မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
နှုတ်ခမ်းခြောက်၊နှုတ်ခမ်းကွဲရင် နှုတ်ခမ်းနီအဆီဆိုးရမှန်းတော့သိကြပါတယ်။ သို့သော်တချို့သောနှုတ်ခမ်းနီတွေမှာ
ပူရှိန်းဟာအေးမြမှုကိုပေးပေမဲ့ နှုတ်ခမ်းကို ပိုမိုခြောက်သွေ့ကွဲအက်စေပါတယ်။ အနံ့၊ အရသာတွေ ထည့်သွင်းထားတဲ့ နှုတ်ခမ်းဆိုးဆေးဟာ နှုတ်ခမ်းကိုပိုမိုခြောက်သွေ့စေတတ်ပါတယ်။ ကောင်းမွန်တဲ့ နှုတ်ခမ်းဆိုးဆေးကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။
အောက်ပါပစ္စည်းများပါဝင်တဲ့ နှုတ်ခမ်းနီအဆီကိုရွေးချယ်ဝယ်ယူပါ။
ဒီဒြပ်ပေါင်းတွေဟာ နှုတ်ခမ်းကိုအစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။
အက်ကွဲနေတဲ့ နှုတ်ခမ်းတွေဟာ ဆဲလ်သေတွေနဲ့ ကာကွယ်နေတာကြောင့် နှုတ်ခမ်းနီအဆီ ဆိုးလိုက်တဲ့ အခါအတွင်းအလွှာကိုမရောက်ဘဲ လိုအပ်တဲ့ပြုပြင်မှုမရနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ ဆဲလ်သေတွေကိုခွာချဖို့ Scrub ပြုလုပ်ဖို့လိုပါတယ်။ သကြားနဲ့ မုန့်ဖုတ်ဆိုဒါပါဝင်တဲ့ Lip Scrub မျိုးရွေးချယ်ဝယ်ယူပါ။
ရေဓာတ်မပြည့်ဝခြင်းဟာ နှုတ်ခမ်းအက်ကွဲခြင်းဖြစ်စေတဲ့ အဓိကတရားခံပါ။ ရေသောက်ခြင်း အလေ့အထကိုမွေးမြူသင့်ပါတယ်။ တစ်နေ့ကိုရေ (၂) လီတာမှ (၃) လီတာ အထိသောက်သုံးခြင်းဖြင့် ရေဓာတ်ခမ်းခြောက်မှုကိုကာကွယ်ပေးနိုင်ပါတယ်။
နှုတ်ခမ်းခြောက်ခြင်းအပြင် အောက်ပါလက္ခဏာတွေကြောင့်လည်း သင့်ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်နေပြီဆိုတာသိနိုင်ပါတယ်။
အေးချမ်းလွန်းတဲ့ဆောင်းရာသီ မှာ နှုတ်ခမ်းတွေ အသားအရေတွေအခြောက်သွေ့ဆုံးပါ။ အဲလ်ကွန်းခန်းထဲ အနေများရင်လည်းဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲလ်ကွန်းခန်းထဲအချိန်ပြည့်မနေဘဲ ပြတင်းပေါက်ဖွင့်ကာပူနွေးစိုစွတ်တဲ့ လေခံပေးပါ။ ဆောင်းရာသီမှာလည်း Heater(အပူပေးကိရိယာ)၊ Humidifier(စိုထိုင်းမှုထိန်းစက်) တွေ အသုံးပြုနိုင်ပါတယ်။
ဆေးလိပ်ငွေ့ဟာ နှုတ်ခမ်းသားလေးတွေကို ထိခိုက်ခြောက်သွေ့စေတာမို့ ကွဲအက်သည်အထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင်ဆေးလိပ်သောက်ခြင်းဟာ ပါးစပ်အနာ၊ သွားဖုံးရောင်ရမ်းနာကျင်ခြင်းတွေ အပြင် ခံတွင်းကင်ဆာကိုလည်းဖြစ်စေနိုင်တာမို့ အထူးရှောင်ရှားသင့်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ပါ။ ပိုလှတဲ့ နှုတ်ခမ်းတွေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲနော်။
နှုတ်ခမ်းခြောက်တဲ့အခါ အစိုဓာတ်ရလိုရငြား နှုတ်ခမ်းကို လျှာနဲ့သပ်ကာ တံတွေးစွတ်တတ်ကြ ပါတယ်။ ခဏတာ စိုစွတ်သွားပေမယ့်လည်း တံတွေးဟာ အငွေ့ပျံသွားတဲ့ အခါ နှုတ်ခမ်းပေါ်က အစိုဓာတ်ကိုဆွဲယူသွားတာမို့ ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းကို တံတွေးမစွတ်မိပါစေနဲ့။
ရေးသားသူ- ဒေါက်တာမှူးခင်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။