backup og meta

ဘာကြောင့် ခဏခဏ ရေဆာရတာလဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့် ခဏခဏ ရေဆာရတာလဲ ။  ။

    ဖြစ်ဖူးကြမှာ ခုနကလေးတင်ရေသောက်ပြီးပြီ ၊ ထပ်ပြီး ရေဆာ နေတာမျိုး။ ရေများများသောက် မိတော့ ဆီးတွေ လည်း များများသွားပြန်ရော ။ ဒီလိုရေများများသောက် ဆီးများများပေါက်တဲ့အချိန်တွေ ဆို လူတိုင်း ထင်တတ်ကြတာက ငါတော့ ဆီးချို ဖြစ်ပြီပေ့ါ။ ဆီးချိုရဲ့ လက္ခဏာတွေရှိနေပြီ ဆိုပြီး စိုးရိမ်ကြပါတယ်။ ဒါဆို ရေခဏခဏဆာရခြင်း အကြောင်းအရင်းက ဆီးချို တစ်ခုတည်းကြောင့်လား ။ ။ ရေ ခဏခဏ ဆာစေ၊ သောက်ချင်စေတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်နော်။ ။

    • သွေးချို ဆီးချို ။ ။

    ဆီးချို အမျိုး အစား ၁ ရော ၂ ရော နှစ်ခုလုံးက ရေခဏခဏ ဆာစေရတဲ့ အဓိက အကြောင်းအရင်းတွေပါ ။ သွေးထဲမှာ အရမ်းများလာတဲ့ သကြားဓာတ်တွေကို စွန့်ထုတ်ဖို့အတွက် ကျောက်ကပ်က ဆီးများများ သွားပေးရပါတယ်။ ဆီးများများသွားတော့ ရေများများ ပြန်သောက်မိပြီး ဆီးချိုသမားတွေ ရေခဏခဏသောက် ဆီးခဏခဏ သွားနေရတာ ဖြစ်ပါတယ်။

    • အာခေါင်ခြောက်တာ xerostomia ။ ။

    ဒါက တံတွေး ဂလင်းတွေ အလုပ်မလုပ်တော့လို့ ခံတွင်းခြောက်တာ၊ အာခေါင်ခြောက်တာကို ပြောတာပါ။ ဒီလို အခြေအနေမျိုးကြုံတွေ့ရင်လည်း ရေများများသောက်ချင်နေပါလိမ့်မယ် ။ ။

    သွေးဆိုတာ ရေဓာတ် ၈၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထာတဲ့အရာပါ ။ ဒါကြောင့် သွေးအားနည်းတဲ့ အချိန်တွေဖြစ်တဲ့ ဓမ္မတာလာချိန်၊ ထိခိုက် ဒဏ်ရာ တစ်ခုခုကြောင့် သွေးလွန်နေ ချိန်တွေဆို သင်ရေ အရမ်းဆာနေတာပါ။

    • ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြောင့် ရေဓာတ်ခမ်းခြောက်တာ ။ ။

    သွေးတိုး အတွက်သောက်တဲ့ ဆီးဆေးတွေနဲ့ anticholinergics အုပ်စုဝင် ဆေးတွေကလည်း သင့်ကို ရေငတ်စေတတ်ပါတယ်။

    • အငန် တွေ အစားများတာ ။ ။

    ဆားတွေကြောင့် ကိုယ်တွင်းမှာရှိတဲ့ ဆဲလ်ထဲက ရေတွေကို အပြင်ကိုထွက်လာပြီး ဆဲလ်အပြင်မှာ စုနေတတ်ပါတယ်။ ဒီလို ရေတွေ မရှိတော့တဲ့ ဆဲလ်ဟာ ဦးနှောက်ဆီကို ရေတွေလိုအပ်တယ်ဆိုတဲ့ အချက်ပြစနစ်ပို့လိုက်တာကြောင့် အငန်စားများလွန်းရင် သင်ရေ ပိုဆာနေရတာဖြစ်ပါတယ်။ ။

    • လေ့ကျင့်ခန်းလုပ်တာ

    လေ့ကျင့်ခန်းလုပ်လို့ ထွက်သွားတဲ့ ချွေးတွေနေရာမှာ ပြန်အစားထိုးဖို့အတွက် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း သင်ရေဆာလာရတာဖြစ်ပါတယ်။

    • သိုင်းရွိုက်ဟော်မုန်းများတဲ့ ရောဂါ ။ ။

    သိုင်းရွိုက်ဟော်မုန်းများတာကြောင့် အတက်ကြွလွန်တာ ၊စိုးရိမ်ပူပန်မှုလွန်တာ၊ ကိုယ်တွေပူနေတတ်တာ၊ ဝမ်းလျှောတာ နဲ့ ရေခဏခဏ ဆာတာမျိုးဖြစ်တတ်ပါတယ်။

    • စိတ်ဖိစီးမှုများတာ

    စိတ်လှုပ်ရှားလွန်းရင် ၊ စိတ်ဖိစီးမှုများလွန်းရင် အာခေါင်တွေ ခြောက်လာတာမျိုးဖြစ်ဖူးကြတယ်မလား ။ ဒါတွေဟာ adrenal glandsအပေါ် စိတ်ဖိစီးမှု သက်ရောက်သွားလို့ ဖြစ်ရတာပါ။ ဒီလိုအချိန်မျိုးဆို ရေအရမ်းသောက်ချင်နေတတ်ပါတယ်။

    • ရာသီဥတု

    နွေရာသီဆိုရင် ပြင်ပက ပူနေတဲ့ ရာသီဥတုကြောင့် ချွေးတွေထွက်ပြီး ရေဓာတ်ခမ်းခြောက်တဲ့အပြင် ဆောင်းရာသီ ဆိုရင်လည်း အေးမြခြောက်သွေ့နေတဲ့ ရာသီဥတုကြောင့် အာခေါင်ခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို ရာသီတွေဟာ ရေသောက်လို့ အရမ်းကောင်းတဲ့ ရာသီတွေပါ။

    ကဲ ဒီလောက်ဆို ရေများများသောက် ဆီးများများပေါက်ချင်တိုင်း ဆီးချို ရောဂါ မဟုတ်ဘူးဆိုတာ သိသွားကြပြီမယ်လို့ ထင်ပါတယ်။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement