အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဒေါက်မြင့်ဖိနပ်တွေက ခြေဖဝါးကျန်းမာရေးကို ထိခိုက်စေပါသလား

ဒေါက်မြင့်ဖိနပ်တွေက ခြေဖဝါးကျန်းမာရေးကို ထိခိုက်စေပါသလား ....... အမျိုးသမီးတွေဟာ အနာခံကာ ဒေါက်မြင့်ဖိနပ်တွေကို စီးပြီး ဖက်ရှင်ကျအောင် နေနေကြပါတယ်။ ဒါပေမယ့် စီးဖို့ ထိုက်တန်ပါရဲ့လား။ ခြေဖဝါးရဲ့ ပုံစံကို ကန့်သတ်တဲ့ ဖိနပ်တွေ ဝတ်တိုင်းမှာ နာကျင်မှုကို ခံစားရနိုင်တယ်လို့ Dr. Natalie A. Nevins, DO, an osteopathic physician from Hollywood, Calif က ဆိုပါတယ်။ စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒေါက်မြင့်ဖိနပ်တွေ စီးခြင်းဟာ ပရော်ဖက်ရှင်နယ်ကျကျပုံစံ ဖြစ်စေဖို့ နေ့စဉ် လိုအပ်ချက်တစ်ခုလို ဖြစ်နေပါတယ်။ ဒေါက်မြင့်ဖိနပ်တွေ က စမတ်ကျစေတဲ့ အသွင်အပြင်ကို ရစေတာကြောင့် ငယ်ရွယ်သူတစ်ယောက်အနေနဲ့ ဒါကို ငြင်းပယ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် အောက်မှာ ပြောပြမယ့် ဆိုးကျိုးတွေဟာ သင့်ကို ဒီလို […]


အခြေခံကျန်းမာရေး

လူနာစောင့်ကောင်းတစ်ယောက် ဘယ်လိုရှာဖွေကြမလဲ

အူမကြီးနဲ့ အစာဟောင်းအိမ် ကင်ဆာဝေဒနာခံစားနေရသော သင်ချစ်ရသောသူကို ပြုစုစောင့်ရှောက်ဖို့ဆိုသည်မှာ ရှုပ်ထွေးပြီး အစပိုင်းမှာ ကိုင်တွယ်ရခက်ခဲတတ်ပါတယ်။ အကယ်၍ သင့်မှာ အချိန်မရှိလျှင် (သို့) ကောင်းစွာမပြုစုနိုင်လျှင် သင်ချစ်ရသောသူအတွက် ပြုစုစောင့်ရှောက်ဖို့လူ ရှာခြင်းက အကောင်းဆုံးနည်းလမ်းပါ။ သို့သော် လူနာစောင့်ကောင်းတစ်ယောက် ဘယ်လိုရှာရမလဲဆိုတာ သင်သိပါသလား။ သင်သည် လူနာစောင့်ထံမှ ဘာလိုချင်သလဲ ဆိုတာ အရင်ဆုံး သိအောင်ကြိုးစားပါ။ လူနာစောင့်မခေါ်ခင် ပထမဦးဆုံးအဆင့်က သင်ချစ်ရသောသူ လိုအပ်နေသော ပြုစုစောင့်ရှောက်မှုပမာဏကို အရင်သိဖို့ လိုအပ်သည်။ ရေချိုးခြင်း (သို့) အဝတ်ဝတ်ဆင်ခြင်း ကဲ့သို့သော နေ့စဉ်လုပ်ငန်းစဉ်များ (သို့) ဆေးတိုက်ခြင်း၊ အနာဆေးထည့်ခြင်း နဲ့ အခြား ဆေးဖက်ဆိုင်ရာ အကူအညီများအတွက် ကူညီဖို့ လူနာစောင့် လိုမလို သင်အရင် သုံးသပ်ရမည်။ သင်ချစ်ရသော ဝေဒနာခံစားနေရသော လူနာ၏ ရောဂါ အခြေအနေကို သိဖို့ လိုအပ်သလို သူတို့အကူအညီ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှု၏ အတွေ့ရများသော လက္ခဏာများ

ကိုယ်ခန္ဓါပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ တကယ်ကို မလွယ်ကူပါဘူး။ တခါတရံမှာ လူတွေဟာ ကိုယ်ခန္ဓါအကြမ်းဖက်မှု ဖြစ်နေတယ်လို့ မယုံကြည်တာကြောင့် ဒါကို လျစ်လျူရှုတတ်ကြပါတယ်။ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ရှိနိုင်ပါတယ်။ အပြုအမူတွေကိုတော့ အနိုင်ကျင့်သူရော၊ အနိုင်ကျင့်ခံရသူတွေမှာပါ တွေ့နိုင်ပါတယ်။ ဘယ်သူတွေက အကြမ်းဖက်မှုခံရသူတွေ ဖြစ်နိုင်သလဲ။ အသိတွေ၊ သား၊ သမီး၊ မြေး၊ အခြားသူတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓါအကြမ်းဖက်မှုဟာ အိမ်ထောင်ဖက် (သို့) ရင်းနှီးသူတွေက ပါဝါနဲ့ ထိန်းချုပ်မှုရရှိနိုင်ဖို့အတွက် ပြုလုပ်ကြတဲ့ အိမ်တွင်းအကြမ်းဖက်မှုမျိုး ဖြစ်နိုင်ပါတယ်။ အကြမ်းဖက်မှုဟာ ပညာရေး၊ လူမှုရေး၊ ငွေရေးကြေးရေးတွေနဲ့ မဆိုင်ပဲ ဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓါအကြမ်းဖက်မှုရဲ့ လက္ခဏာများ ကိုယ်ခန္ဓါအကြမ်းဖက်မှုရဲ့ လက္ခဏာတွေကတော့ ကိုယ်ခန္ဓါ ဒဏ်ရာရမှုတွေပဲဖြစ်ပါတယ်။ လက္ခဏာတွေကတော့ ပြတ်ရှရာ အညိုအမဲစွဲခြင်း မီးလောင်ဒဏ်ရာ လက်ကိုင်ရာ မျက်လုံးအညိုအမဲစွဲခြင်း ဒဏ်ရာရခြင်း ပုံမှန်မဟုတ်ခြင်း၊ မကြာခဏ အရေးပေါ်ခန်းရောက်သွားခြင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ

မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ အိပ်မပျော်ခြင်း၊ စားသောက်မှု မမှန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အသက်ကြီးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ မကျန်းမာခြင်းတို့သည် မောပန်းနွမ်းနယ်ခြင်း၏ အဓိက အကြောင်းရင်းများဖြစ်သည်။ မောပန်းနွမ်းနယ်ခြင်းသည် ရောဂါပေါင်းများစွာ၏ အရင်းခံ လက္ခဏာတစ်ခု ဖြစ်သည်။ မောပန်းနွမ်းနယ်ခြင်း သည် ဆိုးရွားသော ရလဒ်များ မဖြစ်စေလျှင်ပင် စွမ်းအင်မြန်စွာ ကုန်ခြင်း၊ နေ့စဉ် လှုပ်ရှားမှုများကို အနှောင့်အယှက် ပေးခြင်းတို့ ဖြစ်နိုင်သည်။ မောပန်းနွမ်းနယ်ခြင်း အကြောင်းကို နားလည်ပြီး ထိရောက်စွာ ထိန်းချုပ်နိုင်ပါက သင့်စွမ်းအင်ကို ပြန်လည် သိမ်းဆည်းနိုင်ပြီး ဘဝနေထိုင်မှု ပိုကောင်းလာမည် ဖြစ်သည်။ မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ မောပန်းနွမ်းနယ်ခြင်းကို သက်သာစေသော နည်းလမ်းများ ကတော့ ၁။ မကြာခဏ စားပါ။ အချို့ ဆရာဝန်များက မကြာခဏ စားသောက်ခြင်းသည် ပင်ပန်းခြင်းကို သက်သာစေသည်ဟု ဆိုသည်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ခြင်းကို ရှောင်ကြဉ်ရန် နည်းလမ်းများ

အရက်သောက်ခြင်းကို ရှောင်ကြဉ်ရန် နည်းလမ်းများ ကို လိုက်နာစေချင်ပါသည်။ အကြောင်းကတော့ အရက် သောက်ခြင်းသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်အပေါ် ဆိုးကျိုးဖြစ်စေပြီး ကင်ဆာဖြစ်စေနိုင်သည်။ အသည်းသည် ခန္ဓာကိုယ်မှ အဆိပ်အတောက် ပစ္စည်းများကို စွန့်ထုတ်ပေးပြီး သတ်မှတ်ထားသော အတိုင်းအတာအတွင်းသာ အလုပ်လုပ်ပါသည်။ ခန္ဓာကိုယ်တွင် အရက် အလွန်များပါက အသည်းကို အလုပ်အလွန်လုပ်စေပြီး ဆိုးရွားစွာ ထိခိုက်စေပါသည်။ အသည်းတွင် အမာရွတ်တစ်ရှူးဖြစ်ပေါ် ပြီး အသည်းခြောက်ခြင်းကို ဖြစ်စေသည်။ ထိုမှတစ်ဆင့် ကင်ဆာ ဖြစ်စေနိုင်ပါသည်။ အရက်သည် အသည်းရောင်ရောဂါဘီနှင့် စီ ဗိုင်းရပ်စ် တို့ကြောင့် အသည်းခြောက်ခြင်းကို ပိုဆိုးစေသည်။ ထို့ကြောင့် အရက်ကို အသည်းကင်ဆာကို ဖြစ်စေသော အန္တရာယ်အများဆုံး အချက်တစ်ချက်အဖြစ် သတ်မှတ်ထားသည်။ အသည်းရောင်ရောဂါ လူနာများတွင် အရက်စွဲခြင်းကို ဘယ်လိုကုသမလဲ။ အသည်းရောင်ရောဂါရှိသော အရက်သမားများတွင် ဆေးကုသနေစဉ်ကာလအတွင်း အရက်ကို ရုတ်တရက်မဖြတ်နိုင်ပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နာကျင်မှုဝေဒနာခံစားနေရသူများအတွက် ဘယ်လိုကူညီဖေးမ မလဲ

အနည်းငယ်နာကျင်ခြင်းမျိုးသည် သင့်ကိုယ်တွင်းသို့ ဝင်ရောက်လာမည့် အန္တရာယ်ကို သတိပေးခြင်းဖြစ်သည့်အတွက် သင့်အတွက်ကောင်းမွန်သော အချက်ပေးစနစ်တခုဖြစ်ပါသည်။ သို့သော် ကာလကြာရှည်စွာ နာကျင်မှုကိုခံစားနေရလျှင် သင့်နေ့စဉ်အလုပ်ကို ထိခိုက်လာနိုင်ပါသည်။ သင့်မိသားစုဝင်များလည်း တိုသို့ခံစားနေရလျှင် သင့်အပေါ်သက်ရောက်မှုရှိလာနိုင်ပါသည်။ သို့သော် ထိုအခက်အခဲများကို သင့်မိတ်ဆွေနျင့် သူငယ်ချင်းများအတွက်ကူညီဖြေရှင်းနိုင်ရန် နည်းလမ်းကောင်းများရှိပါသည်။   အသိ နာတာရှည်နာကျင်ခြင်းကို ကုသရာတွင်ဆေးဆိုင်များတွင် ဝယ်ယူနိုင်သော ဆေးများ မှအစ အခြားကုထုံးများအဆုံး နည်းလမ်းအမျိုးမျိုးရှိပါသည်။ များသောအားဖြင့် သင့်မိတ်ဆွေနှင့် မိသားစုဝင်များက နာကျင်ခြင်းကို သက်သာစေသော ဆေးများကို ဝယ်သောက်လေ့ရှိကြသည်။ အတွေ့များသော အနာပျောက်ဆေး ၂မျိုးမှာ ၁-မပြင်းထန်သောနာကျင်မှုအတွက် ဘိန်းကဲ့သို့ပစ္စည်းမပါသောအနာပျောက်ဆေး(Aspirin, Paracetamol) နျင့် ၂- ပြင်းထန်သောနာကျင်မှုအတွက် ဘိန်းကဲ့သို့ပစ္စည်းပါသောအနာပျောက်ဆေး(morphine, oxycodone)တို့ဖြစ်ပါသည်။ နာကျင်မှုအပေးမူတည်ပြီး ဆရာဝန်နှင့်ဆေးဝါးကျွမ်းကျင်ပညာရှင်များက သင့်တော်သော ဆေးအမျိုးအစားကို ရွေချယ်ပေးကြပါသည်။ သင်သည် ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို လေ့လာထားသင့်သည်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် အပူ၊ အအေးကုထုံး၊ နှိပ်နယ်ခြင်း၊ အပ်စိုက်ခြင်း၊ လျှပ်စစ်နည်းဖြင့် […]


အခြေခံကျန်းမာရေး

ကယ်လ်စီယမ်၏ အကျိုးကျေးဇူးများ

ကယ်လ်စီယမ်ဓါတ်အကြောင်း ဘာသိဖို့ လိုသလဲ ကယ်လ်စီယမ်ဓါတ်ဟာ အရိုးတွေနဲ့ သွားတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နှလုံး၊ အာရုံကြောများ၊ သွေးတိတ်စေတဲ့စနစ် စတာတွေမှာလည်း ကယ်လ်စီယမ်ဓါတ်ကို လိုအပ်ပါတယ်။ အရိုးတွေနဲ့ သွားတွေမှာ တကိုယ်လုံးရဲ့ ကယ်လ်စီယမ်ဓါတ် ၉၉% ကျော် ပါဝင်နေပါတယ်။ ကယ်လ်စီယမ်ဓါတ်ကို သွေး၊ ကြွက်သားများနဲ့ တခြားတစ်သျှူးတွေမှာလည်း တွေ့နိုင်ပါတယ်။ အရိုးတွေထဲက ကယ်လ်စီယမ်ဓါတ်ဟာ ကိုယ်ခန္ဓါက လိုအပ်ချိန်မှာ သုံးနိုင်ဖို့ အရန်ထားသိုခြင်း ဖြစ်ပါတယ်။ ကိုယ်ခန္ဓါထဲက ကယ်လ်စီယမ်ဓါတ်ရဲ့ သိပ်သည်းမှုဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာပါတယ်။ ကိုယ်ခန္ဓါကနေ ချွေး၊ အရေပြားဆဲလ်များ၊ အညစ်အကြေးများအနေနဲ့ ထွက်သွားလို့ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးများဟာ အသက်ကြီးလာတာနဲ့အမျှ အီစထရိုဂျင်ဟော်မုန်း ကျဆင်းလာပြီး ကယ်လ်စီယမ်ဓါတ် စုပ်ယူမှုလည်း ကျဆင်းလာပါတယ်။ အရိုးများဟာလည်း အမြဲတမ်း ချေဖျက်ပြီး အသစ်များကို ပြန်လည်တည်ဆောက်နေတာကြောင့် ဒီလုပ်ငန်းစဉ်အတွက် ကယ်လ်စီယမ်ဓါတ်ကို လိုအပ်ပါတယ်။ ကယ်လ်စီယမ်ဓါတ်စုပ်ယူမှုဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆူညံသံတွေရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုများ

ဆူညံသံတွေရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုများ အကြောင်း သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ အတူတူ ကြည့်လိုက်ရအောင်နော်။ လူအများစုကနေ့စဉ်ကြားနေရတဲ့ အသံတွေနဲ့တော်တော်လေးကိုအသားတကျဖြစ်နေကြပြီဖြစ်ပါတယ်။ သီးချင်းအကျယ်ကြီးဖွင့်တာ၊ တီဗွီကို အသံအကျယ်ကြီးကြည့်တာ၊ ယာဉ်တွေသွားလာတာ၊ ညနက်သန်းခေါင်အိမ်မွေးတိရစ္ဆာန်တွေအော်မြည်တဲ့ အသံတွေနဲ့ အကျွမ်းတဝင်ဖြစ်နေပြီဖြစ်ပါတယ်။ အဆိုပါ ဆူညံသံတွေကမြို့ပြရဲ့ အလေ့အထတစ်ရပ်လိုတောက်ဖြစ်နေပါပြီ။ တီဗွီကို အသံကျယ်ကျယ်ဖွင့်တာကြောင့် တစ်ညလု့းကောင်းကောင်းအိပ်စက်ခွင့်မရတာကိုဖြစ်စေနိုင်သလို ယာဉ်တွေသွားလာနေတဲ့အသံတွေကြောင့် အိပ်စက်မှုမှာ အနှောင့်အယှက်ဖြစ်တာကခေါင်းကိုက်ဝေဒနာကို စတင်ခံစားရစေနိုင်ပါတယ်။ ပတ်ဝန်းကျင်က ဆူညံသံတွေက ဘဝရှင်သန်မှု စည်းချက်ကို စည်းဝါးမကိုက်တာမျိုးဖြစ်ပေါ်စေနိုင်သလို ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေရှိလာနိုင်စေပါတယ်။ Noise Pollution ဆူညံသံ (သို့) သဘာဝတရားရဲ့ ဟန်ချက်ညီမှုကို အခိုက်အတန့်အားဖြင့်အနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ရှုပ်ထွေးစေတဲ့ အသံတွေထွက်ပေါ်တဲ့အခါnoise pollutionဖြစ်လာပါတယ်။ ပုံမှန် မဟုတ်တဲ့ ဆူညံသံတွေ နဲ့ အသံပလံတွေကို noise pollution လို့သတ်မှတ်တာဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာနေထိုင်ရင်း အဆိုပါ ဆူညံသံတွေကိုရှောင်ရှားဖို့ဆိုတာက မလွယ်ကူတဲ့ကိစ္စပါ။ ဆူညံသံတွေက များပြားလာပြီးနေရာတိုင်းလိုလိုမှာဖြစ်ပေါ်တဲ့အခါ ဆူညံသံတွေကနေ လွတ်ကင်းနိုင်မယ့်ကောင်းမွန်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ကဘာလဲ။ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းသည် ဝမ်းဗိုက်ကို အနာတရဖြစ်ခြင်းနှင့် တုံးသော ချွန်ထက်သောအရာများနှင့် ဝမ်းဗိုက်အတွင်းရှိအင်္ဂ ါများကို ထိခိုက်မိခြင်းတို့ပါဝင်သည်။ ထိုသို့ဖြစ်လျှင် အဖြစ်များသော လက္ခဏာများမှာ- ဗိုက်နာခြင်း၊ တောင့်တင်းနေခြင်း၊ ဝမ်းဗိုက်ပေါ်တွင် သွေးခြေဥခြင်းတို့ဖြစ်သည်။ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရပါက သွေးထွင်ခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့ဖြစ်နိုင်ပါသည်။ အသံလှိုင်းဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်များရိုက်ခြင်း၊ ဝမ်းဗိုက်အတွင်းကို ဆေးခြင်း၊ ခွဲစိတ်ခြင်း စသည့်နည်းများဖြင့် သိရှိနိုင်ပါသည်။ ရင်ဘတ်အောက်ပိုင်းကို ထိခိုက်မိလျှင် ဘေလုံးနှင့် အသည်းတို့ဒဏ်ရာရနိုင်ပါသည်။ Abdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်းသည်ဝမ်းဗိုက်ကို အနာတရဖြစ်ခြင်းကြောင့်ဖြစ်ပြီး ထိုသို့မဖြစ်အောင်ကာကွယ်ခြင်းဖြင့် သေဆုံးမှုများကို လျှော့ချနိုင်ပါသည်။ ဖြစ်နိုင်ချေရှိသော အချက်များကို လျှော့ချနိုင်ရန် သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAbdominal Injury (ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အစောပိုင်းတွင် ရောဂါလက္ခဏာများကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Insect Bites (ပိုးမွှားကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Insect Bites (ပိုးမွှားကိုက်ခြင်း) ကဘာလဲ။ ပိုးမွှားအများစုကိုက်လျှင် အခံရခက်သည်ကလွဲလျင် အန္တရာယ်သိပ်မရှိပါ။ ပျားတုပ်၊ နကျယ်ကောင်၊ နကျယ်ကောင် အကြီးစား နှင့် ပုရွက်ဆိတ်အကောင်ကြီးများကိုက်လျှင် နာသည်။ ခြင်၊ နှင့် လှေး၊သန်းများ ကိုက်လျှင် ယားတတ်သည်။ ပိုးမွှားများသည် ရောဂါပိုးများကိုလည်းပျံနှံ့စေပါသည်။ ပိုးမွှားကိုက်ခြင်း နှင့် တုပ်ခြင်းသည် အရေပြားတွင် တုံ့ပြန်မှုချက်ချင်းပေါ်တတ်သည်။ ပုရွက်ဆိတ်အကောင်ကြီးများကိုက်ခြင်းနှင့် ပျားတုပ်ခြင်း၊ နကျယ်ကောင်တုပ်ခြင်းတို့သည် နာကျင်မှုကို အဖြစ်စေဆုံးဖြစ်သည်။ ခြင်၊ လှေး၊ သန်း တို့ကိုက်ခြင်းသည် နာကျင်ခြင်းထက် ယားယံခြင်းကို ပိုဖြစ်စေသည်။ Insect Bites (ပိုးမွှားကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုးမွှားကိုက်ခြင်း သည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများ(ပိုးမွှားကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက္ခဏာသည် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း