သင်ပင်ပန်းနေချိန်မှာ နောက်ဆုံးမှ စဉ်းစားမှာက လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ခြင်းက သင့် အားအင် ပမာဏကို မြှင့်တင်ပေးပါတယ်။ Johns Hopkins University School of Medicine က Professor of medicine and director of clinical and research exercise physiology ဖြစ်တဲ့ Kerry J. Stewart က လေ့ကျင့်ခန်းက ခွန်အားကို တိုးစေပြီး သင့်နှလုံး၊ အဆုတ်၊ ကြွက်သားတွေရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်လို့ ဆိုပါတယ်။
၂။ စောစောအိပ်ပါ။
အိပ်ရေးပျက်ခြင်းဟာ မတော်တဆ ဖြစ်မှုကို မြင့်တက်စေပြီး အာရုံစိုက်နိုင်စွမ်းကို လျော့ကျစေကာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်ပေါ်စေပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ တစ်ညလုံး အိပ်ရေးဝစေဖို့ စောစော အိပ်ခြင်းပဲ ဖြစ်ပါတယ်။
၃။ သင့်ဇီဝနာရီနဲ့ အချိန်ကိုက်လုပ်ဆောင်ပါ။
ညအချိန်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်သူနဲ့ နေ့အချိန်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်သူတို့ရဲ့ ကွာခြားချက်ဟာ ဦးနှောက်တည်ရှိပုံနဲ့ မျိုးရိုးဗီဇပဲ ဖြစ်တာကြောင့် ဒီအကျင့်ကို ဖျောက်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် သင်အားအပြည့်ဆုံးအချိန်မှာ နေ့စဉ် လုပ်နေကျ အလုပ်တွေကို လုပ်ဖို့ စီစဉ်သင့်ပါတယ်။
၄။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
အဝလွန်ခြင်းဟာ လူငယ်တွေရော လူကြီးတွေပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိပါတယ်။ အဝလွန်ခြင်းဟာ သင့်ကိုယ်ခန္ဓာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကို ပျက်ပြားစေပြီး အိပ်ရေးပျက်စေကာ အားအင် ပမာဏကို နည်းပါးစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျပြီး ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ဖို့ သကြားဓာတ်များတဲ့ အချိုရည်တွေနဲ့ အခြားအချိုရည်တွေကို လျှော့သောက်သင့်ပြီး လေ့ကျင့်ခန်း တိုးလုပ်သင့်ပါတယ်။
၅။ ပင်ပန်းခြင်းဒဏ်ကို အံတုနိုင်ဖို့ ကောင်းကောင်း စားပါ။
ကောင်းမွန်တဲ့ အာဟာရ ပမာဏဟာ သင့်ကို တစ်နေကုန် အားအင် ဖြည့်တင်းပေးနိုင်ပါတယ်။ အသီးအရွက်တွေ၊ သကြားမပါတဲ့ နွာနို့၊ အသားနဲ့ ဆီတွေကို အသုံးပြုနိုင်ပါတယ်။
၆။ ဆရာဝန်နဲ့ ပြသပါ။
ဒီဖြေရှင်းမှုဟာ သင့်ပင်ပန်းနွမ်းနယ်မှု ရေရှည်မှာ မသက်သာရင် စဉ်းစားသင့်ပါတယ်။ သင့်ဆရာဝန်က စမ်းသပ်ပြီး ဆေးစစ်မှု ပြုလုပ်ကာ လိုအပ်ရင် ဆေးညွှန်းပေးပါလိမ့်မယ်။
ပင်ပန်းနွမ်းနယ်ခြင်းဟာ သင့်ကျန်းမာရေးအတွက် ဆိုးကျိုးတွေ အများကြီးကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် အကောင်းဆုံးရလဒ်ကို ရဖို့ ဘယ်နည်းလမ်းကိုသုံးသုံး စိတ်ရှည်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။