backup og meta

ဆဲဆိုပေါက်ကွဲခြင်းရဲ့ အကျိုးကျေးဇူးများ

ဆဲဆိုပေါက်ကွဲခြင်းရဲ့ အကျိုးကျေးဇူးများ

တကယ်ဆို ဆဲဆိုပေါက်ကွဲခြင်းဟာ မဖြစ်သင့်တဲ့ အပြုအမူတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုဆဲဆိုပေါက်ကွဲခြင်းဟာ ကိုယ့်ကျန်းမာရေးကို အကျိုးပြုနိုင်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဆဲဆိုပေါက်ကွဲခြင်းရဲ့ အကျိုးကျေးဇူးများ က ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

ဆဲဆိုပေါက်ကွဲခြင်းရဲ့ အကျိုးကျေးဇူးများ

ဆဲဆိုပေါက်ကွဲခြင်းရဲ့ အကျိုးကျေးဇူးများ ကတော့

  • စိတ်ဖိစီးမှုတွေကို ပြေပျောက်စေတယ်။

ဆဲဆိုပေါက်ကွဲခြင်းက သင့်ရဲ့ စိတ်ဖိစီးမှုနဲ့ နာကျင်မှုများကို သက်သာစေပါတယ်။ မကြာသေးခင်က လုပ်ထားတဲ့ လေ့လာချက်အရ ကျိန်တွယ်ခြင်းအားဖြင့် လူတစ်ယောက်ရဲ့ စိတ်ဖိစီးမှုနဲ့ နှလုံးခုန်နှုန်းတွေဟာ သိသာစွာ လျော့ကျသွားတယ် ဆိုတာပါပဲ။ သူတို့ရဲ့ သွေးဖိအားနဲ့ အသက်ရှူမှုကလည်း တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။

  • နာကျင်မှုကို ခံနိုင်ရည်ရှိစေတယ်။

ရီချက်စတီဖင် ပြုလုပ်ထားတဲ့ စမ်းသပ်ချက်တစ်ခုမှာ ပါဝင်သူတွေဟာ သူတို့ရဲ့ လက်ကို ရေခဲရည်ပုံးထဲ နှစ်ထားပြီး ခံနိုင်ရည်ကို စမ်းသပ်ပါတယ်။ ဆဲဆိုပေါက်ကွဲဖို့ ခွင့်ပြုထားတဲ့ လူအုပ်စုမှာ သူတိုရဲ့ခံနိုင်ရည်ဟာ ခွင့်ပြုထားခြင်းမခံရတဲ့ လူအုပ်စုထက်စာရင် ပိုကြာရှည်တာကို တွေ့ရပါတယ်။

တချို့သိပ္ပံပညာရှင်များကလည်း ဆဲဆိုပေါက်ကွဲခြင်းဟာ Adrenaline ဟော်မုန်းကို ထွက်စေတယ်လို့ ဆိုပါတယ်။ အဲဒီဟော်မုန်းက အရေးပေါ်အခြေအနေမျိုးတွေ ထွက်တတ်တယ်၊ ဥပမာ ရန်ဖြစ်ပြီး အရိုက်ခံရတယ်၊ အသည်းအသန် ထွက်ပြေးနေချိန်မှာ နာကျင်မှုမခံစားရတာမျိုးဟာ အဲဒီဟော်မုန်းကြောင့် ဖြစ်ပါတယ်။ ဒီဟော်မုန်း ထွက်စေတဲ့အတွက် ဆဲဆိုပေါက်ကွဲခြင်းက နာကျင်မှုကို သက်သာစေတယ်လို့ ဆိုပါတယ်။

  • တခြားရောဂါများကို ကူညီတိုက်ထုတ်ပေးတယ်။

ဇီဝစိတ်ပညာမှာ ဖော်ပြထားတဲ့ လေ့လာချက်တစ်ခုအရ ဆဲဆိုပေါက်ကွဲခြင်းဟာ Cortisol ဟော်မုန်းကို အထွက်နည်းစေပါတယ်။ အဲဒီဟော်မုန်းက နှလုံးရောဂါ၊ အရိုးရောဂါနဲ့ အဝလွန်ခြင်းတွေကို ဖြစ်စေနိုင်တာမို့ ဒီဟော်မုန်းအထွက်နည်းသွားခြင်းကြောင့် တခြားရောဂါတွေ မရအောင်လည်း ကူညီပေးရာ ရောက်ပါတယ်။

  • လူမှုရေးမှာ ဝင်ဆံ့စေတယ်။

ဘဝမှာ ဆိုးရွားတဲ့အဖြစ်အပျက်တွေနဲ့ လူတိုင်းကြုံဖူးကြပါတယ်။ The Leadership and Organization ထဲက စာတမ်းတစ်စောင်အရ အလုပ်ခွင်မှာ ဆဲဆိုပေါက်ကွဲခြင်းက ဝန်ထမ်းအချင်းချင်းကြား ဆက်သွယ်မှုတစ်ခုကို ဖြစ်စေပြီး၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာမှုကို ရစေပြီး အပြန်အလှန်ကူညီမှုတွေကို ဖြစ်စေနိုင်ပါတယ်။

  • ဉာဏ်ရည်ဉာဏ်သွေးကို တက်စေတယ်။

သုတေသနတွေ့ရှိချက်တစ်ခုက ဆိုထားပါတယ်၊ စကားထဲမှာ ကျိန်တွယ်တဲ့အသုံးအနှုန်းတွေ ထည့်သုံးလေ့ရှိတဲ့သူတွေဟာ မသုံးဘဲရှောင်တတ်တဲ့သေူတွထက်စာရင် ပိုပြီး ဉာဏ်ရည်မြင့်မားတာကို တွေ့ရပါတယ်။ တကယ်တော့ ဉာဏ်ရည်အမြင့်မားဆုံး လူတွေဟာ ဆဲဆိုပေါက်ကွဲတတ်ဆုံး လူတွေပါပဲ။ စကားထဲမှာ အဲ့ဒီလိုအသုံးအနှုန်းတွေ ထည့်တတ်သူတွေဟာ စကားလုံးကြွယ်ဝမှု ရှိပြီး ဘယ်လိုဆီလျော်အောင် သုံးရမယ်ဆိုတာလည်း သိသူတွေ ဖြစ်တယ်လို့ Times ထဲက ဆောင်းပါးတစ်ပုဒ်မှာ ပြောထားဖူးပါတယ်။

  • မိမိကိုယ်မိမိ ထုတ်ဖော်ပြသစေတယ်။

တကယ်တမ်းတော့ ဆဲဆိုပေါက်ကွဲပစ်လိုက်ခြင်းဟာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို၊ ဒေါသဖြစ်နေလား၊ ပျော်နေလား၊ အံ့သြသွားလား စသဖြင့် ထုတ်ဖော်ပြသလိုက်တာပါပဲ။ အဲဒီလို ထုတ်ဖော်ပြသဖို့ ဝန်မလေးသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြင့်မားသူတွေလည်း ဖြစ်ပါတယ်။ Keele University က သုတေသနပညာရှင် ရီချက်စတီဗင်ကတော့ ဆဲဆိုပေါက်ကွဲခြင်းဟာ Adrenaline ဟော်မုန်းကို ထွက်စေပြီး လူကို တက်ကြွစေပါတယ်လို့ ဆိုထားပါတယ်။ အဲဒီဟော်မုန်းက ကိုယ့်ကို ပိုပြီးသန်စွမ်းအောင်၊ ကြံ့ခိုင်အောင်တော့ လုပ်မပေးနိုင်ပေမယ့် ကိုယ့်ရဲ့ယုံကြည်မှုကိုတော့ တက်စေပါတယ်။

အနှစ်ချုပ်ပြောရရင်တော့ ဆဲဆိုပေါက်ကွဲခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးအချို့ ရနိုင်တယ်ဆိုပေမယ့် တချို့သော အခြေအနေတွေမှာတော့ ပရော်ဖက်ရှင်နယ် မပီသတဲ့အပြုအမူမျိုး ဖြစ်နိုင်ပါတယ်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Have a Filthy Mouth? Good. Here’s How Swearing May Make You Smarter.
http://www.menshealth.com/guy-wisdom/benefits-of-swearing. Accessed September 30, 2016.

9 reasons swearing is good for you. http://www.mnn.com/health/fitness-well-being/stories/9-reasons-swearing-is-good-for-you. Accessed September 30, 2016.

ယခုပုံစံ

01/09/2023

Written by Dr. Phio Thiha

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးဆုံးချိန်မှာဖြစ်တတ်တဲ့လက္ခဏာတွေကို ဘယ်လိုရင်ဆိုင်မလဲ

ခံတွင်းသန့်စင်ဆေးရည် နဲ့ ဆေးသင့်၊မဆေးသင့်။


Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


01/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement