မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
Aye Thi Mon မှ ရေးသားသည်။ · 23/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။
ခြေထောက်ကို သန့်ရှင်းမှုနဲ့အလှအပအတွက်ပဲ ကြည့်ကြတာများပါတယ်။ ခြေထောက်က လမ်းလျှောက်ဖို့နဲ့ ဖိနပ်အလှစီးဖို့ပဲ အရေးပါတာမဟုတ်ပါဘူးနော်။ခြေထောက်မှာ ဖြစ်လာတဲ့ လက္ခဏာတွေကိုကြည့်ပြီး ကျန်းမာရေးပြဿနာတွေကိုသိနိုင်တယ်ဆို သင်ယုံမလား။ ဒီတစ်ခေါက်တော့ ခြေထောက်မှာ ပြတဲ့ ကျန်းမာရေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။
ခြေထောက်မှာ ပြတဲ့ ကျန်းမာရေးလက္ခဏာများကတော့
ခြေဖျားတွေ အေးစက်နေတယ်ဆိုရင်ဖြစ်နိုင်ခြေတစ်ခုကသွေးလည်ပတ်မှုမကောင်းတာ။ ဘာတွေကြောင့်လည်းဆိုတော့ဆေးလိပ်သောက်ခြင်း၊သွေးတိုး၊ နှလုံးရောဂါ တို့လို အကြောင်းရင်းတွေကြောင့်ပါ။သေချာမထိန်းချုပ်နိုင်တဲ့ ဆီးချိုရောဂါကြောင့် အာရုံကြော ထိခိုက်လို့ ခြေထောက်တွေ အေးလာရတာဖြစ်ပါတယ်။ တခြားဖြစ်နိုင်ခြေတွေထဲမှာ သိုင်းရွိုက်ဟော်မုန်း နည်းခြင်း၊သွေးအားနည်းခြင်းတို့ပါဝင်နိုင်ပါတယ်။
ခြေထောက်နာတာ ဖြစ်လာရင် ဖိနပ်ကိုပဲ အပြစ်တင်ကြပါလိမ့်မယ်။ ဒါပေမယ့်ဒေါက်ဖိနပ်ကြောင့်မဟုတ်တဲ့ခြေထောက်နာခြင်းက ဖိအားကြောင့် အရိုးမှာအနည်းငယ်အက်နေတာဖြစ်နိုင်ပါတယ်။နောက်တစ်ခုကလေ့ကျင့်ခန်းလုပ်တာ အရမ်းပြင်းထန်လို့ဖြစ်နိုင် ပါတယ်။ ဘက်စကတ်ဘောနဲ့ တာဝေးပြေးခြင်းတို့လို ဝိတ်ဖိအားသက်ရောက်မှုများတဲ့အားကစားတွေကြောင့်ပေါ့။ အရိုးပွတာ၊ အရိုးအားနည်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ခြေဖနောင့်နာခြင်းရဲ့အဖြစ်များဆုံး အကြောင်းရင်းက ဖနောင့်ရိုးရဲ့တွယ်ဆက်အရွတ်မှာ ရောင်ရမ်းနေတာပါ။ အိပ်ရာထထချင်းနဲ့ ခြေထောက်ပေါ်ကို အလေးချိန် ဖိစေတဲ့အခါမှာ ပိုနာကျင်တတ်ပါတယ်။ အဆစ်ရောင်ရောဂါ၊ လေ့ကျင့်ခန်း လွန်ကဲခြင်း၊ မတော်တရော် ဖိနပ်စီးခြင်း တို့ကြောင့် အရွတ်ရောင်ခြင်း နဲ့ ဖနောင့်နာခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ အဖြစ်နည်းတဲ့ အကြောင်းရင်း တချို့ကတော့ ဖနောင့်အောက်မှာ အရိုးအတက်ထွက်ခြင်း၊ အရိုးပိုးဝင်ခြင်း၊ အကျိတ်၊ ကျိုးအက်ခြင်းတို့ ပါဝင်ပါတယ်။
ခြေလှမ်းလိုက်တဲ့အခါ တရွတ်တိုက်လိုက်တော့ ချော်လဲနိုင်ခြေ ပိုများစေပါတယ်။ ဖြစ်နိုင်ခြေက အာရုံကြောထိခိုက်ထားလို့ ခြေထောက်ရဲ့ပုံမှန်အာရုံခံနိုင်စွမ်းကနှေးကွေးနေတာကြောင့်ပါ။ ဒီလိုအနေအထားတွေရဲ့ ၃၀% ဟာ ဆီးချိုနဲ့ ဆက်နွယ်နေပါတယ်။ အာရုံကြောထိခိုက်မှုဟာရောဂါပိုးဝင်ခြင်း၊ ဗီတာမင်ချို့တဲ့ခြင်း၊ အရက် တို့ကြောင့် ဖြစ်စေနိုင်ပါတယ်။ခြေလှမ်းတရွတ်တိုက်စေတဲ့ တခြားဖြစ်နိုင်ခြေ အကြောင်းရင်းတွေကတော့ ဦးနှောက်၊ကျောရိုးမကြီးနဲ့ ကြွက်သားတွေနဲ့ဆိုင်တဲ့ ပြဿနာတွေ ပါဝင်ပါတယ်။
ခြေမရဲ့ပုံသဏ္ဍာန်ပြောင်းလဲလာတယ်(လက်ချောင်းတွေလည်းဖြစ်နိုင်တယ်)၊ခြေသည်းတွေက ထိပ်ပိုင်းမှာဝိုင်းလာပြီး ခုံးလာတယ်။ အဆုတ်ရောဂါကလည်း အဖြစ်များဆုံးအကြောင်းအရင်း တစ်ခုဖြစ်ပေမယ့် နှလုံးရောဂါ၊ အသည်းနဲ့ အစာခြေစနစ်ဆိုင်ရာ ရောဂါတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အကြာကြီးရပ်ရလို့ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်မို့လို့ ယာယီခြေထောက်ရောင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခြေထောက်ရောင်ခြင်းမှာ တခြားကျန်းမာရေးအကြောင်းရင်းတွေ ရှိနေနိုင်ပါသေးတယ်။ အဲဒါတွေကတော့ သွေးလည်ပတ်မှု မကောင်းတာ၊ ပြန်ရည်ကြောစနစ် ပြဿနာရှိနေတာ၊ သွေးခဲပိတ်ဆို့တာ စတဲ့အကြောင်းရင်း တွေ ရှိနေနိုင်ပါတယ်။ ကျောက်ကပ်ရောဂါ ဒါမှမဟုတ် သိုင်းရွိုက် လုပ်ဆောင်ချက်နည်းတာ တို့ကြောင့်လည်း ရောင်ရမ်းစေနိုင်တယ်။
အာရုံကြော ထိခိုက်မှုကြောင့် အထူးသဖြင့် ဆီးချိုရောဂါ ရှိသူတွေမှာ ပူတဲ့ခံစားချက်မျိုး ဖြစ်လာစေပါတယ်။ ဒါဟာ ဗီတာမင် B ချို့တဲ့ခြင်း၊ သဲဝဲစားခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါ၊ ခြေထောက်မှာ သွေးလည်ပတ်မှု မကောင်းခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
ခြေမအရင်းက အဆစ်မှာ နီရဲ၊ ရောင်ရမ်းလာပြီး ရုတ်တရက် နာကျင်ကိုက်ခဲခြင်းရဲ့အကြောင်းရင်းက ဂေါက်ရောဂါ ဖြစ်နိုင်ပါတယ်။ အရိုးအဆစ်တွေကိုနာကျင်ရောင်ရမ်းစေတဲ့ တရားခံထဲမှာ အဆစ်နာရောဂါ လည်းပါဝင်ပါတယ်။
အနာကျက်နှေးတဲ့ ခြေထောက်အနာတွေက ဆီးချိုရောဂါရဲ့ထင်ရှားတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဆီးချိုဆိုတာ ခြေထောက်မှာ အာရုံသိနိုင်စွမ်း၊သွေးလည်ပတ်မှုနဲ့ ပုံမှန် အနာကျက်နိုင်စွမ်းတို့ကို ယိုယွင်းစေတဲ့ ရောဂါဖြစ်လို့ ရည်ကြည်ဖုလေး တစ်ခုကနေတောင် မကျက်နိုင်တဲ့ အနာ ဖြစ်စေနိုင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Ref:
Accessed Dec 27, 2018.
Accessed Dec 27, 2018.
ယခုပုံစံ
23/06/2023
Aye Thi Mon မှ ရေးသားသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
Aye Thi Mon မှ ရေးသားသည်။ · 23/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။
ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။