ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ

ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပုံမှန်အလုပ်လုပ်ဖို့ဆိုရင် ရေနဲ့ ဓာတ်ဆားဓာတ်တွေ မျှတနေဖို့ လိုပါတယ်။ ဓာတ်ဆားဓာတ်တွေက micronutrients တွေဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါလှပါတယ်။ အထူးသဖြင့် ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတာတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းချုပ်ထားတဲ့ ဓာတ်ဆားဓာတ်တွေပါ။ ဒီဓာတ်ဆားဓာတ်တွေက လိုလို့လည်း မရသလို များသွားလို့လည်း မရပါဘူး။ ပုံမှန်အတိုင်းပဲ ရှိနေရပါမယ်။ ရေဓာတ်ကလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများကို ပြောပြပေးပါမယ်။  ရေနဲ့ ဓာတ်ဆားတွေက ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ  ဆိုဒီယမ်၊ ပိုတက်ဆီယမ်လိုမျိုး ဓာတ်ဆားဓာတ်တွေက ခန္ဓာကိုယ်မှာ နေ့တိုင်း အချိန်တိုင်း ဖြစ်ပေါ်နေတဲ့ ဇီဝဖြစ်စဉ်တွေအတွက် အရေးကြီးပါတယ်။ ဓာတ်ဆားဓာတ်တွေက သွေးအပါအဝင် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအရည်တွေမှာ ပျော်ဝင်နေပြီး […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

Kawasaki Disease (Kawasaki ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kawasaki Disease (Kawasaki ရောဂါ) ကဘာလဲ။ Kawasaki ရောဂါဟာ သွေးကြောတွေကို ထိခိုက်စေတဲ့ ရောဂါတမျိုး ဖြစ်ပြီး ကလေးငယ်တွေမှာ ရှားရှားပါးပါး ဖြစ်ပွားတတ်ပါတယ်။ ဒါ့အပြင် Kawasaki ရောဂါဟာ ပါးစပ်၊နှာခေါင်းနဲ့ လည်ချောင်းအတွင်းဖက်မှာရှိတဲ့ အမြှေးပါးအလွှာတွေကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။ Kawasaki Disease (Kawasaki ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ Kawasaki ရောဂါဟာ (ဂျပန်၊ကိုရီးယားနဲ့ ထိုင်ဝမ် အပါအဝင်) အရှေ့အာရှမှာ ဆယ်ဆကနေ အဆနှစ်ဆယ်ထိ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ ငါးနှစ်အောက်ကလေးတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး ပျမ်းမျှအသက်ကတော့ နှစ်နှစ်ဖြစ်ပါတယ်။ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ လက္ခဏာများKawasaki Disease (Kawasaki ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ Kawasaki ရောဂါရဲ့ လက္ခဏာတွေဟာ အဆင့်သုံးဆင့်နဲ့ ပေါ်ပေါက်လေ့ရှိပြီး ပထမအဆင့်ရဲ့ လက္ခဏာတွေကတော့ ၃၉ဒီဂရီစင်တီဂရိတ်ထက် အဖျားကြီးခြင်း၊ငါးရက်ထက် ပိုဖျားခြင်း။ မျက်လုံးများ အလွန်အမင်းနီရဲခြင်း (မျက်ဝတ်များ […]


အခြေခံကျန်းမာရေး

Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) ကဘာလဲ။ Phospholipid ဆန့်ကျင်သော ခုခံပစ္စည်း ရောဂါလက္ခဏာစုဟာ ကိုယ်ခံအားစနစ်ရဲ့ မှားယွင်းမှုတခုဖြစ်ပြီး ခန္ဓါကိုယ်ထဲက ပုံမှန်ပရိုတိန်းကို တိုက်ခိုက်နေခြင်းပဲ ဖြစ်ပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တေါကိုလည်း ကလေးပျက်ခြင်း၊ ကလေးကအသေမွေးခြင်း စတဲ့ပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ခြေထောက်ရဲ့ သွေးပြန်ကြောတွေဟာ သွေးခဲတွေ ဖြစ်ပေါ်အမှုအများဆုံး နေရာဖြစ်ပါတယ်။ သွေးခဲဟာ သွေးလွှတ်ကြောထဲမှာလည်း ဖြစ်ပေါ်စေပါတယ်။ တခြား ဘယ်အင်္ဂါအစိတ်အပိုင်းမှာမဆို ဖြစ်ပေါ်နိုင်ပြီး အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ်၊ နှလုံးနဲ့ အရေပြားတွေကို ထိခိုက်စေနိုင်ပါတယ်။ APS ရောဂါနှစ်မျိုးရှိပြီး မူလAPSနဲ့ ဒုတိယAPS ဆိုပြီး ဖြစ်ပါတယ်။ မူလAPS ဟာ တခြား ဆက်စပ်တဲ့ အခြေအနေတွေ မရှိပါဘူး။ ဒုတိယပုံစံကတော့ တခြား ကိုယ်ခံအားပြသနာ […]


အခြေခံကျန်းမာရေး

Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) ကဘာလဲ။ သွေးလွှတ်ကြောဆိုတာ သွေးများကို နှလုံးဆီကနေ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေနဲ့ နှလုံးရဲ့ကြွက်သားဆီ သယ်ဆောင်ပေးတဲ့ သွေးကြောတွေပဲဖြစ်ပါတယ်။ သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်းဟာ သွေးခဲကြောင့်ဖြစ်ပေါ်ပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးရောက်ရှိမှု ရပ်တန့်စေတာကြောင့် အလွန်ဆိုးရွားတဲ့ ပြသနာဖြစ်ပါတယ်။ Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများArterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးခဲဟာ သွေးစီးဆင်းမှုကို မပိတ်ဆို့သရွေ့ လက္ခဏာ မပြပါဘူး။ ပိတ်ဆို့ပြီဆိုရင် အောက်ပါလက္ခဏာတွေ ပြသပါတယ်။ နှလုံးထိခိုက်ခြင်း။ နှလုံးကြွက်သားဆီသွားတဲ့ သွေးစီးဆင်းမှု ရုတ်တရက် ရပ်တန့်သွားရင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ မူးခြင်း ဖြစ်ပေါ်ပြီး ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှု ပိတ်ဆို့ရင်တော့ လေဖြတ်နိုင်ပြီး မျက်နှာတဖက် ဆွဲသွားခြင်း၊ လက်တဖက်အားနည်းခြင်း၊ စကားမပီခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ယာယီသွေးစီးဆင်းမဲပြတ်တောက်ခြင်းဟာ […]


ရောဂါလက္ခဏာများ

Abscess (ပြည်တည်နာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abscess (ပြည်တည်နာ) ကဘာလဲ။ ပြည်တည်နာဆိုသည်မှာ ပန်းရောင်မှ အနီရောင်အတွင်းရှိ အရောင်ဖုံးအုပ်ထားသော နာကျင်သည့် အလုံးဖုတစ်မျိုးဖြစ်သည်။ ပြည်တည်နာများကို လွယ်ကူစွာ စမ်းသပ်သိရှိနိုင်သည်။ ပြည်တည်နာ၏ အလယ်သည် ပြည်နှင့် သွေးပုပ်များ ရောနှောစုဝေးနေသည်။ ပြည်တည်နာသည် ခန္ဓါကိုယ်၏ မည်သည့်နေရာတွင် မဆို ဖြစ်ပွားတတ်သည်။ ထိမိလျှင် ပူပြီး နာတတ်သည်။ အဖြစ်များဆုံးနေရာမှာ ဂျိုင်း၊ စအိုတဝိုက်၊ မိန်းမကိုယ်၊ တင်ပါးအထက်ပိုင်း ခါးဆစ်ရိုးနေရာ၊ သွားဖုံး နှင့် ပေါင်ခြံနေရာ တို့ဖြစ်သည်။ Abscess (ပြည်တည်နာ) က ဘယ်လောက်အဖြစ်များသလဲ အထက်ပါ ရောဂါလက္ခဏာဝေဒနာများ ခံစားနေရလျှင် (သို့) ထိုလက္ခဏာများနှင့် ပတ်သတ်ပြီး သိလိုလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများAbscess (ပြည်တည်နာ) ရဲ့လက္ခဏာတွေကဘာတွေလဲ များသောအားဖြင့် ပြည်တည်နာများသည် နီပြီး ပူနေတတ်သော နာကျင်သည့် အလုံးအဖုများ ဖြစ်သည်။ ပို၍ဆိုးလာလျှင် အရေပြားပေါ်သို့ ကြွတတ်လာပြီး အတွင်းရှိ […]


ရောဂါလက္ခဏာများ

Goiter (လည်ပင်းကြီးခြင်း)

Goiter (လည်ပင်းကြီးခြင်း) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Goiter (လည်ပင်းကြီးခြင်း) ကဘာလဲ။ လည်ပင်းကြီးခြင်းဆိုတာ တကယ်တော့ လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းပုံမှန်မဟုတ်ကြီးထွားလာတာဖြစ်ပါတယ်။ အလုံးအကျိတ်ကင်ဆာတော့မဟုတ်ပါဘူး၊ များသောအားဖြင့် နာကျင်မှုမရှိပေမယ့် ကြီးမားလွန်းရင်တော့ ချောင်းဆိုးစေပြီး မျိုရ၊ အသက်ရှူရခက်စေပါတယ်။ လည်ပင်းကြီးခြင်းက ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များပြီး အမျိုးသမီးတွေမှာများသောအားဖြင့် ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အားပေးသောအခြေအနေများကိုရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ လက္ခဏာများ Goiter (လည်ပင်းကြီးခြင်း)ရဲ့လက္ခဏာတွေကဘာတွေလဲ လည်ပင်းအခြေမှာသိသာတဲ့အဖုပေါ်လာခြင်း – မိတ်ကပ်လိမ်းချိန်၊ မုတ်ဆိတ်ရိတ်ချိန်ဆိုပိုသိသာပါတယ်။ လည်ချောင်းတွင်တင်းကြပ်ခြင်း ချောင်းဆိုးခြင်း အသံပြောင်းခြင်း မျိုရခက်ခြင်း အသက်ရှူရခက်ခြင်း ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် အသေးစိတ်အတွက်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့အထက်လက္ခဏာများတွေ့ရရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်ပြနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓါကိုယ်အလုပ်လုပ်ပုံချင်းမတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အကြောင်းရင်းများ Goiter (လည်ပင်းကြီးခြင်း) ကိုဘာတွေကဖြစ်စေသလဲ ဘာကြောင့်လည်ပင်းကြီးရသလဲ အိုင်အိုဒင်းဓါတ်နည်းခြင်း- အိုင်အိုဒင်းဓါတ်ဟာ သိုင်းရွိုက်ဟော်မုန်းထုတ်ပေးရာမှာ လိုအပ်သောဓါတ်ဖြစ်တယ်။ ပင်လယ်ရေနဲ့ ကမ်းရိုးတန်းရှိမြေတွင်အများအားဖြင့်တွေ့ရတတ်ပါတယ်။ အိုင်အိုဒင်းဓါတ်နည်းခြင်းကို ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ […]


အခြေခံကျန်းမာရေး

Hand, Foot, And Mouth Disease (လက်၊ခြေထောက် နှင့် ပါးစပ်ရောဂါဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hand, Foot, And Mouth Disease (လက်၊ခြေထောက် နှင့် ပါးစပ်ရောဂါဆိုတာဘာလဲ) ကဘာလဲ။ လက်၊ခြေထောက်နှင့် ပါးစပ်ရောဂါ သို့မဟုတ် HFMD ဆိုသည်မှာ မတူညီ သော ဗိုင်းရပ်စ် များကြောင့် ဖြစ်သော ကူးစက်တတ် သော ရောဂါတစ်မျိုးဖြစ်သည်။ ၎င်းသည် ကလေးငယ်များတွင် အဓိက ဖြစ်ပွားသည်။ ပါးစပ်တွင် သွေးစုနာပေါက်ခြင်း၊ လက် နှင့် ခြေထောက်များတွင် အဖုအပိမ့်များထွက်ခြင်းတို့ ဖြစ်သည်။ ဤရောဂါသည် မပြင်းထန်ပါ။ သီးခြားကုသမှု မလိုအပ်ပါ။ ၂ပတ်အတွင်း ပျောက်ကင်းသွားလေ့ ရှိသည်။ သို့သော်လည်း အချို့ကိစ္စများတွင် ဦးနှောက် အမြှေးပါး ရောင်ခြင်း၊ ပိုလီယို စသော ပြင်းထန်သော ဆိုးကျိုး များကို ဖြစ်စေနိုင်သည်။ သေဆုံးသည်အထိ ဆိုးရွားနိုင်သည်။ Hand, Foot, And Mouth […]


အခြေခံကျန်းမာရေး

Hyponatremia (ဆိုဒီယမ်နည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyponatremia (ဆိုဒီယမ်နည်းခြင်း) ကဘာလဲ။ ဆိုဒီယမ်နည်းခြင်းမှာခန္ဓါကိုယ်တွင်းမှ ဆိုဒီယမ်လယ်ဗယ် အလွန်ကျသွားခြင်းကို ဆိုလိုပါသည်။ ပုံမှန်ဆိုဒီယမ်လယ်ဗယ်မှာ 135 mEq/L ဖြစ်သည်။ ဆိုဒီယမ်သည် လျှပ်ကူးသတ္တုဓါတ်တစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်အတွင်းရှိ ဆဲလ်အတွင်းအပြင် ရေပမာဏကို ထိန်းညှိပေး၏။ ဆိုဒီယမ်နည်းခြင်းနှစ်မျိုးရှိသည်။ နာတာရှည် ဆိုဒီယမ်နည်းခြင်း မှာ ၄၈ နာရီနှင့်အထက် ဆိုဒီယမ်လယ်ဗယ် တဖြည်းဖြည်းချင်း ကျလာသောအခြေအနေဖြစ်သည်။ ဤအမျိုးအစား၏လက္ခဏာများမှာ များသောအားဖြင့် အပျော့စား သို့မဟုတ် အလယ်အလတ်သာရှိပါသည်။ ရုတ်တရတ် ဆိုဒီယမ်နည်းခြင်းမှာတော့ ခန္ဓါကိုယ်တွင်းမှဆိုဒီယမ်များ ရုတ်တရတ်ထိုးကျသွားခြင်းဖြစ်သည်။ ၎င်းကြောင့် ပိုမိုပြင်းထန်သောအခြေအနေများ ဖြစ်လာနိုင်သည်။ ဥပမာ – ဦးနှောက် အလျင်အမြန် ကြွလာခြင်းမှ ကိုမာဝင်ခြင်း သို့မဟုတ် သေခြင်းထိဖြစ်သွားနိုင်ပါသည်။ Hyponatremia (ဆိုဒီယမ်နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဆိုဒီယမ်နည်းခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ အထူးသဖြင့် အသက်ကြီးသူများတွင် ပိုဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် […]


အခြေခံကျန်းမာရေး

Pulmonary embolism (အဆုတ်သွေးကြောဆို့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အဆုတ်သွေးကြောဆို့ခြင်း ဆိုတာဘာလဲ။ အဆုတ်ဆီကိုသွားတဲ့အဆုတ်သွေးလွှတ်ကြောတစ်ခုမှာ ပိတ်ဆို့ခြင်းကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ အများစုမှာ ခြေထောက်မှအဆုတ်ကို သွေးခဲတွေပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။ ခန္ဓါကိုယ်အခြားအစိတ်အပိုင်းကလည်းလာနိုင်ပေမယ့် ရှားပါတယ်။ အဆုတ်သွေးကြောဆို့ခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရပြီး မေယိုသုတေသနအဖွဲ့တွေ့ရှိချက်အရ ရောဂါအဖြေမသိရသူနဲ့ ကုသမှုမရရှိသူတွေ သုံးပုံတစ်ပုံမှာ သေဆုံးသွားကြပါတယ်။ အသက် ၆၀ကျော်တွေမှာ အန္တရာယ်ပိုများပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများအဆုတ်သွေးကြောဆို့ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ သွေးခဲအရွယ်အစားစတဲ့အချက်တွေပေါ်မှာရယ်၊ နှလုံးအဆုတ်ရောဂါအခံရှိနေခြင်းမရှိနေခြင်းအပေါ်မူတည်ပြီး လက္ခဏာတွေကကွဲလွဲနိုင်ပါတယ်။ အဆုတ်သွေးကြောဆို့ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- အသက်ရှူမဝခြင်း ဒီလက္ခဏာရုတ်တရက်ထခြင်းက ဖြစ်တတ်လေ့ရှိပြီး အားစိုက်တဲ့အခါမျိုးတွေမှာ ပိုဆိုးသွားလေ့ရှိပါတယ်။ ရင်ဘတ်အောင့်ခြင်း နှလုံးရောဂါဖောက်သလိုမျိုး ခံစားရနိုင်ပါတယ်။ အသက်ပြင်းပြင်းရှူတဲ့အခါမျိုး၊ ချောင်းဆိုးခြင်း၊ အစားစားခြင်း၊နဲ့ ခါးကုန်းလိုက်တဲ့အခါမျိုးမှာ ပိုဆိုးလာနိုင်ပါတယ်။ အားစိုက်လိုက်တဲ့အခါမျိုးမှာ ပိုဆိုးလာနိုင်ပေမယ့် အနားပြန်ယူလိုက်ရုံနဲ့ မသက်သာနိုင်ပါဘူး။ ချောင်းဆိုးခြင်း သွေး (သို့မဟုတ်) သွေးနှောနေတဲ့သလိပ်တွေ ပါလာနိုင်ပါတယ်။ အခြားသိပ်ဖြစ်လေ့ဖြစ်ထမရှိတဲ့လက္ခဏာတွေကတော့- ခြေထောက်နာခြင်းရောင်ခြင်း (အထူးသဖြင့်ခြေသလုံးကြွက်သားများ) အသားပြာခြင်း ဖျားခြင်း အလွန်အမင်းချွေးထွက်ခြင်း နှလုံးခုန်မြန်ခြင်းမမှန်ခြင်း မိုက်ခနဲဖြစ်ခြင်း၊ မူးနောက်နောက်ဖြစ်ခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲမြန်မြန်ရောဂါသိပြီး ကုသမှုပေးခြင်းက အခြေအနေကိုပိုမဆိုးအောင်နဲ့ အခြားကျန်းမာရေးအရေးပေါ်အခြေအနေကနေ ကာကွယ်ပေးနိုင်တာကြောင့် တတ်နိုင်သမျှမြန်မြန် […]


ရောဂါလက္ခဏာများ

Pilonidal cyst (မြီးညှောင့်ရိုးပြည်တည်နာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်မြီးညှောင့်ရိုးပြည်တည်နာရောဂါဆိုတာ ဘာလဲ မြီးညှောင့်ရိုးပြည်တည်နာရောဂါဆိုတာ တင်ပါးဆုံးနှစ်ခုကြားထိပ်မှာ ပြည်တည်နာပေါ်လာတတ်တဲ့ အခြေအနေတစ်ခုဖြစ်တယ်။ အမျိုးသားတွေမှာအဖြစ်များပြီး လူငယ်တွေမှာပိုဖြစ်လေ့ရှိပါတယ်။ အငှားယာဉ်မောင်းများကဲ့သို့ အထိုင်များသောပုဂ္ဂိုလ်တွေမှာ ဖြစ်နိုင်ချေများတတ်ပါတယ်။ ရောဂါလက္ခဏာများရောဂါလက္ခဏာများ သိသာထင်ရှားလွန်းတဲ့ လက္ခဏာတွေမရှိတာကြောင့် လစ်လျှူရှုထားတတ်မိကြပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ ထိုနေရာတစ်ဝိုက်မှာ ရောင်ရမ်းပြီးရောဂါပိုးဝင်တာမျိုးဖြစ်တတ်ကြတယ်။ အနာအရွယ်အစားအမျိုးမျိုးရှိနိုင်ပြီး လမ်းလျှောက်တဲ့အခါ ထိုင်တဲ့အခါတွေမှာ နာတတ်ပါတယ်။ မြီးညှောင့်ရိုးပြည်တည်နာ ဆိုရင်တော့ အမွှေးအမျှင်တွေ၊ ဆဲလ်အကြွင်းအကျန် အညစ်အကြေးတွေ ရှိနေတတ်တယ်။ ရောဂါပိုးဝင်သွားပါက အနာတဝိုက်နီရဲရောင်ရမ်းနေနိုင်ပြီး ပြည်၊ သွေးများထွက်ခြင်း၊ အနံ့ဆိုးခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ ပိုးဝင်သွားပါကဖျားခြင်း၊ ပျို့ခြင်း၊ နေရထိုင်ရမကောင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထိုရောဂါအခြေအနေနဲ့ ကြုံရသောလူတွေရဲ့တစ်ဝက်ခန့်မှာ နာတာရှည် ရောဂါရှိသွားနိုင်ပါတယ်။ ဒါပေမယ့် ထို ရောဂါခဏခဏဖြစ်နေခြင်းဟာ ရုတ်တရတ်ဖြစ်သော အခြေအနေထက်သက်သာပြီး အနာလည်းလျော့သွားပါတယ်၊ ပြည်များပေါက်သွားတာကြောင့် ဒဏ်ပိုနည်းသွားခြင်းဖြစ်တယ်၊ ထိုနာတာရှည်ဖြစ်နေခြင်းဟာ မခွဲစိတ်မချင်းတော့ တာရှည်နေဦးမှာဖြစ်တယ်။ မြီးညှောင့်ရိုးပြည်တည်နာ ရှားပါးသောဖြစ်စဉ်တချို့ဟာဆိုရင် ဖြစ်နေကျ မြီးညောင့်ရိုးနားတဝိုက်မဟုတ်ဘဲ တခြားနေရာမှာသွားပေါ်တတ်ပါတယ်။ ဥပမာဆိုရသော် ဆံသဆရာတွေ၊ […]


ရောဂါလက္ခဏာများ

ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ

မအီမသာဖြစ်ခြင်းက ကင်ဆာနဲ့ တိုက်ပွဲ ဝင်နေရသူတွေ၊ အထူးသဖြင့် သားအိမ်ခေါင်းကင်ဆာ ရှိတဲ့သူတွေမှာ အဖြစ်များပါတယ်။ တချို့ ကုသနည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဒါမှမဟုတ် ကင်ဆာ ကိုယ်တိုင်ကြောင့်လည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ ဆေးတွေကို အသုံးပြုပြီး မအီမသာဖြစ်ခြင်းကို သက်သာအောင် ပြုလုပ်နိုင်သလို သဘာဝ နည်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ကဲ ..... ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ ပျို့အန်ခြင်းအတွက် သဘာဝနည်းလမ်းများ ကတော့ ဂျင်း ဂျင်းက မအီမသာဖြစ်ခြင်းကို သက်သာအောင် လုပ်ရာမှာ ပထမအဆင့်ဝင် ဆိုတာ အံ့သြစရာ မရှိပါဘူး။ ဂျင်းက ဗိုက်ထဲမှာ အစာခြေရည် မျိုးစုံ၊ အင်ဇိုင်းမျိုးစုံကို စစ်ထုတ်အောင် လှုံ့ဆော်ပေးပြီး အစာအိမ်အက်ဆစ်ကို ဓါတ်ပြုစေပါတယ်။ ဂျင်းမှာပါတဲ့ phenols တွေက အစာအိမ် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း