Acrocyanosis

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 13, 2019 . 2 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acrocyanosis ကဘာလဲ။

Acrocyanosis ဆိုတာ ခြေထောက်နှင့် လက်တို့ရှိ အရေပြားကို ထောက်ပံ့ပေးသော သွေးကြောများ တွင်ဖြစ်တဲ့ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ထိုသွေးကြောငယ်လေးများဟာ ခြေထောက်နှင့် လက်တို့ရှိ အရေပြားဆီသို့ လိုအပ်သော အာဟာရနှင့် အောက်စီဂျင်များ သယ်ဆောင်ပေးပါသည်။ ထို့ကြောင့် အရေပြားသို့ သွေးစီးဆင်းမှု မလုံလောက်ပါက အာဟာရနှင့် အောက်စီဂျင်များရရှိမှု နည်းပြီး အရေပြား အရောင်မှာ နက်ပြာ သို့မဟုတ် ခရမ်းပြာရောင်သို့ပြောင်းလဲ သွားပါတယ်။ ထိုအခြေအနေကို Cyanosis ဟုခေါ်ပါတယ်။

ဒီရောဂါဟာ ကင်ဆာမဟုတ်ပါ။ သို့သော် ခန္တာကိုယ် တစ်နေရာရှိ ပြင်းထန်ရောဂါ တစ်ခုခုကို ညွှန်းဆိုနေတတ်ပါသည်။ ဥပမာ နှလုံးနှင့် သွေးကြောဆိုင်ရာ သို့မဟုတ် အသားတစ်ရှူး ဆိုင်ရာ ရောဂါတစ်ခုခု ရှိခြင်းကြောင့် ပြတဲ့ လက္ခဏာတစ်မျိုး ဖြစ်တတ်ပါတယ်။

Acrocyanosis က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ ရှားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Acrocyanosis ရဲ့လက္ခဏာတွေကဘာတွေလဲ

Acrocyanosis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ရောဂါဖြစ်တဲ့ ခြေထောက်နဲ့ လက်များ အေးစက်နေခြင်း၊ အပြာရောင်သမ်းခြင်း တို့ပဲဖြစ်ပါတယ်။ မကြာခဏ ချွေးပြန်သကဲ့သို့ စိုစွတ်နေတတ်ပါတယ်။ ရောင်ရမ်းခြင်းများ လည်းရှိတတ်ပါတယ်။ အအေးဒါဏ် နှင့်ထိတွေ့ပါက ပိုဆိုးလာတတ်ပြီး အနွေးဓါတ်ပြန်ရပါက ပြန်လည်ကောင်းမွန်လာပါတယ်။ နာကျင်မှု မရှိတတ်ပါဘူး။ ရောဂါဖြစ်သော လက် သို့မဟုတ် ခြေထောက်ရှိ သွေးကြာများ ပိတ်ဆို့ခြင်းမရှိသောကြောင့် သွေးခုန်နှုန်းများ မှာပုံမှန်ရှိတတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Acrocyanosis ကိုဘာတွေကဖြစ်စေသလဲ

အရေပြားသို့ သွေးစီးဆင်းမှု မလုံလောက်ပါက အာဟာရနှင့် အောက်စီဂျင်များရရှိမှု နည်းပြီး အရေပြား အရောင်မှာ နက်ပြာ သို့မဟုတ် ခရမ်းပြာရောင်သို့ပြောင်းလဲ သွားပါတယ်။ ထိုအခြေအနေကို Cyanosis ဟုခေါ်ပါတယ်။

ထို့ကြောင့် Acrocyanosis ဟုခေါ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Acrocyanosis ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acrocyanosis ကို ဘယ်လိုအတည်ပြုပါသလဲ

Acrocyanosis ကို အဓိကအားဖြင့်ဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်ခြင်း တို့ဖြင့် အတည်ပြုပါသည်။ သွေးခုန်နှုန်း စမ်းသပ်ခြင်းဖြင့် အခြားရောဂါများဖြစ်ပါက သွေးခုန်နှုန်း ပုံမှန်မဟုတ်ခြင်းများ ကိုတွေ့ရပြီး Acrocyanosis တွင်တော့ သွေးကြာများ ပိတ်ဆို့ခြင်းမရှိသောကြောင့် သွေးခုန်နှုန်းများ မှာပုံမှန်ရှိတတ်ပါတယ်။ Pulse oximetry စက်ကလေးဖြင့် သွေးခုန်နှုန်းသာ မက သွေးထဲတွင် အောက်စီဂျင် ပမာဏ မည်မျှရှိသည်ကို သိနိုင်ပါသည်။ Raynaud’s phenomenon နှင့် ကွာခြားချက်မှာ ဒီရောဂါမှာ Cyanosis အရေပြားများပြာနှမ်းခြင်းဟာ ဆက်တိုက်ဖြစ်တတ်ပါတယ်။ အခြားသော အရေပြားပြောင်းလဲမှုများ၊ နာကျင်မှု နှင့် အနာဖြစ်ခြင်းများ မတွေ့ရပေ။ Capillaroscopy နှင့် အခြားသော ဓါတ်ခွဲ စမ်းသပ်မှုများ ကို အသားတစ်ရှူး ဆိုင်ရာ ရောဂါတစ်ခုခု ရှိမရှိ ခွဲခြားလိုသော အခါပြုလုပ်လေ့ ရှိပါတယ်။ ဓါတ်မှန် နှင့် ဓါတ်ခွဲ စမ်းသပ်မှုများကို ရောဂါ အခြေအနေ ပြင်းထန်မှ သာပြုလုပ်လေ့ရှိကြသည်။

Acrocyanosis ကို ဘယ်လိုကုသပါသလဲ

Acrocyanosis ကိုကုသရာတွင် အဓိကမှာ ရောဂါဖြစ်သော ခြေထောက်နှင့် လက်ကို အအေးဒါဏ်ကာကွယ်ရန် နှင့် ခြောက်သွေ့အောင်ထားရှိဖို့ ဖြစ်ပါတယ်။ အပူဓါတ်ပေးသော ရှူးဖိနပ်များ၊ ပါးလွှာသော Polypropylene အနားကွပ် ခြေအိတ်၊ လက်အိတ်များ ဝတ်ဆင်ခြင်းဖြင့် ခြောက်သွေ့အောင်ထားရှိနိုင်မှာ ဖြစ်ပါတယ်။

အများအားဖြင့် အခြားသော ကုသမှုများ မလိုအပ်ပေ။ ရောဂါအခြေအနေ အရမ်းပြင်းထန်ပါက ဆက်တိုက် သွေးကြောကျုံ့ခြင်းကို ကုသရန် Sympathectomy ခေါ်သော ခွဲစိပ်ခြင်းကို ပြုလုပ်နိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Acrocyanosis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Acrocyanosis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

    လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

    လိင်ကျန်းမာရေး အမျိုးသားရောဂါ ကင်ဆာကုထုံး ရောဂါလက္ခဏာများ ဝှေးစေ့ကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

    When invisible germs enter the urinary tract for a variety of reasons, they begin to show symptoms of urinary tract infection. bacteria , Fungal infections; In very rare cases, it can be caused by a virus. Studies ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

    အအေးမိဖျားနာ ဓါတ်မတည့်ခြင်း ခံတွင်းခြောက်ခြင်း ရောဂါလက္ခဏာများ ရာသီအကူးအပြောင်းကာလ အိပ်နေစဉ်အသက်ရှုရပ်တန့်ခြင်း ပျောက်ကင်းသက်သာအောင်ဘယ်လိုလုပ်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    နှလုံးရောဂါ အကြောင်း

    နှလုံးရောဂါ အကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 5 mins read
    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 3 mins read

    ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2020 . 2 mins read