ချမ်းတတ်လိုက်တာ၊ သူများတွေအိုက်နေချိန် ကိုယ့်မှာ အနွေးထည်လေးနဲ့။ သူများတွေ အရမ်းချမ်း နေချိန်ဆိုရင်တော့ ကိုယ့်မှာမေးရိုက်အောင် တဆတ်ဆတ်တုန်နေရော။ လူကောင်က အကြီးကြီးနဲ့ ချမ်းတတ်နေလိုက်တာ၊ အဖြစ်သည်းမနေနဲ့လို့တော့ မထင်လိုက်ကြပါနဲ့။ ဒီလို အအေးဒဏ်ကို ခံနိုင်ရည်မရှိတာက ပိန်တာ ဝတာနဲ့ သိပ်တော့မဆိုင်ပါဘူး။ ဘာတွေနဲ့ဆိုင်လဲ ချင့်ချိန်လို့ရအောင် ဖြစ်နိုင်ခြေတွေပြောပြမယ်နော်။