အသားအရောင်ဝါလာတာက အသည်းရောဂါခံစားနေရတာပါ။ အသည်းရောဂါခံစားရတဲ့အခါ အသားဝါလာတာအပြင် အသားညစ်သွားတာလိုမျိုး အရောင်ပြောင်းသွားတာလည်းဖြစ်နိုင်ပါတယ်။ အရေပြားမှာ အမဲရောင်အကွက်တွေဖြစ်ပေါ်တာက၊ အဆစ်တွေနေရာမှာ မဲနေတာ၊ အမာရွတ်တွေ မပျောက်ဘဲကျန်နေတာကadrenal ဂလင်းကဟော်မုန်းတွေလုံလောက်စွာမထုတ်လုပ်နိုင်တဲ့ရောဂါကို ခံစားနေရတာဖြစ်နိုင်ပါတယ်။ အသားအရေတွေခြောက်သွေ့မယ်၊ ကြမ်းလာမယ်
အသားအရေတွေက ပုံမှန်မဟုတ်ဘဲခြောက်သွေ့ကြမ်းတမ်းလာမယ်ဆိုရင်တော့ ဒီဝေဒနာတွေခံစားရတာဖြစ်နိုင်ပါတယ်။
- ညို့သကျည်းမှာ အရေပြားက ခပ်ထူထူဖြစ်လာမယ်ဆိုရင်သွေးတိုးနေတာဖြစ်နိုင်သလိုကျောက်ကပ်ပြဿနာခံစားနေရတာဖြစ်နိုင်ပါတယ်။
- အသားအရေကအရမ်းခြောက်ပြီး ယားယံနေမယ်ဆိုရင်တော့ဟော်မုန်းပြဿနာဖြစ်နိုင်သလို သိုင်းရွိုက်ကောင်းကောင်းအလုပ်မလုပ်တာဖြစ်နိုင်ပါတယ်။
- အရေပြားအရမ်းခြောက်ပြီး နှင်းခြူဖစ်လာတာက သိုင်းရွိုက်လုပ်ဆောင်နိုင်စွမ်းကျနေတာကြောင့်ပါ။
- အသားအရေကြမ်းတမ်းလာတာက ကိုယ်တွင်းအင်္ဂါတွေဖြစ်ကြတဲ့ အဆုတ်၊ နှလုံးတို့မကျန်းမာတာကြောင့်ပါ။
- အသားအရေပျော့တွဲတွဲဖြစ်တာကသွေးကင်ဆာခံစားနေရတာဖြစ်နိုင်သလို ကိုယ်တွင်းအင်္ဂါတွေ မကောင်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့်အသားအရေကို ကျန်းမာအောင် ထိန်းသိမ်းပြီးနေ့စဉ်ဂရုတစိုက်လေးကြည့်ရှု့စစ်ဆေးလိုက ကိုယ့်ကျန်းမာရေးကို ဂရုစိုက်လိုက်ပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။