ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!

Creatinine ဆိုတာက ကြွက်သားတည်ဆောက်မှုကနေ ထွက်လာတဲ့ အမိုင်နိုအက်ဆစ် creatineရဲ့ ဘေးထွက်ပစ္စည်း တစ်မျိုးပေါ့။ ဒီ Creatinine ပမာဏကို ဆီး ဒါမှမဟုတ် သွေးထဲမှာ ရှိနေတဲ့ ပမာဏကို စစ်ဆေးပြီး ရောဂါအခြေအနေကို ဆန်းစစ်ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အချိန်မှာ ကိုယ်တွင်းက Creatinine ပမာဏက မြင့်တက်နေတာမျိုး ရှိနိုင်သလို ကျဆင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ​ကြောင့် အခုတစ်ခေါက်တော့ ဗဟုသုတအနေနဲ့ သိရှိနိုင်စေဖို့ Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/anatomy-of-muscle/ Creatinine  ဆိုတာ ဘာများလဲ! Creatinine  ဆိုတာက ကြွက်သားတွေက စွမ်းအင်ရစေဖို့အတွက် creatine ကို ဖြိုခွဲလိုက်ချိန်မှာ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ အရာပါ။ သွေးထဲမှာ ရှိတဲ့ Creatinine ပမာဏကို ကျောက်ကပ်က […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း)

Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) ကဘာလဲ။ ခြေကျင်းဝတ်တွေ ခြေထောက်တွေရောင်နေခြင်းဟာ ထိုနေရာတွေမှာ အရည်တွေစုနေခြင်းကြောင့်ဖြစ်ပြီး ဒဏ်ရာကြောင့်မဟုတ်ပါက မနာကျင်ပါဘူး။ ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်းက ဘယ်လောက်အဖြစ်များသလဲ အလွန်အဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖောခြင်းဖြစ်စေတတ်သော အချက်တွေကို လျှော့ချခြင်းဖြင့် ထိန်းသိမ်းရှောင်ကြဉ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများ ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်းရဲ့ လက္ခဏာတွေကဘာတွေလဲ ဖြစ်လေ့ရှိသောလက္ခဏာတွေကတော့- နှလုံး၊ ကျောက်ကပ်၊ အသည်းရောဂါများရှိပါက ဖောခြင်းရောင်ခြင်းခံစားရတတ်ပါတယ်။ ဖောနေသောနေရာမှာ နီရဲနေပြီး ထိကြည့်ပါက ပူနွေးနေနိုင်ပါတယ်။ ကိုယ်အပူချိန်ကပုံမှန်ထက်ပိုမြင့်နေတတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ရုတ်တရတ်ဆိုးဆိုးရွားရွား ဖောရောင်လာတတ်ပါတယ်။ အိမ်တွင်းကုနည်းများသုံးသော်လည်း အသုံးမဝင်ဘဲပိုဆိုးလာတာမျိုးကြုံရနိုင်ပါတယ်။ တခြားလက္ခဏာတွေအနေနဲ့ ရင်ဘတ်မှာ နာကျင်နေ၊ တင်းကြပ်နေခြင်း မူးခြင်း ဝေဝါးခြင်း အသက်ရှူရခက်ခြင်း ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ခြေထောက်တွေမှာ […]


အခြေခံကျန်းမာရေး

Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း) ကဘာလဲ။ မကြိုးစားဘဲ၊ မရည်ရွယ်ဘဲ ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းသွားပါက ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ ဒါဟာတော်တော်ကို စိတ်ညစ်စရာကောင်းနေမှာပါ။ အထူးသဖြင့် သိသိသာသာပိန်ကျသွားပြီး အကြောင်းအရင်းမသိတဲ့အခါတွေမှာပေါ့။ မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်းဟာ ရောဂါကြီးကြီးမားမားရှိလို့ ဒါမှမဟုတ် အစာအိမ်ဗိုင်းရပ်စ်ဝင်ခြင်းလိုမျိုး သာမန်ပြဿနာအသေးလေးကြောင့်လည်းဖြစ်နိုင်ပါတယ်။ အကြောင်းမသိဘဲ အလေးချိန်ကျသွားခြင်းက ကျန်းမာရေးအရစိတ်ပူစရာတစ်ခုဟုတ်ရဲ့လား မသေချာပါဘူး။ ဒါပေမယ့် ဆရာဝန်အများစုကတော့ ၆လအတွင်း ပုံမှန်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းထက်ပိုပြီးလျော့ကျသွားပါက အထူးသဖြင့်အသက်ကြီးသူတွေမှာဆိုရင်တော့ ကျန်းမာရေးအရ တွေးဖို့လိုလာပါပြီ။ သင့်ကိုယ်အလေးချိန်ဟာ သင့်ရဲ့ ကယ်လိုရီစားသုံးမှု၊ လှုပ်ရှားမှု၊ ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ အာဟာရ၊ ခန္ဓါကိုယ်ရဲ့စုပ်ယူနိုင်မှုနဲ့ လူမှုရေး စီးပွားရေးတွေမှာမူတည်နေတတ်ပါတယ်။ Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း) က ဘယ်လောက်အဖြစ်များသလဲ မရည်ရွယ်ထားပဲကိုယ်အလေးချိန်လျော့တာဟာ တော်တော်အဖြစ်များပါတယ်၊ ယောက်ျားမိန်းမမရွေးဖြစ်နိုင်ပြီး အသက်အရွယ်မရွေးလည်းဖြစ်နိုင်တယ်။ ဖြစ်နိုင်ချေရှိတဲ့ အချက်တွေကိုရှောင်ရှားခြင်းဖြင့်တော့ သက်သာစေနိုင်ပါတယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများUnintentional Weight […]


ရောဂါလက္ခဏာများ

Chest Pain (ရင်ဘတ်အောင့်ခြင်း )

Chest Pain (ရင်ဘတ်အောင့်ခြင်း ) အကြောင်း လေ့လာလိုက်ရအောင်နော်။ အခြေခံသိသင့်သည်များကိုသိရှိခြင်း ။ Chest Pain (ရင်ဘတ်အောင့်ခြင်း ) ဆိုတာဘာလဲ ။ ရင်ဘတ်အောင့်ခြင်းဆိုသည်မှာ ရင်ဘတ်ကိုဖိထားသလို ၊ မီးလောင်နေသလိုခံစားရခြင်း ဖြစ်ပါသည် ။ တစ်ချို့လူများတွင် နာကျင်မှုသည် လည်ပင်းမှ အရိုးများ ၊ ကျောရိုးများ နှင့် လက်မောင်းတစ်ဖက် (သို့) နှစ်ဖက်စလုံးအထိပျံနှံ့နိုင်ပါတယ် ။ ရင်ဘတ်အောင့်စေတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ် ။ အန္တရာယ်အများဆုံးဖြစ်စေတဲ့အကြောင်းအရာတွေကတော့ အဆုတ် သို့ နှလုံးနဲ့ဆက်စပ်နေတဲ့ရောဂါတွေပဲဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်းဟာ အရမ်းခန့်မှန်းရခက်သောကြောင့် ဆရာဝန်နဲ့သေချာပြပြီး စစ်ဆေးသင့်ပါတယ် ။ ရင်ဘတ်အောင့်ခြင်းဟာ ဘယ်လိုအဖြစ်များတာလဲ။ ရင်ဘတ်အောင့်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ သို့သော် နှလုံးနဲ့ဆက်စပ်နေတာနဲ့အသက်အန္တရာယ် စိုးရိမ်ရတာကတော့ ရှားပါးပါတယ် ။ အန္တရာယ်ရှိတာတွေကိုလျှော့ချပြီး ရင်ဘတ်အောင့်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိရဖို့တော့ ဆရာဝန်နဲ့ဆက်လက်တိုင်ပင်သင့်ပါတယ် ။ လက္ခဏာများကို သိရှိခြင်း ။ ရင်ဘတ်အောင့်ခြင်းရဲ့ လက္ခဏာတွေကဘာတွေလဲ။ ရင်ဘတ်အောင့်ခြင်းရဲ့ […]


ရောဂါလက္ခဏာများ

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း)

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) ဆိုတာ အေးတဲ့ ပတ်ဝန်းကျင်မှာနေရင် ခြေဖျားလက်ဖျားအေးခြင်း က အဖြစ်များပါတယ်။ ခြေဖျားလက်ဖျားအေးခြင်းဟာ ကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိပေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တာမို့ စိတ်မပူသင့်ပါဘူး။ တကယ်လို့ ခြေဖျားလက်ဖျားအေးခြင်းက ဆက်တိုက်ဖြစ်နေပြီး အရောင်ပြောင်းလဲမှုတွေပါ ရှိတယ်ဆိုရင်တော့ ဒါဟာ သတိပေးလက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။ ဥပမာ လက်အေးခြင်းဟာ အာရုံကြော၊ သွေးစီးဆင်းမှု ပြဿနာ (သို့) လက်၊ ခြေထောက်မှာရှိတဲ့ တစ်ရှူးပျက်စီးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အပြင်ရာသီဥတုက အလွန်အေးပြီး သင့်မှာ ခြေဖျားလက်ဖျားအေးခြင်း ဖြစ်တယ်ဆိုရင် နှင်းကိုက်ခြင်းရဲ့ လက္ခဏာတွေကို စောင့်ကြည့်သင့်ပါတယ်။ Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အိမ်ခြေယာမဲ့၊ အေးတဲ့အချိန် အပြင်မှာ အလုပ်လုပ်ရသူ၊ တောင်တက်သူတွေမှာ အဖြစ်များပါတယ်။ အမြင့်မှာ အလုပ်လုပ်ရသူနဲ့ အရက်သောက်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ Cold Hands […]


အခြေခံကျန်းမာရေး

Malnutrition (အာဟာရ မပြည့်ဝခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Malnutrition (အာဟာရ မပြည့်ဝခြင်း ) ကဘာလဲ။ သင့်ခန္ဓါကိုယ်တွင်လုံလောက်သော အာဟာရ မရရှိသည့်အခါ အဟာရ မပြည့်ဝခြင်းဖြစ်လာရသည်။ အာဟာရ မပြည့်ဝခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ အာဟာရအတော်မပြည့်ဝသော ကလေးများသည် ဖွံ့ဖြိုးမှုနောက်ကျခြင်းနှင့် ဉာဏ်ရည်မပြည့်မီခြင်းတို့ခံစားရသည်။ သူတို့ကို ကုသပြီးသည့်တိုင်အောင် အာဟာရဓါတ်များသည် ချက်ချင်းပြန်မပြည့်လာဘဲ သူတို့ဘဝ၏ကျန်ရှိနေသော အချိန်များတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြသနာများနှင့် အစာချေဖျက်မှုဆိုင်ရာ ပြသနာများကို ခံစားရနိုင်ပါသည်။ အာဟာရအတော်မပြည့်ဝသော အရွယ်ရောက်ပြီးသူများသည် ကုသမှုခံယူပြီးလျှင် လူကောင်းအတိုင်းပြန်လည် ကျန်းမာသွားသည်ကိုတွေ့ရပြီး အောက်ပါတို့သည် ဆက်နွယ်နေသော လက္ခဏာများဖြစ်သည်။ ကိုယ်ခံအားကျဆင်းသောကြောင့် ရောဂါဝင်လွယ်ခြင်း အနာကျက်နှေးခြင်း ကြွက်သားများ အားနည်းခြင်းကြောင့် မကြာခဏ ချော်လဲပြီး အရိုးကျိုးခြင်း ထို့ပြင် အာဟာရချို့တဲ့ခြင်းကြောင့် အစားစားချင်စိတ်မရှိခြင်း၊ ခံတွင်းပျက်ခြင်း စသည်တို့ဖြစ်လာကာရောဂါလက္ခဏာများပိုဆိုးလာစေနိုင်ပါသည်။ Malnutrition (အာဟာရ မပြည့်ဝခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အာဟာရချို့တဲ့ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်နိုင်သော အတွေ့ရများသော ကျန်းမာရေးပြသနာဖြစ်သည်။ ၎င်းကို ကာကွယ်ရန် ဖြစ်နိုင်ချေရှိသော အရာများကိုလျှော့ချသင့်သည်။ ပိုမိုတိကျစွာ သိရှိရန် […]


ရောဂါလက္ခဏာများ

ကိုက်ခဲနာကျင်မှု နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်များ

ကိုက်ခဲနာကျင်မှု ဆိုတာ လူအတော်များများ ခံစားရလေ့ရှိတဲ့ ပြဿနာ တစ်ခုပါ။ ကိုက်ခဲနာကျင်တဲ့ ပြဿနာ အပြင် ဘယ်ကုသမှုက အကျိုးရှိထိရောက်မလဲ ဆိုတာ မသိနိုင်တာလည်း ပြဿနာ တစ်ခုပါပဲ။ နာကျင်ကိုက်ခဲမှု ဝေဒနာကို ခံစားနေရသူ တစ်ယောက်အနေနဲ့ (ဘယ်လိုကုသမှုတွေက သူတို့နဲ့ ပိုမိုသင့်တော်သလဲ၊ ဆေးပဲသောက်ရမလား၊ တခြားနည်းတွေ စမ်းကြည့်ရမလား ဒါမှမဟုတ် ဘယ်အချိန်မှာ ဆေးခန်းပြသင့်ပြီလဲ အစရှိတဲ့) မေးခွန်းပေါင်းသောင်းခြောက်ထောင်နဲ့ပတ်ချာလည်နေလေ့ရှိပါတယ်။ အခု ဆောင်းပါးလေးကို ဖတ်ကြည့်မယ်ဆိုရင် နာကျင်ကိုက်ခဲတာကို ကုသနည်းတွေ နဲ့ပတ်သက်လို့ ပိုမိုနားလည်သိရှိလာပြီး အကောင်းဆုံးသော ကုသမှုပုံစံကို ရွေးချယ်နိုင်ဖို့ အထောက်အကူဖြစ်မှာ အမှန်ပါ။ ကိုက်ခဲနာကျင်မှု နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်များ ကိုက်ခဲနာကျင်မှု နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်များ ကတော့ ၁။ ကာလရှည် နာကျင်ကိုက်ခဲမှုနဲ့ ရုတ်တရက် နာကျင်ကိုက်ခဲတာဟာ မတူညီပါဘူး။ ဒါကတော့ လူတိုင်းသိတာပဲလေလို့ သင့်အနေနဲ့ […]


ရောဂါလက္ခဏာများ

ချွေးထွက်များခြင်း ဟာ ဘယ်လိုကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်သလဲ

ချွေးထွက်ခြင်းဟာ နေ့စဉ်ဘဝမှာ သာမန် ဖြစ်ပျက်မှု တစ်ခုပါ။ ဒါပေမယ့် ချွေးထွက် များပြီ ဆိုရင်တော့ တစ်မျိုး ဖြစ်လာပြီပေါ့။ ချွေးထွက်များခြင်း က ကျန်းမာရေး အခြေအနေ တစ်စုံတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ချွေးထွက်များခြင်း ဟာ ဘယ်လို ကျန်းမာရေး ပြဿနာကြောင့် ဖြစ်နိုင်သလဲ ဆိုတာကို လေ့လာလိုက်ရအောင်လား။ ချွေးထွက်များခြင်း အကြောင်း သိကောင်းစရာ ချွေးထွက် များတယ် ဆိုတာ လိုတာထက် ချွေးပိုထွက်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်ကို အေးစေခြင်းဖြင့် အပူလွန်ခြင်းမှ ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က အေးနေချိန် သာမန်လူထက် ပိုပြီး ချွေးထွက်နေရင် ပြဿနာ ဖြစ်ပါတယ်။ ချွေးထွက်များတတ်တဲ့ လူတွေဟာ ခြေဖဝါး၊ လက်ဖဝါး၊ လက်မောင်းအောက် နဲ့ ခေါင်းတွေလို တစ်နေရာ မက […]


အခြေခံကျန်းမာရေး

Hot Flashes (အပူပြန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hot Flashes (အပူပြန်ခြင်း) ကဘာလဲ။ အပူပြန်ခြင်းသည် ရုတ်တရက် မျက်နှာ၊ လည်ပင်း၊ နှင့် ရင်ဘတ်နေရာတို့တွင် ပူနွေးလာသည်ကို ခံစားရခြင်းဖြစ်သည်။ သင့်အရေပြားသည်လည်း နီနေနိုင်သည်။ အပူပြန်ခြင်းသည် သင့်ကို ချွေးပြန်စေပြီး ချမ်းစိမ့်စိမ့်လည်း ဖြစ်စေနိုင်သည်။ အခြားသော ဟော်မုန်းပြောင်းလဲမှုအခြေအနေများသည်လည်း ထိုလက္ခဏာများကို ဖြစ်စေနိုင်သော်လည်း ထိုကဲ့သို့ အပူပြန်ခြင်းသည် အမျိုးသမီးများ သွေးဆုံးသည့်အခါတွင် ပို၍အဖြစ်များသည်။ အပူပြန်ခြင်းသည် သွေးဆုံးသည့်အချိန်တွင် အဖြစ်အများဆုံး လက္ခဏာတစ်ခုလည်းဖြစ်ပါသည်။ အပူပြန်ခြင်းသည် တစ်နာရီခန့်မှ တစ်ရက်၊ နှစ်ရက်အထိ ကြာမြင့်နိုင်ပါသည်။   Hot Flashes (အပူပြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ အပူပြန်ခြင်းသည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများHot Flashes (အပူပြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အပူပြန်ခြင်း […]


အခြေခံကျန်းမာရေး

Hypertension (သွေးတိုးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypertension (သွေးတိုးရောဂါ) ကဘာလဲ။ သွေးတိုးရောဂါသည် သွေးကြောနံရံများတွင် ပုံမှန်ထက် သွေးဖိအားကို ခံရသည့်အခါဖြစ်သော သွေးပေါင်ချိန်တက်ခြင်းဖြစ်သည်။ သွေးတိုးရောဂါသည် ရောဂါလက္ခဏာမပြပဲ နှစ်ပေါင်းများစွာ ရှိနေနိုင်သည်။ လက္ခဏာများမရှိသော်လည်း ကြာလာလျှင် နှလုံးရောဂါနှင့် လေဖြတ်ခြင်း အပါအဝင် ကျန်းမာရေးပြသနာများ ဖြစ်လာနိုင်သည်။ သွေးပေါင်ချိန်တိုင်းတာလျှင် ဂဏန်းနှစ်မျိုးနှင့် ပြသည်။ အပေါ်ဂဏန်းသည် အပေါ်သွေးဖြစ်ပြီး၊ အောက်ဂဏန်းသည် အောက်သွေးဖြစ်သည်။ ဥပမာ ၁၂၀/၈၀ ဖြစ်သည်။ တစ်မျိုး သို့မဟုတ် ထိုဂဏန်း နှစ်မျိုးလုံး တိုးနေနိုင်သည်။ • ပုံမှန်သွေးပေါင်ချိန်သည် ၁၂၀/၈၀ mmHg အောက်ရှိခြင်းဖြစ်သည်။ • သွေးပေါင်ချိန်တိုးနေလျှင် သွေးပေါင်ချိန် ၁၄၀/၉၀ mmHg အထက်ရှိနေမည်ဖြစ်သည်။ • သွေးပေါင်ချိန်သည် ၁၂၀/၈၀ mmHg သို့မဟုတ် ၎င်းထက်များနေပါက သို့သော် ၁၄၀/၉၀ အောက်ရှိနေပါက ထိုအခြေအနေသည် သွေးမတိုးခင် အခြေအနေဖြစ်သည်။ သင့်တွင် နှလုံးရောဂါ၊ သို့မဟုတ် ကျောက်ကပ် […]


အခြေခံကျန်းမာရေး

Immunodeficiency Disorder (ကိုယ်ခံအားနည်းသည့်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Immunodeficiency Disorder (ကိုယ်ခံအားနည်းသည့်ရောဂါ ) ကဘာလဲ။ ကိုယ်ခံအားစနစ်သည် ခန္ဓါကိုယ်ရှိ ပြန်ရည်တစ်ရှုး များဖြင့်အဓိကလုပ်ဆောင်ပြီး ပရိုတင်း နှင့် သွေးဆဲလ် အချို့လည်း ပါဝင်သည်။ ကိုယ်ခံအားစနစ်သည် ခန္ဓါကိုယ်ကို အန္တရယ်ဖြစ်စေသော antigen ဟုခေါ်သော ပဋိပစ္စည်းများမှ ကာကွယ်သည်။ antigen များတွင် ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးများ၊ အဆိပ်၊ ကင်ဆာဆဲလ်များ၊ ပြင်ပမှ သွေး သို့မဟုတ် တစ်သျှူးများ၊ ပါဝင်သည်။ ကိုယ်ခံအားစနစ်မှ ထိုအရာများကို သိရှိသောအခါ antibodies ဟုခေါ်သော ပဋိဇီဝပစ္စည်းများကို ထုတ်ပြီး တိုက်ခိုက်ချေဖျက်သည်။ ကိုယ်ခံအားနည်းသည့်ရောဂါသည်သင့်ခန္ဓါကိုယ်၏ ရောဂါပိုးများကို ကာကွယ်နိုင်စွမ်းကို နှောင့်ယှက်သည်။ ကိုယ်ခံအားနည်းရောဂါနှစ်မျိုးရှိသည်။ မွေးရာပါ ကိုယ်ခံအားနည်းရောဂါနှင့် နောက်မှရရှိသော ကိုယ်ခံအားနည်း ရောဂါတို့ဖြစ်သည်။ သင့်ကိုယ်ခံအားစနစ်ကို အားနည်းစေသော မည်သည့် အကြောင်းအရာမဆို ဒုတိယ အမျိုးအစားကို ဖြစ်စေသည်။ ကိုယ်ခံအားနည်းသည့်ရောဂါသည် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်