အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆူညံသံတွေရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုများ

ဆူညံသံတွေရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုများ အကြောင်း သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ အတူတူ ကြည့်လိုက်ရအောင်နော်။ လူအများစုကနေ့စဉ်ကြားနေရတဲ့ အသံတွေနဲ့တော်တော်လေးကိုအသားတကျဖြစ်နေကြပြီဖြစ်ပါတယ်။ သီးချင်းအကျယ်ကြီးဖွင့်တာ၊ တီဗွီကို အသံအကျယ်ကြီးကြည့်တာ၊ ယာဉ်တွေသွားလာတာ၊ ညနက်သန်းခေါင်အိမ်မွေးတိရစ္ဆာန်တွေအော်မြည်တဲ့ အသံတွေနဲ့ အကျွမ်းတဝင်ဖြစ်နေပြီဖြစ်ပါတယ်။ အဆိုပါ ဆူညံသံတွေကမြို့ပြရဲ့ အလေ့အထတစ်ရပ်လိုတောက်ဖြစ်နေပါပြီ။ တီဗွီကို အသံကျယ်ကျယ်ဖွင့်တာကြောင့် တစ်ညလု့းကောင်းကောင်းအိပ်စက်ခွင့်မရတာကိုဖြစ်စေနိုင်သလို ယာဉ်တွေသွားလာနေတဲ့အသံတွေကြောင့် အိပ်စက်မှုမှာ အနှောင့်အယှက်ဖြစ်တာကခေါင်းကိုက်ဝေဒနာကို စတင်ခံစားရစေနိုင်ပါတယ်။ ပတ်ဝန်းကျင်က ဆူညံသံတွေက ဘဝရှင်သန်မှု စည်းချက်ကို စည်းဝါးမကိုက်တာမျိုးဖြစ်ပေါ်စေနိုင်သလို ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေရှိလာနိုင်စေပါတယ်။ Noise Pollution ဆူညံသံ (သို့) သဘာဝတရားရဲ့ ဟန်ချက်ညီမှုကို အခိုက်အတန့်အားဖြင့်အနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ရှုပ်ထွေးစေတဲ့ အသံတွေထွက်ပေါ်တဲ့အခါnoise pollutionဖြစ်လာပါတယ်။ ပုံမှန် မဟုတ်တဲ့ ဆူညံသံတွေ နဲ့ အသံပလံတွေကို noise pollution လို့သတ်မှတ်တာဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာနေထိုင်ရင်း အဆိုပါ ဆူညံသံတွေကိုရှောင်ရှားဖို့ဆိုတာက မလွယ်ကူတဲ့ကိစ္စပါ။ ဆူညံသံတွေက များပြားလာပြီးနေရာတိုင်းလိုလိုမှာဖြစ်ပေါ်တဲ့အခါ ဆူညံသံတွေကနေ လွတ်ကင်းနိုင်မယ့်ကောင်းမွန်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ကဘာလဲ။ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းသည် ဝမ်းဗိုက်ကို အနာတရဖြစ်ခြင်းနှင့် တုံးသော ချွန်ထက်သောအရာများနှင့် ဝမ်းဗိုက်အတွင်းရှိအင်္ဂ ါများကို ထိခိုက်မိခြင်းတို့ပါဝင်သည်။ ထိုသို့ဖြစ်လျှင် အဖြစ်များသော လက္ခဏာများမှာ- ဗိုက်နာခြင်း၊ တောင့်တင်းနေခြင်း၊ ဝမ်းဗိုက်ပေါ်တွင် သွေးခြေဥခြင်းတို့ဖြစ်သည်။ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရပါက သွေးထွင်ခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့ဖြစ်နိုင်ပါသည်။ အသံလှိုင်းဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်များရိုက်ခြင်း၊ ဝမ်းဗိုက်အတွင်းကို ဆေးခြင်း၊ ခွဲစိတ်ခြင်း စသည့်နည်းများဖြင့် သိရှိနိုင်ပါသည်။ ရင်ဘတ်အောက်ပိုင်းကို ထိခိုက်မိလျှင် ဘေလုံးနှင့် အသည်းတို့ဒဏ်ရာရနိုင်ပါသည်။ Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းသည်ဝမ်းဗိုက်ကို အနာတရဖြစ်ခြင်းကြောင့်ဖြစ်ပြီး ထိုသို့မဖြစ်အောင်ကာကွယ်ခြင်းဖြင့် သေဆုံးမှုများကို လျှော့ချနိုင်ပါသည်။ ဖြစ်နိုင်ချေရှိသော အချက်များကို လျှော့ချနိုင်ရန် သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAbdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အစောပိုင်းတွင် ရောဂါလက္ခဏာများကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Insect Bites (ပိုးမွှားကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Insect Bites (ပိုးမွှားကိုက်ခြင်း) ကဘာလဲ။ ပိုးမွှားအများစုကိုက်လျှင် အခံရခက်သည်ကလွဲလျင် အန္တရာယ်သိပ်မရှိပါ။ ပျားတုပ်၊ နကျယ်ကောင်၊ နကျယ်ကောင် အကြီးစား နှင့် ပုရွက်ဆိတ်အကောင်ကြီးများကိုက်လျှင် နာသည်။ ခြင်၊ နှင့် လှေး၊သန်းများ ကိုက်လျှင် ယားတတ်သည်။ ပိုးမွှားများသည် ရောဂါပိုးများကိုလည်းပျံနှံ့စေပါသည်။ ပိုးမွှားကိုက်ခြင်း နှင့် တုပ်ခြင်းသည် အရေပြားတွင် တုံ့ပြန်မှုချက်ချင်းပေါ်တတ်သည်။ ပုရွက်ဆိတ်အကောင်ကြီးများကိုက်ခြင်းနှင့် ပျားတုပ်ခြင်း၊ နကျယ်ကောင်တုပ်ခြင်းတို့သည် နာကျင်မှုကို အဖြစ်စေဆုံးဖြစ်သည်။ ခြင်၊ လှေး၊ သန်း တို့ကိုက်ခြင်းသည် နာကျင်ခြင်းထက် ယားယံခြင်းကို ပိုဖြစ်စေသည်။ Insect Bites (ပိုးမွှားကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုးမွှားကိုက်ခြင်း သည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများ(ပိုးမွှားကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာသည် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Internal Bleeding (ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Internal Bleeding (ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်း ) ကဘာလဲ။ လူအများစုသည် ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်းကို ခန္ဓါကိုယ် အပြင်ဘက်တွင် မမြင်ရသော သွေးထွက်ခြင်းအဖြစ်နားလည်ထားသော်လည်း ကျန်းမာရေးစောင့်ရှောက်သူများအတွက်မူ သွေးထွက်သည့် နေရာအတိအကျကို ဖော်ပြနိုင်သော စကားလုံးများကို ပိုသုံးလေ့ရှိကြသည်။ ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်းသည် ကိုယ်တွင်းရှိ တစ်သျူးများ၊ အဂါၤများ သို့မဟုတ် ခေါင်း၊ အာရုံကြောမ နေရာ၊ နှင့် ဝမ်းဗိုက်ကဲ့သို့သော ကိုယ်တွင်း ဝမ်းခေါင်းထဲတွင် သွေးယိုစီးခြင်းဖြစ်သည်။ ကိုယ်တွင်းသွေးယိုခြင်းသည် ခွဲခြားရန်ခက်ခဲပြီး စထွက်သည်မှအချိန်ကြာလာသည်အထိ မသိသာတတ်ပေ။ လက္ခဏာများသည် သွေးအများကြီး ဆုံးရှုံးသည့်အခါ သို့မဟုတ် သွေးခဲများက အဂါၤတစ်ခုခုကို ဖိသဖြင့် ကောင်းစွာ အလုပ်မလုပ်နိုင်သည့်အခါတွင် သိသာလာလေ့ရှိသည်။ Internal Bleeding (ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်း ) က ဘယ်လောက်အဖြစ်များသလဲ လတ်တလော လေ့လာမှုများအရ ကိုယ်တွင်းသွေးယိုသော လူများ ပိုများလာသည်ကိုတွေ့ရသည်။ အထူးသဖြင့် […]


အခြေခံကျန်းမာရေး

Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း) ကဘာလဲ။ ကိုလက်စထေရောသည် သွေးထဲရှိ အဆီထဲတွင် တွေ့ရသော ဖယောင်းကဲ့သို့သော အရာတစ်မျိုးဖြစ်သည်။ ကိုလက်စထရောသည် ဆဲလ်များ၏အမြှေးပါး၊ ဗီတာမင် ဒီ၊ အစာခြေအရည် နှင့် အခြားသော ဟော်မုန်းများပြုလုပ်ရန် အရေးကြီးသည်။ သို့သော် အချို့သော ကိုလက်စထရောများသည် နှလုံးရောဂါဖြစ်နိုင်ချေကိုများစေသည်။ ကိုလက်စထရောသည် သွေးထဲတွင်မပျော်နိုင်ပေ။ ၎င်းတို့ကို သွေးထဲတွင် Lipoprotein ဟုခေါ်သော ပရိုတင်းတစ်မျိုးမှ သယ်ဆောင်သည်။ Lipoprotein မှသယ်ဆောင်သော ကိုလက်စထရော အမျိုးအစာပေါ်မူတည်ပြီး ကိုလက်စထရော အမျိုးမျိုးခွဲခြားနိုင်သည်။ – Low density lipoprotein (LDL) သည် ခန္ဓါကိုယ်အတွက် မကောင်းသော ကိုလက်စထရောအဖြစ်သတ်မှတ်သည်။ သွေးကြောများ၏ နံရံတွင် ဖြစ်ပေါ်ပြီး သွေးကြောကို မာပြီး ကျဉ်းမြောင်းလာစေသည်။ – High density lipoprotein […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး

နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်မှာ ချွေးနံ့ထွက်လို့ စိတ်ညစ်ရတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု များတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း၊ ဒါမှမဟုတ် စားသုံးနေတဲ့ အစားအစာ တချို့ကြောင့် ချွေးထွက်များတတ်တဲ့အတွက်လည်း ခန္ဓာကိုယ် အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ အများစုက ခန္ဓာကိုယ်ချွေးနံ့ကို ဖုံးအုပ်နိုင်ဖို့ ချွေးနံ့ပျောက်ဆေးတွေ၊ ရေမွှေးတွေ သုံးကြပါတယ်။ ချွေးနံ့ပြင်းသူ အများစုဟာ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပါးတာ ဒါမှမဟုတ် ကြက်သွန်ဖြူနဲ့ တခြားအနံ့ပြင်းတဲ့ အမွှေးအကြိုင်တွေလို အစားအစာတွေ စားသုံးမှုကြောင့်လည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး လူတစ်ယောက်ဆီကနေ ထွက်ရှိလာတဲ့ ချွေးနံ့ဟာ ရောဂါတချို့အတွက် အဓိက သဲလွန်စတွေ ဖြစ်နေနိုင်တယ်ဆိုတာ သင်သိပါသလား။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ဆေးပညာလောကမှာ ရောဂါရှာဖွေရေးအဖြစ် အနံ့ခံအာရုံကို အသုံးပြုခဲ့ဖူးပါတယ်။ ဘီစီ၂၀၀၀လောက်က ရှေးခေတ်ဂရိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူကြတာ ဘာကြောင့်လဲ

လူတွေမှာ ဆံပင်ဖြူတယ်ဆိုတာ သဘာဝပါပဲ။ အသက်ကြီးလာရင် ဆံပင်ဖြူမယ်လေ။ ဒါပေမယ့် ကိုယ့်အသက်က ငယ်ငယ်လေးနဲ့ ဆံပင်ဖြူတွေရှိနေရင် ဘယ်လိုလုပ်မလဲ။ ဒီလိုငယ်ရွယ်တုန်းအချိန်မှာ ဆံပင်ဖြူတွေရှိလာတာကို အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းလို့ ခေါ်ပါတယ်။ သဘာဝအတိုင်းမဟုတ်တော့တာကြောင့် ဆေးပညာအရ သိထားသင့်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။ ဆံပင်ဖြူရခြင်းအကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အစားအစာ၊ ဆံသားထိန်းသိမ်းမှုနည်းလမ်းမမှန်တာစတဲ့ နေထိုင်မှုပုံစံတချိုကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူစေနိုင်ပါတယ်။နောက်ထပ်အကြောင်းရင်းတွေကတော့ ဗီတာမင် B12 ချို့တဲ့မှု၊ ဟော်မုန်းမညီမျှမှုနဲ့ အရွယ်မတိုင်မီသွေးဆုံးခြင်းတို့ ပါဝင်ပါတယ်။ လူတစ်ယောက်ဟာ အသက်ကြီးလာတာနဲ့အမျှ (ဆံပင်ကိုအနက်ရောင်ဖြစ်စေတဲ့) melanin pigment ပုံမှန်ပမာဏလောက်ကို ပေါင်းစပ်ဓာတ်ပြုနိုင်တဲ့စွမ်းရည်က ကျဆင်းလာပါတယ်။ ဒါ့ကြောင့်ပဲ ဖြူလွလွ ဆံနွယ်တွေဖြစ်လာရတာပေါ့။ ဒီတော့ ဒီလို ပုံမှန်မဟုတ်ဘဲ ဖြူလာရတဲ့အကြောင်းရင်းတွေကို သိထားမှ သင့်တော်တဲ့ ကုသထိန်းသိမ်းမှုကို လုပ်နိုင်မှာဖြစ်လို့ အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူနေပြီဆိုရင် ကိုယ့်မှာရှိနေနိုင်လောက်တဲ့ အောက်ပါအချက်တွေကို သတိထားပါ။ သိုင်းရွိုက်ရောဂါ ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက […]


အခြေခံကျန်းမာရေး

ကွမ်းစားခြင်းကြောင့် ဘာတွေထိခိုက်နိုင်သလဲ

ကွမ်းစားခြင်းက အာရှကနေရာတော်တော်များများမှာရော နိုင်ငံတကာမှာတော်တော်းလေးပြန့်နှံ့နေပြီဖြစ်ပါတယ်။ အခုနောက်ပိုင်းတွေမှာဆိုရင် အသင့်ထုတ်ပိုးထားတဲ့ ကွမ်းထုတ်လေးတွေက ဥရောပ၊ အနောက်အမေရိကနဲ့ တစ်ကမ္ဘာလုံးနီးပါးမှာပြန့်နှံ့နေပြီဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့်ပြောရမယ်ဆိုရင် ကမ္ဘာပေါ်ကလူသန်းပေါင်းများစွာဟာ ကွမ်းစားတဲ့အလေ့အထကိုတော်တော်လေးအကျင့်ဖြစ်နေကြပြီဖြစ်ပါတယ်။ ကဖင်း၊အရက်နဲ့နီကိုတင်းပြီးရင် ကွမ်းက စတုတ္ထမြောက်အစွဲလန်းစေဆုံးသောအရာအဖြစ်ရပ်တည်နေပါတယ်။ ကွမ်းစားတယ်ဆိုတဲ့နေရာမှာလည်း ကွမ်းရွက်ကြောင့်ထက် ကွမ်းသီးကြောင့်ဘေးထွက်ဆိုးကျိုးတွေခံစားရတာကပိုများပါတယ်။ ကွမ်းသီးကို အာရှနိုင်ငံတော်တော်များများမျာ စားသုံးကြပြီး ဆယ်ကျော်သက်တွေမှာပါကွမ်းသီးစားတဲ့နှုန်းတိုးလာနေပါတယ်။ ကွမ်းသီးမှာဆေးဘက်ဝင်တဲ့အာနိသင်အချို့လည်းရှိပါတယ်။ ကွမ်းသီးကို ကွမ်းသီးချည်းပဲ သီးသန့်စားသုံးနိုင်သလိုဆေးရွက်ကြီး၊ အခြားရောစပ်ထားတဲ့ဆေးမှုန့်တွေ၊ကွမ်းသီးစိတ်တွေကို ကွမ်းရွက်ထဲထည့်ပြီးတော့စားသုံးတာမျိုးလည်းရှိပါတယ်။ ကွမ်းသီးကို schizophrenia လို့ခေါ်တဲ့ စိတ်ဝေဒနာတွေကို ကုသရာမှာအသုံးပြုနိုင်သလိုglaucoma လို့ခေါ်တဲ့ မျက်စိဝေဒနာကို ကုသရာမျာလည်းအသုံးပြုနိုင်ပါတယ်။ ကွမ်းသီးက အစာချေဖျက်မှုကိုလည်းကောင်းမွန်အောင် အထောက်အကူပြုပါတယ်။ အချို့ကွမ်းသီးကို ပင်မအာရုံကြောစနစ် (CNS) ကိုတက်ကြွစေဖို့အတွက် အပန်းဖြေတဲ့ဆေးဝါးတစ်ရပ်အနေနဲ့ အသုံးပြုကြပါတယ်။   ဘာဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ။ ကွမ်းသီးမှာပါတဲ့ ဓါတုဗေဒဓါတ်တွေက ဦးနှောက်နဲ့ ပင်မအာရုံကြောရဲ့ အခြားအစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်ပါတယ်။ မြင်သာတဲ့ ကွမ်းစားခြင်းရဲ့ ဆိုးကျိုးတစ်ခုက သွားတွေကို အရောင်ပြောင်းစေတာနဲ့ ကွမ်းသီးကြောင့် လက်တွေမှာ အရောင်စွန်းတာတွေဖြစ်ပါတယ်။ ကွမ်းစားတာကဆေးရွက်ကြီးတွေ […]


အခြေခံကျန်းမာရေး

ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့အဆီနဲ့ခန္ဓါကိုယ်ကို ထိခိုက်စေတဲ့ အဆီတွေရဲ့ကွဲပြားမှုအကြောင်းသိကောင်းစရာ

ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့အဆီနဲ့ခန္ဓါကိုယ်ကို ထိခိုက်စေတဲ့ အဆီတွေရဲ့ကွဲပြားမှုအကြောင်းသိကောင်းစရာ လူတော်တော်များများက အဆီဆိုတဲ့အရာကခန္ဓါကိုယ်အတွက်မကောင်းဘူးလို့ တရားသေကြီးသတ်မှတ်ထား တတ်ကြပြီးလူအများစုက သူတို့နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာပါဝင်တဲ့အဆီတွေကို ချေဖျက်နိုင်ဖို့အတွက် အချိန်ကုန်ငွေကုန်ခံပြီးလုပ်ဆောင်ကြပါတယ်။ အမှန်တော့ ကိုယ်ခန္ဓါအလေးချိန်ကျဆင်းဖို့အတွက်လည်း အဆီကိုလိုအပ်ပါတယ်။ ရှောင်ရှားသင့်တဲ့အဆီအမျိုးအစားတွေက trans fat နဲ့ saturated fat တွေပဲဖြစ်ပါတယ်။ ဒီအဆီတွေကို အသင့်ထုတ်ပိုးပြင်ဆင်ထားတဲ့ အာလူးချောင်းကြော်တွေ၊မာဂျရင်း၊ကိတ်တွေနဲ့အခြားအစားအသောက်တွေ ထဲမှာတွေ့ရှိရနိုင်ပါတယ်။ ဒီအဆီတွေက ခန္ဓါကိုယ်အတွက်အကျိုးမပြုတဲ့ကိုလက်စထရော (LDL) ကိုတိုးစေပြီး ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ကိုလက်စထရော (HDL) ကိုလျော့ကျစေပါတယ်။ မပြည့်ဝဆီများဖြစ်ကြတဲ့ အိုမီဂါ သရီး၊ အိုမီဂါ ဆစ်၊ oleic acid နဲ့ linoleic acid တွေက ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့အဆီတွေဖြစ်ကြပြီး သည်လိုမျိုးအဆီတွေကို နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာထည့်သွင်းစား သုံးပေးခြင်းဖြင့် ကိုယ်ခန္ဓါအလေးချိန်ကိုကျဆင်းစေမှာဖြစ်ပါတယ်။ ဗီတာမင် အေ၊ဒီ၊အီးနဲ့ကေတွေက အဆီဓါတ် ကိုလိုအပ်ပါတယ်။ ခန္ဓါကိုယ်အနေနဲ့သည်ဗီတာမင်ဓါတ်တွေကိုစုပ်ယူနိုင်ဖို့ဆိုရင် အဆီဓါတ်ကိုလိုအပ်ပါတယ်။ အဆီမရှိဘူးဆိုရင် ခန္ဓါကိုယ်ကသည်ဗီတာမင်တွေကိုစုပ်ယူနိုင်မှာမဟုတ်ပါဘူး။ အဆီမရှိဘူးဆိုရင် ခန္ဓါကိုယ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

"ကာကွယ်တာက ကုသတာထက် ပိုကောင်းတယ်"ဆိုတဲ့ ဆိုရိုးလေးအတိုင်း ကိုယ်ကကျန်းမာတယ်ဆိုရင်တောင်မှ နွေရာသီမှာ ဖြစ်တတ်တဲ့ရောဂါတွေ ကိုယ့်ဆီမဝင်ရောက်စေဖို့ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်ထားသင့်ပါတယ်။ နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို  သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အောက်ပါအကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ နွေရာသီမှာအဖြစ်များတဲ့ရောဂါများ အပူလျှပ်ခြင်း မြင့်မားတဲ့အပူချိန်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာကြောင့် ကိုယ်ခန္ဓာ အပူချိန်မြင့်တက်တာ ဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်အပူချိန်မြင့်တက်မှုကြောင့် ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ ကြွက်တက်တာ၊ နှလုံးခုန်မြန်တာနဲ့ အဖျားတက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ အစာအဆိပ်သင့်ခြင်း  အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေကြောင့်ဖြစ်တတ်ပြီး အစားအသောက်တွေကနေတဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ ပူနွေးစိုထိုင်းတဲ့ရာသီဥတုက အစာအဆိပ်သင့်စေတဲ့ ပိုးတွေပေါက်ပွားအောင် အထောက်အကူပြုပေးနေပါတယ်။ နေလောင်ခြင်း ပူပြင်းလှတဲ့ နေရောင်ကြောင့် အရေပြားက နီရဲခြောက်သွေ့ပြီး ယားယံတာတွေ၊ ပူစပ်ပူလောင်ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ နေလောင်မှုဒဏ်ကနေ ကင်းဝေးစေဖို့အတွက် နေရောင်အောက်ကို မထွက်ခင် နာရီဝက်လောက်ကြိုပြီး SPF […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း