ ခရမ်းရောင်ဖြစ်လာမယ်၊ ညိုလာမယ်၊နောက်ဆုံးခြေသည်းအောက်မှာသွေးတွေပြန့်ုပြီးခဲလာရင် မည်းလာမယ်။ အနာပျောက်သွားတဲ့ခြေသည်းအမည်းတွေ ကုန်သည်အထိ ရှည်ထွက်လာဖို့က ၆ လ ကနေ ၉ လအထိ ကြာနိုင်ပါတယ်။ ဝါကျင့်ကျင့် ခြေသည်းတွေဖြစ်နေတယ် ခြေသည်းတွေက အဝါရောင်သန်းလာတယ်ဆို မှိုပိုးကပဲ တရားခံပါ။ မှိုပိုးဝင်တဲ့အခါခြေသည်းတွေဝါလာတာ၊ ထူလာတယ်ဆို လိမ်းဆေးကိုခြေသည်းအောက်ရောက်အောင် အသာအယာဖိဖိလိမ်းပေးပါ။ စိမ်းဖန့်ဖန့် ဖြစ်နေလား ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကchloronychia လို့ခေါ်တဲ့ ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့ ဘက်တီးရီးယားက တာရှည်စိုစွတ်နေတဲ့အနေအထားမျိုးမှာ ရှင်သန်နိုင်တာဖြစ်လို့ […]


အခြေခံကျန်းမာရေး

Malabsorption Syndrome (အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ဆိုတာ ဘာလဲ။ အစားအစာတွေမှာပါဝင်တဲ့ အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အူနံရံကတဆင့် သွေးထဲရောက်အောင် စုပ်ယူနိုင်စွမ်းအားနည်းတဲ့ ရောဂါစုကို ဆေးပညာအရ Malabsorption syndrome လို့ ခေါ်ပါတယ်။   အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများအာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဒီရောဂါစုရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ ဝမ်းထဲ နေမထိထိုင်မသာဖြစ်ခြင်း၊ လေပွခြင်း၊ ဗိုက်ကယ်ခြင်း မကြာခဏ ဝမ်းလျှောခြင်း အနံ့မကောင်းသည့် အရည်ဝမ်းသွားခြင်း ဝမ်းအရောင်ဖျော့ခြင်း ရေလောင်းချသော်လည်း အိမ်သာခွက်တွင် ဝမ်းကပ်ကျန်နေခြင်း ကိုယ်အလေးချိန်ကျခြင်း အရေပြားအကြေးထသလို အဖုအပိမ့် အနီကွက်များထွက်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ အထက်ဖော်ပြပါ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်