၅။ မြေပဲစားပါ။
မဂ္ဂနီဆီယမ်နဲ့ ဖောလစ်အက်ဆစ်တွေ များများပါဝင်တဲ့ မြေပဲတွေ စားပေးပါ။ အဲဒီအာဟာရတွေက အားအင်ပြည့်ဖြိုးဖို့အတွက် လိုအပ်ပါတယ်။ တကယ်လို့ အဲဒီအာဟာရဓာတ်တွေ နည်းနေမယ်ဆိုရင်လည်း မောပန်းလွယ်နိုင်ပါတယ်။
၆။ ပူရှိန်း စားပါ။
ပူရှိန်း ဒါမှမဟုတ် အနံ့တခုခုပါတဲ့ ချိုချဉ်စားပေးခြင်းကလည်း မောပန်းမှုကို ပြေပျောက်စေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကိုတော့ မသိသေးပါဘူး။ သုတေသနတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။
၇။ လှုပ်လှုပ်ရှားရှား နေပါ။
လေ့ကျင့်ခန်းက စွမ်းအင်တွေကို မြင့်စေတဲ့ သဘာဝနည်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန်တိုင်း သွေးထဲမှာ အောက်ဆီဂျင်ပြည့်ဝလာပြီး နှလုံး၊ ကြွက်သားနဲ့ ဦးနှောက်ကို ပိုပြီး အားကောင်းစေပါတယ်။
ပုံမှန်သာ လုပ်သွားနိုင်မယ်ဆိုရင် တစ်ကြိမ်ကို ၁၀ မိနစ်လောက် အချိန်ပေးဦးတော့ ကိုယ့်ရဲ့ စွမ်းအင်ကို အမြင့်ဆုံးထိရောက်စေပါလိမ့်မယ်။ ရုံးမှာ အလုပ်လုပ်နေရချိန်ဆိုရင်တောင် အခွင့်အရေးရတိုင်းမှာ လှုပ်လှုပ်ရှားရှား လုပ်ပါ။
၈။ နေရောင်ခြည်နဲ့ ထိတွေ့ပါ။
နွေးထွေးကြည်လင်တဲ့ နေရောင်အောက်မှာ မိနစ်အနည်းငယ်လောက် လမ်းလျှောက်ခြင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ မှတ်ဉာဏ်တွေနဲ့ အသစ်အသစ်တွေ မှတ်မိနိုင်စွမ်းကို တိုးတက်စေပါတယ်။ နောက်ပြီး အပြင်ထွက်ခြင်းက ကိုယ့်ကိုယ်ကိုယ် လေးစားမှုလည်း ရှိလာစေတယ်။ တကယ်လို့ အပြင်မထွက်နိုင်တောင်မှ နေရောင်ကောင်းကောင်း ဝင်အောင်တော့ လုပ်ထားသင့်ပါတယ်။ မနက်ခင်း နေခြည်နုနုကတော့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။
၉။ သွားရည်စာ စားပေးပါ။
ဦးနှောက်ဟာ အကောင်းဆုံးအလုပ်လုပ်နိုင်ဖို့ လောင်စာလိုပါတယ်။ သွေးထဲမှာ သကြားဓာတ်လျော့နည်းသွားပြီဆိုရင် လူက ထိုင်းမှိုင်းလာမယ်၊ မတက်ကြွတော့ဘူး။ ဒါဆိုရင် ကိုယ့်ရဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် သွားရည်စာတခုခု စားပေးပါ။ ပရိုတင်းနဲ့ သကြားဓာတ်ပါဝင်တဲ့ အစားအစာတချို့က ကိုယ့်ရဲ့ သွေးထဲက သကြားဓာတ်ကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းပေးထားနိုင်ပါတယ်။
၁၀။ တက်ကြွတဲ့ သူငယ်ချင်းများနဲ့ အပြင်ထွက်ပါ။
စိတ်ခံစားချက်ဟာ ကူးစက်တတ်တဲ့သဘော ရှိပါတယ်။ အမြဲတမ်းအဆိုးမြင်ပြီး စိတ်ဓာတ်ကျသူတွေနဲ့ ပေါင်းရင် ကိုယ်ပါ အားအင်ကုန်ခမ်းလာသလို ဖြစ်လာပြီး အမြဲစိတ်ဓာတ်တက်ကြွပြီး ဖျတ်လတ်နေသူတွေနဲ့ ပေါင်းမယ်ဆိုရင်တော့ ကိုယ့်ကိုပါ တက်ကြွစေနိုင်ပါတယ်။
နေ့လယ်ဘက်မှာ ထိုင်းမှိုင်းနေပြီဆိုရင် ၁၀မိနစ်လောက် အချိန်ပေးပြီး ဒီထဲက ကိုယ်နှစ်သက်တာတွေ လုပ်ဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။