၂၀၀၉ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ ကလေးအသက်နှစ်နှစ်ထိ မိခင်နို့တိုက်တဲ့အမျိုးသမီးတွေက နှလုံးရောဂါဖြစ်ဖို့ ၂၃ရာခိုင်နှုန်းထိ လျှော့ချနိုင်တာတွေ့ရပါတယ်။
ဘာအကြောင်းကြောင့်လဲဆိုတာကို အတိအကျ မသိသေးပေမယ့် နို့တိုက်ချိန်မှာ မိခင်ရဲ့ ခန္ဓာကိုယ်က သကြားဓာတ်နဲ့ အဆီဓာတ်တွေကို ချေဖျက်တဲ့ ပုံစံကြောင့်လို့ ယူဆကြပါတယ်။ နို့တိုက်ချိန်မှာ ဝမ်းဗိုက်ထဲမှာ အဆီစုတာကို နည်းစေပြီး တင်ပါးနဲ့ ပေါင်မှာ ကောင်းတဲ့ အဆီတွေကိုပဲ စုစည်းစေပါတယ်တဲ့။
(၃) ဝိတ်ကျဖို့ ကူညီပေးခြင်း
မိခင်နို့တိုက်တာကြောင့် တစ်ရက်ကို ကယ်လိုရီ ၃၀၀ကနေ ၅၀၀အထိ လောင်ကျွမ်းနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်တာက ဝိတ်ချဖို့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ မိခင်နို့ တစ်အောင်စမှာ ၂၀ကယ်လိုရီပါတဲ့အတွက် တစ်ရက်ကို ၂၀အောင်စတိုက်ရင် ကယ်လိုရီ ၄၀၀လောင်ကျွမ်းနိုင်ပါတယ်။
ဒါပေမယ့် ဒါက တချို့မိခင်တွေအတွက်ပဲ ဖြစ်ပါတယ်။ တစ်ရက် တစ်ရက်ကို လောင်တဲ့ ကယ်လိုရီထက် စားတဲ့ကယ်လိုရီက များနေရင်တော့ ရေရှည်မှာ ဝလာမှာပါ။ နို့တိုက်ချိန်မှာ မိခင်တွေက ဗိုက်ပိုဆာတဲ့အတွက် ခဏခဏ စားမိတတ်ကြပါတယ်။ ဝိတ်မတက်ချင်ရင် အစားအသောက်ကို သေချာရွေးချယ်ဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။