အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ငလျင်အတွက် အကူအညီများ ရယူရန်

ငလျင်ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် သတိပေးချက်များ Mind- Mentoring New Dimensions >> ဖျက်အားပြင်းငလျင်လှုပ်ချိန် ဘာတွေလုပ်ဆောင်သင့်သလဲ..။ https://www.facebook.com/share/14y3krU3DT/?mibextid=wwXIfr Project i >> Red Crosss Guideline အရ ငလျင် မလှုပ်ခင်၊ လှုပ်နေစဉ်နှင့် လှုပ်ပြီး ချိန် များတွင် နေထိုင်ရန် ညွှန်ကြားချက် https://m.facebook.com/story.php?story_fbid=122147447084487413&id=61564622411439&mibextid=wwXIfr My earthquake alert application >> https://www.facebook.com/share/1HWvdy4HRt/?mibextid=wwXIfr ငလျင်လှုပ်ခတ်မှုအတွက် အသိပေးချက်များ စစ်ဆေးနိုင်ရန်် Free အက်ပ် ၅ ခု https://www.facebook.com/share/p/1HczuCdCQT/?mibextid=wwXIfr ငလျင်ပြီးနောက် Afterquake နှင့် လုပ်ထားသင့်သည့် အရေးကြီး ပြင်ဆင်မှုများ https://www.facebook.com/share/p/155N2a8UmV/?mibextid=wwXIfr mental heal >> ငလျင်ဒဏ်နောက်ဆက်တွဲကာကွယ်ရေးအချက်အလက်များ မျှဝေခြင်း https://www.facebook.com/share/p/1NRoRqx8Ao/?mibextid=wwXIfr Dr Yadanar >> ငလျင် လှုပ်ပြီးနောက် ခေါင်းမူး ဝေဒနာ ခံစားနေရလျှင် https://www.facebook.com/share/p/19AAEDqyVm/?mibextid=wwXIfr […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးပြန်ကြောထုံးခြင်းအကြောင်းသိကောင်းစရာ အပိုင်း ၁

သွေးပြန်ကြောထုံးခြင်း(Varicose vein) ဟာ သွေးပြန်ကြောတွေကြီးလာပြီး အရေပြားပုံပန်းသွင်ပြင်ပြောင်းလဲစေကာ နာကျင်မှု၊ သက်တောင့်သက်သာမရှိမှုတွေနဲ့ နောက်ထပ်များပြားသော သွေးလှည့်ပတ်မှုပြဿနာတွေဖြစ်စေနိုင်တဲ့ တွေ့ရတတ်သော အခြေအနေတွေဖြစ်ပါတယ်။ တခြားလူတွေလိုပဲ သင့်မှာလည်းဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်လောက်ထိပြင်းထန်လဲ၊ ဘယ်လိုကုသရမလဲ၊ ကာကွယ်ရမလဲ ဆိုတာတွေကို သိထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။   သွေးကြောထုံးတယ်(Varicose vein)ဆိုတာဘာလဲ သွေးကြောထုံးတွေကို အရေပြားပေါ်မြင့်တတ်နေတဲ့ ကြီးမားပြီး ခရမ်းပုတ်ရောင်၊ အနီရောင်၊ အပြာရောင်၊ အသားရောင်အတိုင်းဖုဖောင်းပြီး အမျိုးမျိုးမြင်ရနိုင်ပါတယ်။ သွေးကြောထုံးတွေဟာ ပေါင်အတွင်းပိုင်း၊ ခြေထောက်အတွင်းပိုင်းတွေမှာ အများအားဖြင့်တွေ့ရတတ်ပါတယ်။ တခါတလေ ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း မိန်းမကိုယ်နဲ့ တင်ပါးနေရာမှာ တွေ့ရတတ်ပါတယ်။ Spider veins လို့ခေါ်တဲ့ သွေးပြန်ကြောထုံးတစ်မျိုးဟာ ပိုမိုသေးငယ်ပြီး အရေပြားနဲ့ပိုနီးတဲ့ သွေးကြောလေးတွေပါ။ မြင်ရပေမယ့် အရေပြားအပေါ်ဖုဖောင်းနေခြင်းမရှိပါဘူး။ အနီရောင် ဒါမှမဟုတ် အပြာရောင်ရှိပြီး ပင့်ကူအိမ်ပုံစံမျိုးဖြစ်ပါတယ်။ ဒါကြောင့် Spider veins လို့ခေါ်ကြတယ်၊ ခြေထောက်တွေနဲ့ မျက်နှာမှာဖြစ်ပေါ်တတ်ပါတယ်။ ပုံမှန်အားဖြင့်နာကျင်မှုမရှိတတ်ပေမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ)

Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ) ဟာ ခြေထောက်ဆီမှ သွေးများ နှလုံးဆီမပြန်နိုင်တဲ့အခါ ရတတ်တဲ့ အနာတစ်မျိုးဖြစ်တယ်။ ခြေထောက်ဘေးဘက်၊ ခြေကျင်းဝတ်၊ ခြေသလုံးကြွက်သားအောက်ဖက်နားမှာ ဖြစ်လေ့ရှိပါတယ်။ ဖြေးဖြေးချင်း အနာကျက်ပြီး မကာကွယ်ပါက ပြန်ဖြစ်နိုင်ချေလည်းရှိပါတယ်။ လူကြီးတွေမှာဖြစ်တဲ့အနာတွေက လူငယ်တွေထက် ပိုဆိုးလေ့ရှိတယ်။ အပေါ်ယံရေပြားပျက်စီးသွားတဲ့အခါ အနာတွေဖြစ်လာပါတယ်။ ထိုအခြေအနေအဖြစ်များဆုံးက Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ)တွေဖြစ်တယ်။ အများစုကနာကျင်မှုကင်းပေမယ့် တချို့ကတော့အလွန်နာကျင်ပါတယ်။ အထူးသဖြင့် မကုသတဲ့အခါပေါ့…။ မကုသတဲ့အနာတွေဟာ ပိုကြီးမားပြီး အရေပြားရောင်ရမ်းခြင်းကဲ့သို့ တခြားပြဿနာတွေပါ ဖြစ်လာစေနိုင်ပါတယ်။ Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ) နဲ့ကွာခြားတဲ့ အခြား အရေပြားပြည်တည်နာနှစ်မျိုးရှိတယ်။ Arteral skin ulcer (သွေးလွှတ်ကြောကြောင့်ဖြစ်သော ပြည်တည်နာ) - အဖြစ်နည်းပြီး၊ တခါတလေ နဲ့ပေါင်းဖြစ်တတ်ပါတယ်။ သွေးလွှတ်ကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့အခါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန် နည်းလမ်းများ

ထောင်ပေါင်းများစွာသော အလုပ်သမားတွေဟာ နှစ်စဉ်ပင် အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာ ရရှိနေကြပါတယ်။ သူတို့ထဲက အချို့ဟာ ဒဏ်ရာ ရရှိမှုပြင်းထန်ပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်ကြပါတယ်။ ရုံးအလုပ်ပဲ ဖြစ်စေ ဆောက်လုပ်ရေးဆိုင်ရာ အလုပ်ပဲ ဖြစ်စေ ဘယ်လိုအလုပ်အမျိုးအစားမှာမဆို ထိခိုက်ဒဏ်ရာရရှိနိုင်ခြေ ကတော့ရှိနေပါတယ်။ သင့်ကိုယ်သင် အလုပ်လုပ်နေစဉ်မှာ အန္တရာယ် ကင်းအောင် အောက်ပါနည်းလမ်းတွေကို စိတ်ထဲမှာ အမြဲသတိရှိနေပါမယ်။   သင့်ရဲ့ အလုပ်လုပ်တဲ့ နေရာပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အမြဲဂရုစိုက်ကာ သတိရှိနေပါ။ အလုပ်လုပ်သူများဟာ ၎င်းတို့ အလုပ်လုပ်တဲ့ နေရာပတ်ဝန်းကျင်ကို သပ်ရပ်သန့်ရှင်းစွာ မထားပဲ ဖြစ်သလိုနေခြင်းဟာ လုပ်ငန်းခွင်ဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို ဖြစ်ပေါ်လာစေတဲ့ အဓိကအကြောင်းအရင်း ဆိုတာကို သတိမပြုမိကြပါဘူး။ ဥပမာအားဖြင့် သင်အလုပ်လုပ်တဲ့ ကြမ်းပြင်ပေါ်မှ ပြန့်ကြဲနေတဲ့ ပစ္စည်းတွေကြောင့် အလွယ်တကူ ချော်လဲနိုင်ပြီး ထိခိုက်ဒဏ်ရာ ရနိုင်တယ်ဆိုတာကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သွေးကြောထုံးရောဂါအကြောင်း သိကောင်းစရာများ

သွေးကြောထုံးခြင်းဆိုတာဘာလဲ သွေးပြန်ကြောတွေဟာဖောင်းပြီး ကြီးမားကာအပြာရောင်၊ ခရမ်းရင့်ရောင် ဖြစ်လာခြင်းကိုဆိုလိုပါတယ်။ များသောအားဖြင့် ခြေထောက်တွေမှာ ဖြစ်တတ်ပါတယ်။ သွေးကြောတွေဟာဖောင်းကြွလာပြီးလိမ်တွန့်နေတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့ ခြေထောက်ဟာနာကျင်လေးလံပြီးသက်တောင့်သက်သာမရှိခြင်း ခြေဖမိုးနှင့် ခြေဆစ်များရောင်ရမ်းခြင်း ခြေထောက်ကြွက်တက်ခြင်း ခြေထောက်ရှိအသားအရေခြောက်သွေ့ပြီးအရောင်ပြောင်းလဲခြင်း   သင့်ရဲ့ဆရာဝန်ဟာ ဒီလက္ခဏာတွေပေါ် အခြေခံပြီးသွေးပြန်ကြောရောင်ခြင်းကိုရောဂါအတည်ပြုပါတယ်။ တခြားစစ်ဆေးမှုအချို့လည်းလုပ်ပါသေးတယ်။   သွေးကြောထုံးရောဂါကိုဘာတွေက ဖြစ်စေသလဲ သွေးပြန်ကြောတွေအတွင်းမှာရှိတဲ့ အဆို့ရှင်လေးတွေ ကောင်းစွာအလုပ်မလုပ်တော့ရင် ဖြစ်တတ်ပါတယ်။ ကောင်းမွန်တဲ့သွေးပြန်ကြောထဲမှာသွေးဟာ နှလုံးဆီကိုချောမွေ့စွာစီးဆင်းပါတယ်။ ဒီလိုစီးရာမှာသွေးကိုနောက်ကြောင်းပြန်မစီးအောင် အဆို့ရှင်လေးတွေဟာအပိတ်အဖွင့် လုပ်ပေးပါတယ်။ အဆို့ရှင်လေးတွေ အားနည်းသွားတဲ့အခါ၊ ပျက်စီးသွားတဲ့အခါ သွေးဟာနောက်ဘက်ကို ပြန်စီးဆင်းပြီးသွေးပြန်ကြောထဲမှာစုအိုင်သွားပါတယ်။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ သွေးပြန်ကြောဟာဖောင်းပြီး ကြီးလာပါတယ်။ တချို့ကိစ္စတွေဟာသွေးပြန်ကြောထုံးခြင်းကို ဖြစ်နိုင်ခြေမြင့်စေပါတယ်။ ကိုယ်ဝန်ရှိခြင်း ကိုယ်အလေးချိန်များခြင်း အသက်ကြီးခြင်းစတာတွေ ဖြစ်ပါတယ်။   သွေးကြောထုံးရောဂါ ကိုဘယ်လိုကာကွယ်နိုင်လဲ သွေးကြောထုံးမဖြစ်အောင် မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ပိုဆိုးမသွားအောင်တော့ကာကွယ်နိုင်ပါတယ်။ သွေးပြန်ကြောထုံးခြင်း ဖြစ်စဉ်ကို နှောင့်နှေးအောင် ကြိုးစားလို့လည်းရပါတယ်။ အနားယူခြင်းမရှိဘဲ ကြာရှည်စွာထိုင်ခြင်း၊ ရပ်ခြင်းများကိုရှောင်ကြည်ပေးရပါမယ်။ ထိုင်တဲ့အခါမှာခြေထောက်ချိတ်ထိုင်ခြင်းကိုရှောင်ကြဉ်ပေးသင့် ပါတယ်။ ထိုင်တဲ့အခါ၊ အနားယူတဲ့အခါ၊ အိပ်တဲ့အခါ ခြေထောက်ကို မြှင့်ပေးထားပါ။ […]


အခြေခံကျန်းမာရေး

နေ့စဉ်ဘဝနေထိုင်မှုပုံစံကို အသစ်ဖန်တီးနိုင်မယ့် နည်းလမ်း

ဘဝကို ပုံမှန်လည်ပတ်နေကျအတိုင်း ဆက်သွား နေမယ်ဆိုရင်တော့ တခါတလေမှာ ပျင်းစရာကောင်းလှပါတယ်။ လက်ရှိ အနေအထား သည် ဘဝအခြေခံအုတ်မြစ်ကောင်းဖို့ နဲ့ ဘဝမှာကောင်းမွန်တဲ့အနေအထားတွေကို တွေ့ကြုံရနိုင်ဖို့အတွက် အရေးပါလှပါတယ်။ ထိုနည်းတူ အနာဂတ်အတွက် တက်တက်ကြွကြွတွေးခေါ်၊ လုပ်ဆောင် ခြင်းကလည်း အနာဂတ်ကောင်းမွန်ရေးအတွက် အရေးပါလှပါတယ်။ ပစ္စပ္ပုန် နှင့် အနာဂတ် အရေးနှစ်ခုကို မျှတမှုရှိစေဖို့ အရေးကြီးပါတယ်။ ဘဝကိုငြီးငွေ့မှုကင်းပြီး အမြဲတမ်း သစ်လွင်တဲ့ အနေအထားမျိုးနဲ့ ဖြတ်သန်းလိုတယ်ဆိုရင်တော့ အောက်ပါ နည်းလမ်း ၇ သွယ်ကို တစ်ချက်ဖတ်ကြည့်ပါ။   ၁။ ခဏလောက် အချိန်ပေးစဉ်းစားလိုက်ပါ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ ခဏလောက်ဖြည်းဖြည်းချင်းစဉ်းစားပြီး မိမိနှလုံးသားရဲ့ ဆန္ဒကိုနားထောင်ကြည့်လိုက်ပါ။ အလုပ်တွေကို တစ်ခုပြီးတစ်ခု မြန်မြန်ဆန်ဆန် လောလောနဲ့လုပ်နေမယ့်အစား ဖြည်းဖြည်းချင်းနဲ့ ဘာလုပ်ရမလဲဆိုတဲ့အစီအစဉ်ကိုတွေးပေးပါ။ အခုလက်ရှိမှာ တကယ်ဘာလုပ်ချင်တာလဲ ဆိုတာကိုကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ ဆုံးဖြတ်ချက်ကိုအောင်မြင်ပြီးမြောက်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့အကောင်းဆုံးနည်း လမ်းကိုလည်းစဉ်းစားပါ။ ခဏလောက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀စာ အိမ်သန့်ရှင်းရေး

အလုပ်ရှုပ်လှသော ခေတ်သစ်လူနေမှုဘဝမှာ ကျွန်တော်တို့ဟာ အလုပ်ရဲ့ စိတ်ဖိအားတွေကို လျော့နည်းစေဖို့ အချိန်နည်းနည်းပဲ ပေးနိုင်ပါတယ်။ အဲဒါတွေကြောင့် ကျွန်တော်တို့ဟာ ထင်ထားတာထက် ကျန်းမာရေးကို ပိုမိုသက်ရောက်နေတဲ့ အိမ်သန့်ရှင်းရေး ကို လျစ်လျူရှုနေကြပါတယ်။ ကလေးတွေ အိမ်မွေးတိရစ္ဆာန်လေးတွေရှိတဲ့ အိမ်တွေက အိမ်သန့်ရှင်းဖို့၊ ရောဂါပိုးရှင်းနေဖို့ ပိုတောင် လိုပါသေးတယ်။ အောက်ပါ ဆောင်းပါးက အိမ်ကို မိနစ်၂၀အတွင်း သန့်ရှင်းသပ်ရပ်နေအာင် ဘယ်လို ထားမလဲ ရှင်းပြပါလိမ့်မယ်။ မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀စာ အိမ်သန့်ရှင်းရေး မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀ စာ အိမ်သန့်ရှင်းရေး ကတော့ ဘာတွေဖြစ်မလဲ ဆိုတော့ နေရာ(၁) ရေချိုးခန်း ရေပန်း၊ ဘေစင်၊ မှန်တင်ခုံနဲ့ ရေစည်တို့ကို Sprayဖျန်း သန့်စင်ကာ နေရာတကျ ထားပါ။ တစ်ခါတရံကို အိမ်သာကို ပြောင်အောင် ဆေးဖို့ဆိုတာ ခက်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ရဲ့အရေပြားမှာ အနာကိုအကျက်မြန်စေတဲ့ အစားအသောက်များ

လူတိုင်းဟာ သူတို့ရဲ့ဘဝမှာ အကြောင်းအရင်းများစွာကြောင့် ဒဏ်ရာရလေ့ရှိပါတယ်။ ကျွန်ုပ်တို့ ဘယ်လိုပဲဂရုစိုက်စိုက် ဒါကိုရှောင်ရှားနိုင်တဲ့ သူဆိုတာမရှိပါဘူး။ သင့်ရဲ့ဒီလိုဖြစ်လာတဲ့အနာတရတွေကို သန့်သန့် ရှင်းရှင်းထားခြင်း၊ ပိုးမဝင်အောင် ကာကွယ်ထားခြင်း သို့မဟုတ် ပိုဆိုးလာတဲ့ အနာတွေကို ဆေးဝါးကုသမှုခံယူခြင်း စတာတွေကို ပြုလုပ်ပေးရပါမယ်။ ဒါ့အပြင် သင့်ရဲ့ ဒဏ်ရာပိုပြီးမြန်မြန်ကျက်ဖို့ရာ လိုအပ်တဲ့ အာဟာရဓါတ်ကို သဘာဝအတိုင်း များလာစေဖို့အတွက် အစားအစာတွေရဲ့ အခန်းကဏ္ဍ ဟာလည်းအရေးကြီးတဲ့ နေရာမှာပါဝင်တယ်ဆိုတာ သင်သိပါသလား။ ဒီမှာ သင့်အတွက် နည်းလမ်းကောင်းလေးတွေ ညွှန်ပေးထားပါတယ်။   ဗီတာမင်စီဓါတ် ကြွယ်ဝသော အစားအသောက်များ ဗီတာမင်စီဓါတ်များစွာ ပါဝင်တဲ့အစားအသောက်တွေဟာ သင်နေ့စဉ်စားတဲ့ အစားအစာထဲမှာ ဖြည့်စွက်ဖို့လိုအပ်တဲ့ အရာတစ်ခုအဖြစ် ပါဝင်ပါတယ်။ ဗီတာမင်စီဓါတ်ရဲ့ အကူအညီနှင့် သင့်ရဲ့အနာတွေကို ကျက်ဖို့ရာ အချိန်အနည်းငယ်သာ လိုအပ်စေပြီး အရေပြားအလွှာသစ်ဖြစ်စေမယ့် ကော်လဂျင်ဓါတ် ဖန်တီးပေးရာမှာလည်း ကူညီပေးနိုင်ပါတယ်။ အသားဓါတ်ဟာ ကော်လဂျင်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပင်ပန်းနွမ်းနယ်နေမှုကို ဘယ်လိုရင်ဆိုင်မလဲ

ပင်ပန်းနွမ်းနယ်နေမှုကို ဘယ်လိုရင်ဆိုင်မလဲ ...... ပင်ပန်းခြင်း (သို့) စိတ်ဖိစီးခြင်းဟာ အရာရှိတွေအတွက်တင် အဓိက ပြဿနာ ဖြစ်နေရုံမကပဲ လူကြီးတွေနဲ့ ကျောင်းသားတွေအတွက်ပါ ပြဿနာ ဖြစ်ပါတယ်။ ဒါဟာ သင့်ကို စိတ်ရှုပ်ထွေးစေပြီး သင့်အလုပ်တွေကို ထိရောက်အောင် လုပ်နိုင်မှုကို နည်းပါးစေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘာလုပ်ရမလဲဆိုတာ စိတ်ရှုပ်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်ကို အဖြေအချို့ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်နေမှုကို ဖြစ်စေတဲ့ အချက်များ အရက်သောက်ခြင်း၊ ဆေးသုံးခြင်း လေယာဉ် အကြာကြီးစီးသောကြောင့် ပင်ပန်းခြင်း ကိုယ်လက် လှုပ်ရှားမှု မရှိခြင်း မအိပ်ခြင်း ပင်ပန်းနွမ်းနယ်နေခြင်းကို ဖြစ်စေတဲ့ ရောဂါလက္ခဏာများ စိတ်ပူခြင်း ဆီးချို အဝလွန်ခြင်း စိတ်ဖိစီးခြင်း နှလုံးရောဂါ စိတ်ကျခြင်း Hyperthyroidism (သိုင်းရွိုက်ဟော်မုန်းများခြင်း) Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ပင်ပန်းနွမ်းနယ်နေမှုကို ဘယ်လိုရင်ဆိုင်မလဲ ပင်ပန်းနွမ်းနယ်နေမှုကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတော့ ၁။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အားလပ်ရက် ကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ နည်းလမ်း (၇)သွယ်

အားလပ်ရက်အကြုံပေးချက်(၇) ချက် အားလပ်ရက်တွေမှာအစားအစာတွေနဲ့ပျော်ပျော်ရွှင်ရွှင်ကျန်းမာစွာအပန်းဖြေလိုပါသလား ။ အောက်ကအချက်ခြောက်ချက်ကသင့်လာမယ့်အားလပ်ရက်တွေအတွက်လမ်းညွှန်ပေးပါလိမ့်မယ်။   (၁) သူငယ်ချင်းတွေနဲ့မိသားစုအပေါ်အာရုံစိုက်ပါ။ အားလပ်ရက်ဆိုတာသင်ချစ်ရတဲ့သူတွေနဲ့အတူအချိန်ကုန်ဆုံးပေးသင့်တယ်ဆိုတာကိုသတိရပါ။ ဒါ့ကြောင့်အစားအစာအပေါ်မှာချည်းပဲဂရုမစိုက်ဘဲမိသားစုနဲ့သူငယ်ချင်းတွေအပေါ်အာရုံစိုက်ပေးပါ။ ဂိမ်းတွေတူတူကစား၊လုပ်အားပေးလုပ်၊အပြင်သွားပြီးအတူတူပျော်ရွှင်ခြင်းတို့သာလုပ်ကြပါ။ (၂) ဒါကပါတီဆိုပေမယ့် အရမ်းအလွန်အကျွံတော့ မလုပ်ပါနဲ့။ စာဖြည်းဖြည်းစားပါ။ နောက်ပြီးတစ်နှစ်မှတစ်ခါစားရမယ့်အစားအစာတွေကိုလည်းပျော်ပျော်ရွှင်ရွှင်စားပါ။ တကယ်လို့စားသောက်ရမယ့်အချိန်ကသင်ပုံမှန်အစာစားနေကျအချိန်မှာဆိုရင်သင်စားနေကျကာဗိုဟိုက်ဒရိတ်ပမာဏအတိုင်းစားပါ။ တကယ်လို့သင်ကအချိုပွဲစားချင်သေးတယ်ဆိုအဓိကအစာမှာ ပါတဲ့ကာဗိုဟိုက်ဒရိတ်ကိုလျှော့စားထားပါ။ သင်စားတဲ့ပမာဏကသင့်တော်ပြီး နောက်ထပ်စားတာမျိုးမဖြစ်အောင်စားပါ။ (၃) သင်စားချင်တာယူလာပါ။ ရောက်ရင်ဘာစားရမလဲဆိုတာမပူပါနဲ့။ သင်ကြိုက်တဲ့အစားအစာကိုယူလာပြီးမျှဝေစားပါ။ သင်ကကာဗိုဟိုက်ဒရိတ်ပမာဏ ရေတွက်သူဆိုရင်သင့်အစားအစာရဲ့အာဟာရ အညွှန်း အချက်လက်တွေကိုစစ်ပါ။ ဒါမှသာတစ်ပွဲစာမှာကာဗိုဟိုက်ဒရိတ်ဘယ်လောက်ပါလဲသိရမှာပါ။ (၄) အရက်ကိုတော်ရုံသာသောက်ပါ။ သင်အရက်သောက်တော့မယ်ဆိုရင် သွေးထဲမှာကလူးကိုစ့်ပမာဏကျသွားတာမျိုးမဖြစ်စေဖို့မသောက်ခင်တစ်ခုခုအရင်စားပါ။ ဝိုင်ပဲဖြစ်ဖြစ်၊ဘီယာပဲဖြစ်ဖြစ်သောက်တာကသင့်ကိုကယ်လိုရီသိသိသာသာတက်စေပါတယ်။ အမျိုးသမီးတွေဆိုရင်တစ်ခွက်၊ အမျိုးသားတွေဆိုနှစ်ခွက်ထက်ပိုမသောက်ပါနဲ့။ ပုံမှန်ဆိုဒါ နဲ့အချိုရည်လိုမျိုးကယ်လိုရီများတာတွေကိုမသောက်ပါနဲ့။ သူတို့ကကာဗိုဟိုက်ဒရိတ်နဲ့ကယ်လိုရီအပြည့်ပါပါတယ်။ သကြားမပါတဲ့ အရည်တွေကိုပဲသောက်ပါ။ (၅) တက်တက်ကြွကြွနေပါ။ အားလပ်ရက်တွေမှာဆီးချိုနဲ့ကိုယ်အလေးချိန်ထိန်းချုပ်ဖို့ခက်ခဲတဲ့အကြောင်းအရင်းကလှုပ်ရှားမှုနည်းတာပါပဲ။ အားလပ်ရက်တွေမှာ လုပ်စရာတွေများနေတာမှန်ပေမယ့် နေ့တိင်းလေ့ကျင့်ခန်းလုပ်ဖို့ အချိန်တွေစီစဉ်ထားပါ။ အားလက်ရက်တွေကိုတက်တက်ကြွကြွဖြတ်သန်းပါ။ (၆) ကျောင်းပိတ်ရက်ဒါမှမဟုတ်အလုပ်အားနေတဲ့အခါပိုနေတဲ့အချိန်ကိုလေ့ကျင့်ခန်းလုပ်ပါ။ အားလပ်ရက်အပြေးပြိုင်ပွဲတွေလမ်းလျှောက်ပွဲတွေမှာပါဝင်ပါ။ ဘောလုံး၊ဘတ်စကက်ဘောနဲ့တခြားအားကစားတွေကိုလည်းကစားနိုင်ပါတယ်။ အစာစားပြီးတဲ့အခါသင်ချစ်တဲ့သူတွေနဲ့လမ်းလျှောက်ပါ။ အစာစားပြီးတဲ့အခါကူညီသိမ်းဆည်းပေးခြင်းဖြင့်လှုပ်လှုပ်ရှားရှားနေပါ။ (၇) အစားအစာတွေကိုအရသာတွေ့ပြီးအလွန်စားနေလား။ ပြန်ထိန်းပါ။ သင်ရည်ရွယ်ထားတာထက်ပိုစားမိရင်သင်ရှုံးသွားပြီလို့မထင်ပါနဲ့။ ညမှာထပ်မစားတော့ဘဲအချိန်တွေကိုသင့်ဘေးကလူတွေနဲ့ကုန်ဆုံးပါ။ လေ့ကျင့်ခန်းလုပ်ခြင်း၊သင့်သွေးတွင်းသကြားဓါတ်ပမာဏကိုတိုင်းတာခြင်း၊ နောက်ရက်မှာသင်စားနေကျ အလေ့အကျင့်အတိုင်းပြန်စားခြင်းစတာတွေလုပ်ပါ။


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ

၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ ..... နေ့ခင်းဘက် ထိုင်းမှိုင်းနေတာမျိုး ခဏခဏဖြစ်နေပါသလား။ ညဘက်က ကောင်းကောင်းအိပ်ပျော်ခဲ့တာတောင်မှ နေ့ခင်းဘက်မှာ အားအင်အပြည့်ရဖို့ ခက်ခဲနေတတ်ပါတယ်။ အဲဒီလို အားအင်ကုန်ခမ်းမှုတွေကို ချန်ထားခဲ့နိုင်ဖို့ ဖြေရှင်းနည်းတစ်ခုတော့ လိုပါတယ်။ ခုပြောမှာကတော့ ကိုယ့်ရဲ့ခံစားချက်တွေကို အသစ်ပြန်လည်လန်းဆန်းစေမယ့် အချက်(၁၀)ချက်ပဲ ဖြစ်ပါတယ်။ ၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ ၁၀ မိနစ်အတွင်း ခွန်အားပြည့်အောင် ဘယ်လိုလုပ်မလဲ ဆိုတော့ ၁။ မနက်စာစားပါ မနက်စာကို မနက်တိုင်းပုံမှန်စားတတ်သူတွေဟာ ပိုပြီး ဖျတ်လတ်တယ်။ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိပါတယ်။ အမျှင်များများပါတဲ့ အစာတွေ၊ အဆာခံတဲ့အစားအသောက်တွေက တစ်နေ့တာလုံးမှာ အားအင်တက်ကြွစေပါလိမ့်မယ်။ ၂။ ယောဂကျင့်ပါ တချို့လေ့လာချက်တွေအရ ကိုယ်နေဟန်ထားအမျိုးမျိုးလုပ်ပြီး အသက်ပြင်းပြင်း ရှူရတဲ့လေ့ကျင့်ခန်းတွေ၊ တရားထိုင်တာတွေ စတဲ့ ယောဂကျင့်စဉ်များက မောပန်းမှုများကို ပြေလျော့စေပါတယ်။ ၃။ ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်များကို သီဆိုပါ သီချင်းဆိုခြင်းက စိတ်ခံစားမှုတွေကို ပေါ့ပါးစေသလို၊ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း