သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ချွေးထွက်များခြင်း ဟာ ဘယ်လိုကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်သလဲ

ချွေးထွက်များခြင်း ဟာ ဘယ်လိုကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်သလဲ

ချွေးထွက်ခြင်းဟာ နေ့စဉ်ဘဝမှာ သာမန်ဖြစ်ပျက်မှုတစ်ခုပါ။ ဒါပေမယ့် ချွေးထွက်များပြီဆိုရင်တော့ တစ်မျိုးဖြစ်လာပြီပေါ့။ ချွေးထွက်များခြင်း က ကျန်းမာရေး အခြေအနေတစ်စုံတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

ချွေးထွက်များခြင်း အကြောင်း သိကောင်းစရာ

ချွေးထွက်များတယ်ဆိုတာ လိုတာထက် ချွေးပိုထွက်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်ကို အေးစေခြင်းဖြင့် အပူလွန်ခြင်းမှ ကာကွယ်ပေးတာဖြစ်တယ်။ ဒါကြောင့် ခန္ဓာကိုယ်က အေးနေချိန် သာမန်လူထက်ပိုပြီး ချွေးထွက်နေရင် ပြဿနာဖြစ်ပါတယ်။ ချွေးထွက်များတတ်တဲ့လူတွေဟာ ခြေဖဝါး၊ လက်ဖဝါး၊ လက်မောင်းအောက်နဲ့ ခေါင်းတွေလို တစ်နေရာမက ချွေးထွက်များလေ့ရှိတယ်။ တခြားတစ်ကိုယ်လုံးခြောက်သွေ့နိုင်ချိန်မှာ တစ်နေရာထဲကပဲ ချွေးများနဲ့ ရွှဲရွှဲစိုနေနိုင်ပါတယ်။

ဒီလိုလူတွေမှာ နေ့စဉ်သာမန်လှုပ်ရှားမှုတွေကတောင် ချွေးထွက်များခြင်းကို ဖြစ်စေနိုင်ပါတယ်။ လက်တွေမှာ ချွေးထွက်လွန်ပြီး ဘောပင်၊ စာအုပ်ကိုင်ရန် ခဲယဉ်းတာမျိုး၊ ကားမောင်းဖို့ ခက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ လက်မောင်းအောက်တွေမှာ ချွေးထွက်များခြင်းက အဝတ်အစားတွေကို စိုစေပြီး ရှက်စရာချွေးကွက်တွေလည်း ပေါ်လာစေပါတယ်။ အရေပြားစိုစွတ်နေမှုကြောင့် အရေပြားကို အလွယ်တကူလည်း ရောဂါဝင်နိုင်ချေရှိပါတယ်။

ဘာကြောင့် ချွေးထွက်အလွန်များရသလဲ

ဖြစ်ရတဲ့ အကြောင်းရင်းနှစ်မျိုးရှိပါတယ်။

Primary Hyperhidrosis (အကြောင်းမဲ့ ချွေးထွက်များခြင်း)

ပထမတစ်မျိုးဟာ အကြောင်းအရင်းတိတိကျကျမရှိဘဲ ချွေးထွက်များတာမျိုး ဖြစ်ပါတယ်။ ဘယ်လိုဖြစ်လာသလဲ မသေချာပေမယ့် အာရုံကြောပြဿနာကြောင့်လို့ ယူဆကြပါတယ်။ ဒါဟာ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်နေနိုင်တယ်။

Secondary Hyperhidrosis (အကြောင်းရင်း တစ်ခုခုကြောင့် ချွေးထွက်များခြင်း)

ဒုတိယတစ်မျိုးကတော့ အကြောင်းအရင်းရှာလို့ရတဲ့ ချွေးထွက်များခြင်းမျိုး ဖြစ်ပါတယ်။ အကြောင်းအရင်းအမျိုးမျိုးရှိနိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်
  • သွေးဆုံးခြင်း
  • စိတ်လှုပ်ရှားခြင်း
  • သွေးတွင်းသကြားဓာတ်ကျခြင်း
  • သိုင်းရွိုက်ဟော်မုန်းများခြင်း
  • အဝလွန်ခြင်း
  • ဆေးတချို့မှီဝဲနေရခြင်း (ဥပမာ propranolol၊ pilocarpine၊ antidepressants၊ bethanechol)
  • အရက်သောက်ထားခြင်း သို့မဟုတ် မူးယစ်ဆေးများ သုံးစွဲခြင်း၊ အရက် ဆေးဖြတ်ခြင်း
  • HIV ၊ပါကင်ဆန်ရောဂါ၊ တီဘီ ကဲ့သို့ရောဂါများ
  • ဟော့ကင်းပြန်ရည်ကြော သွေးကင်ဆာကဲ့သို့သော သွေးဆဲလ် သို့မဟုတ် ရိုးတွင်းချဉ်ဆီရောဂါများကြောင့် ဖြစ်တတ်ပါတယ်။

ဒုတိယတစ်မျိုးက ပထမတစ်မျိုးထက် ပိုရုတ်တရက်ဖြစ်တတ်ပြီး တစ်ကိုယ်လုံးမှာဖြစ်တတ်ပါတယ်။ တကယ်လို့ ချွေးထွက်များခြင်းခံစားရတယ်ဆိုရင် ပိုမိုသိရှိနိုင်စေဖို့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

ရေးသားသူ- Dr Aye Myat Myat Noe

Verifying...

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Hyperhidrosis. https://www.aad.org/public/diseases/dry-sweaty-skin/hyperhidrosis.

Accessed in January 1, 2017

Hyperhidrosis – causes.

http://www.nhs.uk/Conditions/Hyperhidrosis/Pages/Causes.aspx.

Accessed in January

စာရေးသူ ဓာတ်ပုံbadge
Hello Sayarwon Panel မှ ရေးသားသည်။ 04/04/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Htet Htet Zaw Win မှ အချက်အလက် စစ်ဆေးထားပါသည်။