ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!

Creatinine ဆိုတာက ကြွက်သားတည်ဆောက်မှုကနေ ထွက်လာတဲ့ အမိုင်နိုအက်ဆစ် creatineရဲ့ ဘေးထွက်ပစ္စည်း တစ်မျိုးပေါ့။ ဒီ Creatinine ပမာဏကို ဆီး ဒါမှမဟုတ် သွေးထဲမှာ ရှိနေတဲ့ ပမာဏကို စစ်ဆေးပြီး ရောဂါအခြေအနေကို ဆန်းစစ်ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အချိန်မှာ ကိုယ်တွင်းက Creatinine ပမာဏက မြင့်တက်နေတာမျိုး ရှိနိုင်သလို ကျဆင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ​ကြောင့် အခုတစ်ခေါက်တော့ ဗဟုသုတအနေနဲ့ သိရှိနိုင်စေဖို့ Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/anatomy-of-muscle/ Creatinine  ဆိုတာ ဘာများလဲ! Creatinine  ဆိုတာက ကြွက်သားတွေက စွမ်းအင်ရစေဖို့အတွက် creatine ကို ဖြိုခွဲလိုက်ချိန်မှာ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ အရာပါ။ သွေးထဲမှာ ရှိတဲ့ Creatinine ပမာဏကို ကျောက်ကပ်က […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

သွေးကြောထုံးခြင်းနှင့် ပင့်ကူမျှင်ပုံစံသွေးကြောဖြစ်ပေါ်ခြင်းတို့အတွက် သိသင့်သည့် အကြောင်းအရာများ။

သွေးကြောထုံးခြင်းနဲ့ ပင့်ကူမျှင်သွေးကြော ဖြစ်ပေါ်ခြင်းကို ဘယ်လိုကုသမလဲ။ ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက္ခဏာတွေ သက်သာဖို့နဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ သင့်မှာ လက္ခဏာတွေ အများကြီး မရှိခဲ့ရင် ဆရာဝန်က နေထိုင်ပုံကို ပြောင်းလဲဖို့ အကြံပေးမှာ ဖြစ်ပါတယ်။ နေထိုင်ပုံ ပြောင်းလဲပေမယ့် မသက်သာဘူးဆိုရင် (သို့) ပိုမိုပြင်းထန်တဲ့ လက္ခဏာတွေ ရှိတယ်ဆိုရင် ဆေးကုသမှု ယူသင့်ပါတယ်။ ဖိထားနိုင်တဲ့ ခြေအိတ်များ - ဒီကုသမှုဟာ သွေးကြောတွေပေါ်မှာ ဖိအားသက်ရောက်စေပြီး ရောဂါဖြစ်နေတဲ့ သွေးကြောတွေကို သက်သာစေပါတယ်။ Sclerotherapy - သင့်ဆရာဝန်ဟာ အရည်တစ်မျိုးကို ရောဂါဖြစ်နေတဲ့ သွေးကြောထဲကို ထိုးထည့်ပေးနိုင်ပါတယ်။ ဒါဟာ သွေးကြောတွေကို အမာရွတ်ဖြစ်စေပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားနိုင်ပါတယ်။ သွေးတွေဟာ ပိုမိုကျန်းမာတဲ့ သွေးပြန်ကြောတွေကနေ စီးဆင်းသွားပါလိမ့်မယ်။ […]


ရောဂါလက္ခဏာများ

နာကျင်ခြင်းအကြောင်း အပိုင်း၃

သိပ္ပံဆိုင်ရာ သုတေသနတွေဟာ ကုသမှုတွေကို လေ့လာစမ်းစစ်တဲ့နေရာမှာ အထူးသဖြင့် ကုသမှုတစ်ခုကို အခြားတစ်ခုနဲ့ နှိုင်းယှဉ်တဲ့နေရာမှာ အလွန်အသုံးဝင်ပါတယ်။ သိပ္ပံပညာကြောင့်သာပဲ ကိုယ်ခန္ဓါ လုပ်ဆောင်ချက်တွေနဲ့ သူတို့ဟာ ကုသမှုတွေကို ဘယ်လိုတုန့်ပြန်လဲဆိုတာတွေကို နားလည်လာတာဖြစ်ပါတယ်။ လေ့ကျင့်ခန်းဟာ အချို့အခြေအနေတွေမှာ နာကျင်မှုကို သက်သာစေတယ်လို့ သိပ္ပံပညာက ပြောထားတာမို့ ဒါကိုလျစ်လျူမရှုသင့်ပါဘူး။ တကယ်လို့ သေချာပေါက် ထိရောက်တယ်ဆိုတဲ့ ကြားဝင်ကုသမှုတစ်ခုသာ ရှိနေခဲ့ရင် ဒါဟာ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ခါးနာခြင်း - လေ့ကျင့်ခန်းဟာ ခါးနာတာကို သက်သာစေတယ်လို့ သက်သေပြမှုတွေ ရှိပါတယ်။ Achilles tendinopathy - သုတေသနတွေက eccentric and concentric exercise တွေက ဒီရောဂါကို သက်သာစေတယ်လို့ ဆိုပါတယ်။   သတိထားရမှာကတော့ သင့်တော်တဲ့လေ့ကျင့်ခန်းကို ပြင်းအား၊ အကြိမ်အရေအတွက်နဲ့ ပမာဏတို့ကို တစ်ယောက်ချင်းစီအလိုက် အသုံးပြုပေးရမှာဖြစ်ပါတယ်။ ကုသမှုအမြောက်အမြားဟာ မထိရောက်ဘူးဆိုတဲ့ လေ့လာမှုများစွာလည်း […]


ရောဂါလက္ခဏာများ

Dehydration (ရေဓါတ်ဆုံးရှုံးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dehydration (ရေဓါတ်ဆုံးရှုံးခြင်း) ကဘာလဲ။ ရေဓါတ်ဆုံးရှုံးခြင်း ဆိုတာ မိမိသောက်သုံးတဲ့ရေပမာဏထက် ဆုံးရှုံးမှုကပိုများနေတဲ့အခါ ဖြစ်လာတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီလိုမမျှတမှုဟာ သွေးထဲက ဆား၊ သတ္တုဓါတ်နဲ့ သကြားပမာဏတွေကို ကမောက်ကမ ဖြစ်စေပါတယ်။ ဒါဆိုရင်ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေဟာ ထိခိုက်လာပြီး အလွန်အန္တရာယ်များစေပါတယ်။ Dehydration (ရေဓါတ်ဆုံးရှုံးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရေဓါတ်ဆုံးရှုံးခြင်းဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကျွန်ုပ်တို့ နေ့စဉ် အသက်ရှူထုတ်တိုင်း ရေဓါတ်ဟာ ကျွန်ုပ်တို့ ခန္ဓါကိုယ် ကနေ ဆုံးရှုံးသွားပါတယ်။ ကျွန်ုပ်တို့ရဲ့နေ့စဉ် ချွေး၊ ဆီး၊ ဝမ်းတွေမှာလည်း ရေဓါတ်တွေပါသွားပါတယ်။ တကယ်လို့သာ ကျွန်ုပ်တို့ဟာ ဆုံးရှုံးသွားတဲ့ ရေဓါတ်ပမာဏကို လုံလောက်သော ရေ(သို့) အရည်များနဲ့ ပြန်လည် မဖြည့်တင်းနိုင်လျှင် ရေဓါတ်ချို့တဲ့ခြင်းကို ခံစားရပါလိမ့်မယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDehydration (ရေဓါတ်ဆုံးရှုံးခြင်း) […]


ရောဂါလက္ခဏာများ

Dysphagia (အစာမြိုရခက်ခဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dysphagia (အစာမြိုရခက်ခဲခြင်း) ကဘာလဲ။ လည်ချောင်းနှင့် အစာအိမ်ကိုဆက်ပေးသော ကြွက်သားပြွန်အရှည်ကို အစာရေမြိုပြွန်လို့ ခေါ်ပါတယ်။ ၎င်းအစာရေမြိုပြွန်ဟာ 20 cm လောက်ရှည်ပါတယ်။ ပြီးတော့ ၎င်းကို mucosa လို့ခေါ်တဲ့ စိုစွတ်တဲ့ ပန်းရောင်အသားစ တစ်ရှူးနဲ့ ဖုံးအုပ်ထားပါတယ်။ အစာရေမြိုပြွန်ဟာ လေပြွန်နဲ့ နှလုံးရဲ့ အနောက်မှာရှိပြီး ကျောရိုးရဲ့ အရှေ့မှာရှိပါတယ်။ အစာအိမ်သို့ မဝင်ခင်လေးမှာ အစာရေမြိုပြွန်ဟာ ရင်ဝမ်းခြားကြွက်သားကို ဖြတ်ရပါတယ်။ အစာမျို၍ မရခြင်းဆိုတာ သင့်ပါးစပ်ထဲမှ အစာ သို့မဟုတ်ရေဟာ သင့်အစာအိမ်သို့ ရောက်ရှိသွားရန် အချိန်ပိုယူ၊ အားပိုယူရ ခြင်းကိုဆိုလိုပါတယ်။ ဤသို့ဖြစ်ရခြင်းမှာ သင့်ရဲ့လည်ချောင်း သို့မဟုတ် အစာရေမြိုပြွန်မှာ ပြသနာတစ်ခုခုရှိနေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ သင်အစာအမြန်စားတဲ့အခါ သို့မဟုတ် အစာကိုကျေညက်အောင်ဝါး မစားတဲ့အခါ သင့်ပါးစပ်ကနေ အစာအိမ်အထိ အစာရေမြိုပြွန်တစ်လျှောက် ဖြတ်သွားသော အစာနှင့် အရည်တွေကြောင့် ဒီလိုလက္ခဏာ […]


ရောဂါလက္ခဏာများ

Boils (အနာစိမ်း/သွေးစုနာ)

Boils (အနာစိမ်း/သွေးစုနာ) ဆိုတဲ့ အရေပြား ပြဿနာ အကြောင်းကို လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Boils (အနာစိမ်း/သွေးစုနာ) ကဘာလဲ။ အနာစိမ်းဆိုတာ ပြည်ပုပ်တွေပြည့်နေတဲ့ အရေပြားပေါ်က အနာဖုတစ်ခုဖြစ်ပါတယ်။ စင်စစ် တွင် အရေပြားပေါ်ရှိ အမွေးအိတ်ကလေးများ ပိုးဝင်ရာမှဖြစ်တယ်။ အနာစိမ်းသည် မျက်နှာ၊ လည်ပင်း၊ ချိုင်း၊ တင်ပါးနဲ့ပေါင်ကဲ့သို့သော ခန္ဓါကိုယ်အနှံ့အပြားတွင် ဖြစ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာ အနာစိမ်း တစ်ခုထက်ပို၍ ပေါက်နိုင်ပါတယ်။ ကြောက်စရာကောင်းသောရောဂါမဟုတ်ပါ။ ကုသပျောက်ကင်းနိုင် ပါတယ်။ Boils (အနာစိမ်း/သွေးစုနာ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားရော အမျိုးသမီးမှာဖြစ်နိုင်ပါတယ်။ အများအားဖြင့် တခြားရောဂါအရင်းခံတစ်ခုနဲ့ ဆက်စပ်နေတတ်တယ်။ အချက်အလက်များ ထပ်မံသိရှိဖို့ အတွက် ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများ Boils (အနာစိမ်း/သွေးစုနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အနာစိမ်းသည် ၁.၅မှ ၅ စင်တီမီတာအချင်းရှိသော သေးငယ်၊ နာကျင်သော အဖုကလေး တစ်ခုမှစ ဖြစ်တယ်။ […]


အခြေခံကျန်းမာရေး

Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ) ကဘာလဲ။ sarcoidosis ဆိုတာ ခန္ဓကိုယ်အနှံ့မှာ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဆဲလ်တွေအလွန်ပွားများလာပြီး အင်္ဂါအစိတ်အပိုင်းတွေကို ရောင်ရမ်းခြင်းဖြစ်ပေါ်စေပါတယ်။ အဖြစ်အများဆုံးကတော့ အဆုတ်၊ပြန်ရည်ကျိတ်၊ သွေး၊ မျက်လုံးနှင့် အရေပြားတို့ ဖြစ်ကြပါတယ်။ sarcoit (ဆာကွိုက်) ဆိုတာ လူသိများတဲ့ ခုခံအားဆဲလ်အစုအဝေးအလုံး / အသားနုလုံး (granuloma) ဖြစ်ပြီး ထိုဆဲလ် နဲ့သက်ဆိုင်သော ရောဂါတွေလဲ ဖြစ်စေပါတယ်လို့ သိရပါတယ်။ ထိုခုခံအားဆဲလ်အစုအဝေး အလုံး/အသားနုလုံးကို မပြန့်ပွားတဲ့ ရိုးရိုးအကျိတ်လို့လဲ သတ်မှတ်ထားပါတယ်။ ဒီအကျိတ်လေးတွေကို မိုက်ခရိုစကုပ်အောက်မှာပဲ တွေ့နိုင်ပါတယ်။ Sarcoidosis (ခန္ဓါကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းသော ဆာကွိုက်ဒိုးဆစ် ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကျား/မ မရွေးဖြစ်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အသက် ၁၅ နှစ် မှ ၆၅ နှစ်ကြားဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို […]


အခြေခံကျန်းမာရေး

Anthrax (ထောင့်သန်းရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Anthrax (ထောင့်သန်းရောဂါ ) ကဘာလဲ။ anthrax (ဒေါင့်သန်းရောဂါ)ဆိုတာ Bacillus antharcis ဆိုတဲ့ ဘက်တီးရီးယား ရောဂါပိုးကြောင့်ဖြစ်တဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဘက်တီးရီးယားပိုးက အသက်မဝင်သေးတဲ့ spore လေးတွေကို ထုတ်ပြီး ၎င်း spore တွေက မြေဆီလွှာထဲမှာ နေထိုင်နေကြပါတယ်။ အဲ့ဒီ spore လေးဟာ တိရာစ္ဆာန် သို့ လူထဲဝင်သွားတဲ့ အခါမှာတော့ အသက်စဝင်လာပါတော့တယ်။ သက်ဝင်လှုပ်ရှားလာပြီ ဖြစ်တဲ့ အဲ့ဒီ spore လေးတွေက ပွားများလာပြီး အဆိပ်အတောက်တွေ ထုတ်ပြီး ခန္ဓါ အနှံ့ ပြန့်စေကာ ဆိုးဝါးတဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။ ၎င်းဟာ အရေပြား၊ အဆုတ်နှင့် တချို့ရှားပါးဖြစ်စဉ်တွေမှာ အစာချေလမ်းကြောင်းကိုပါ ထိခိုက်စေပါတယ်။ anthrax ဟာ အသက် အန္တရာယ်ရှိသော်လည်း စောစောစီးစီး […]


အခြေခံကျန်းမာရေး

Abdominal Aortic Aneurysm (ဝမ်းဗိုက်ပိုင်း ပင်မ သွေးလွှတ်ကြော ဖောင်းလာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abdominal Aortic Aneurysm (ဝမ်းဗိုက်ပိုင်း ပင်မ သွေးလွှတ်ကြော ဖောင်းလာခြင်း) ကဘာလဲ။ ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် နှလုံးမှသွေးများကို ခန္ဓါကိုယ်အောက်ပိုင်းရှိ တစ်ရှူးများအင်္ဂါများသို့ သယ်ဆောင်ပေးသောအဓိကသွေးလွှတ်ကြောဖေါင်းလာခြင်း ဖြစ်ပါသည်။ ပင်မသွေးလွှတ်ကြောမသည် ခန္ဓါကိုယ်အတွင်းအကြီးမားဆုံးသွေးလွှတ်ကြော ဖြစ်ပါသည်။ ပင်မသွေးကြောဖေါင်းခြင်းဆန့်ကားခြင်းသည် အန္တရာယ်များပါသည်။ အဘယ်ကြောင့်ဆိုသော် လျင်မြန်စွာမကုသပါကသွေးလွှတ်ကြောနံရံသည် အားပျော့လာပြီးပေါက်ကာသွေးထွက်နိုင်သောကြောင့် ဖြစ်သည်။ Abdominal Aortic Aneurysm (ဝမ်းဗိုက်ပိုင်း ပင်မ သွေးလွှတ်ကြော ဖောင်းလာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် အဖြစ်များသောရောဂါ ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အဆိုအရဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် အမျိုးသားများထက် အမျိုးသမီးများတွင်ပို၍ ဖြစ်ပွားပါသည်။ အထူးသဖြင့် အသက် ၆၀ ကျော်သူများတွင် ပို၍ ဖြစ်ပွားပါသည်။ ပိုမိုသောအချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးပါ။ လက္ခဏာများAbdominal Aortic Aneurysm (ဝမ်းဗိုက်ပိုင်း ပင်မ သွေးလွှတ်ကြော ဖောင်းလာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဝမ်းဗိုက်ပိုင်းပင်မသွေးလွှတ်ကြောဖောင်းလာခြင်းသည် ဖြည်းညင်းစွာ […]


ရောဂါလက္ခဏာများ

Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ ) ကဘာလဲ။ Cushing syndrome ဆိုသည်မှာသင်၏ခန္ဓါကိုယ်တွင် ကော်တီစောဟော်မုန်းပမာဏအချိန်ကြာမြင့်စွာမြင့်တက်လျက်ရှိသောအခြေအနေကိုခေါ်ပါသည်။ ခန္ဓါကိုယ်ကကော်တီစောများကိုများစွာထုတ်လုပ်နေသောအချိန်တွင် ဖြစ်ပွားနိုင်သလိုကော်တီကိုစတီးရွိုက် သောက်ဆေးများအလွန်အကျွံသောက်မိလျှင်လည်း Cushing syndrome ဖြစ်နိုင်ပါသည်။ ကော်တီစောများများခြင်းသည် ပုခုံးတွင်အဆီပိုများတက်လာခြင်း၊ မျက်နှာပြည့်ဝန်းခြင်း၊ အရေပြားပေါ်တွင် ပန်းရောင် သို့မဟုတ် ခရမ်းရောင် အစင်းကြောင်းများ ဖြစ်ခြင်းစသောရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါသည်။ Cushing syndrome သည် သွေးတိုးခြင်း၊ အရိုးသိပ်သည်းမှုနည်းခြင်းနဲ့ တစ်ခါတစ်ရံဆီးချိုအမျိုးအစား ၂ ကိုလဲ ဖြစ်စေနိုင်ပါသည်။ Cushing syndrome ၏ကုသမှုများသည် သင့်ခန္ဓါကိုယ်၏ ကော်တီစောထုတ်လုပ်မှု ကိုပုံမှန်သို့ ပြန်ရောက်အောင် ပြုလုပ်ပေးနိုင်ပြီးရောဂါလက္ခဏာများကိုသိသာစွာတိုးတက် ကောင်းမွန် လာစေပါသည်။ ကုသမှု စောစီးလေ ပြန်လည် သက်သာရန် အခွင့်အရေးပိုများလေ ဖြစ်ပါသည်။ Cushing Syndrome (ကော်တီစောများသော ကူးရှင်းရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသားများထက် အမျိုးသမီးများတွင် […]


ရောဂါလက္ခဏာများ

အိုင်အိုဒင်း ချို့တဲ့နေပြီလား

ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာပြီး စိတ်သွားတိုင်းကိုယ်ပါနေစေဖို့  ဗီတာမင် နဲ့ သတ္တုဓာတ် တွေပြည့်ဝနေဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ အိုင်အိုဒင်း ချို့တဲ့မှု ဖြစ်တဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးပါရစေ။ အိုင်အိုဒင်း ချို့တဲ့နေပြီလား အိုင်အိုဒင်း ချို့တဲ့နေပြီလား ...... ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ အိုင်အိုဒင်း ချို့တဲ့လာတဲ့အခါ လည်ပင်းကြီးမယ် အိုင်အိုဒင်းချို့တဲ့လာတဲ့အခါ လည်ပင်းအရှေ့ဘက်မှာ ဖောင်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကအတွေ့ရအများဆုံးသော အိုင်အိုဒင်းချို့တဲ့မှု လက္ခဏာတစ်ခုပါ။ အိုင်အိုဒင်းချို့တဲ့မှုကြောင့် သိုင်းရွိုက်ဂလင်းတွေ အဆမတန်ကြီးလာတဲ့ အခြေအနေတစ်ရပ်ပါ။ သိုင်းရွိုက်ဂလင်း ဆိုတာ လည်ပင်းအရှေ့ဘက်မှာရှိနေတဲ့သေးငယ်ပြီး လိပ်ပြာပုံစံရှိနေတဲ့ ဂလင်းလေးတွေပါ။ Thyroid-stimulating hormone (TSH) ရဲ့စေ့ဆော်မှုကိုရရှိတဲ့အခါ သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းလေးတွေကို စတင်ထုတ်လုပ်ပါတယ်။ ဒီလုပ်ဆောင်မှုတွေ ဟန်ချက်ညီနေစေဖို့အတွက်က အိုင်အိုဒင်းကို လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ အိုင်အိုဒင်း နည်းတဲ့အခါ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်